မင်းဘူး
မေ ၁၈
မကွေးတိုင်းဒေသကြီး၊
မင်းဘူး(စကု)မြို့နယ်တွင် မေလ ၁၅ ရက်နေ့က လေပြင်းတိုက်ခတ် မှုကြောင့် လေဘေးသင့်
ပြည်သူများအား ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေး ပစ္စည်းများကို မေလ ၁၇ ရက်နေ့က
လေးပင်ကျေးရွာ၊ ရွာလယ်ဓမ္မာရုံနှင့် ကိုင်းမကြီးကျေးရွာ၊ ဘုန်းကြီးကျောင်းတွင်
လေဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း မင်းဘူးမြို့နယ်
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။
လူမှူကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှထောက်ပံ့ငွေ
ပေးအပ်ခြင်းကို တိုင်းဒေသကြီး(၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်၊
တိုင်းဒေသကြီး (၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေ၊ မင်းဘူး(စကု)မြို့နယ် အုပ်ချူပ်ရေးမှူး
ဦးသိန်းဇော်ကံ၊ခရိုင်မီးသတ်ဦးစီးမှူး ဦးထွန်းထွန်း၊ ကျေးလက်ဦးစီးမှူးဦးအောင်ဘုန်းလင်း၊ဒု
မြို့နယ်ရဲတပ်ဖွဲ့မှုး ဦးကျော်ထွန်းဝင်းတို့ပူးပေါင်းအဖွဲ့ဝင်များက မင်းဘူး(စကု)မြို့နယ်
မင်းလှကျင်းကျေးရွာမှ အိမ်ထောင်စု (၄)စု၊လေးပင်ကျေးရွာမှအိမ်ထောင်စု (၁၈)စု၊ပျော်ဘွယ်ကျေးရွာမှ
အိမ်ထောင်စု(၂)စု၊ကိုင်းမကျည်းကျေးရွာမှ အိမ်ထောင်စု ၅ စုတို့အား သဘာဝဘေး လေပြင်းတိုက်ခိုက်သည့်အတွက်
အိမ်အမိုးများ ပျက်စီး ခြင်း ကို အိမ်ထောင်စုတစ်စုလျှင် ၂၀၀၀၀ ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း
၁၀ မျိုး၊ဆန်ဖိုး လူတစ်ဦးလျှင် ၂၁၀၀ ကျပ်နှင့် ဘုန်းတော်ကြီးသိမ်တော်များ အမိုးလန်သွားသည့်အတွက်
တစ်ကျောင်းလျှင်၁ သိန်းကျပ်နှုန်း နှင့်၂ ကျောင်းစာအတွက် ထောက်ပံခြင်း ကို လေဘေးသင့် ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း
သိရသည်။
မျိုးမြတ်(မင်းဘူး)
0 comments:
Post a Comment