Thursday, May 23, 2019

မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြော



မင်းဘူး                မေ             ၂၂
          မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်၊ အလံပါယ်ကျေးရွာ ရွာလယ်ဓမ္မာရုံတွင် မေလ(၂၁) ရက်နေ့ ညနေ (၄) နာရီအချိန်က ကျေးရွာနေပြည်သူများအား မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          အသိပညာပေးဟောပြောပွဲတွင် အလံပါယ်ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူး ဦးသိန်းကြူက အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်က သက်ငယ်မုဒိမ်းမှု ဖြစ်ပွားရသည့် အကြောင်းအရင်းများနှင့် မိဘအုပ်ထိန်းသူများ အနေဖြင့် သိရှိလိုက်နာသင့်သည့် ဆောင်ရန်၊ ရှောင်ရန် အချက်များ၊ မုဒိမ်းမှုနှင့် သက်ငယ်မုဒိမ်းမှုများအတွက် ပြစ်မှု ပြစ်ဒဏ်များကို ရှင်လင်းပြောကြားခဲ့သည်။ ဆက်လက်၍ မင်းဘူးမြို့မရဲစခန်း၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းက ခိုးဆိုးလုနှိုက်အမှုများ လျော့နည်းကျဆင်းရေး၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေး၊ လူသတ်မှုအတွက် ပြစ်ဒဏ်များနှင့် ရှေးဟောင်းဝတ္ထု ပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပါ ပြဌာန်းချက်များ၊ ပြစ်မှု၊ ပြစ်ဒဏ်များအား အသိပညာပေး ဟောပြောခဲ့ ကြောင်း သိရသည်။
          အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၊ ကျေးရွာသူ/သားများ (၁၂၀) ဦးခန့် တက်ရောက်ကြပြီး တက်ရောက်လာသူများအား မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
          မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment