Friday, May 17, 2019

မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ရေရှားပါးသည့်ဒေသများသို့ သောက်သုံးရေများ သွားရောက်လှူဒါန်း



မင်းဘူး                မေ    
ရာသီဥတုပူပြင်းခြောက်သွေ့မှုကြောင့် မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်အတွင်း သောက်သုံးရေ ရှားပါးမှုနှင့် ကြုံတွေ့နေရသော ကျေးရွာများသို့ ယမန်နေ့နံနက်ပိုင်းက သွားရောက်၍ ရေလှူဒါန်းခဲ့ကြောင်း " ဖြူ စင်တွဲလက်" ပရဟိတရေလှူ အဖွဲ့(မင်းဘူး) သိရသည်။

အဆိုပါ ရေလှူဒါန်းမှုကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းတိုင်းဒေသကြီး (၁)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်တိုင်းဒေသကြီး(၂)လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ငွေမင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ l မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးရေးဦးစီးဌာနဦးစီးမှူး ဦးအောင်ဖုန်းလင်း၊ "အောင်မြေပရဟိတအဖွဲ့(မကွေး)"၊ "ဖြူ စင်တွဲလက်ပရဟိတ ရေလှူ အဖွဲ့(မင်းဘူး)" နှင့် ပရဟိတအဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့တို့က ရေများသွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ထိုသို့သောက်သုံးရေလှူဒါန်းမှုပြုလုပ်ရာတွင် မင်းဘူး(စကု)မြို့နယ်၊ ဝက်မြေကန်ကျေးရွာ ဘုန်းတော်ကြီး ကျောင်းနှင့် အိမ်ထောင်စု(၅၆)စု အသုံးပြုနိုင်ရန်အတွက် အောင်မြေပရဟိတအဖွဲ့(မကွေး) မှ ရေဂါလံ(၃၀၀၀)ပါ ရေကားနှစ်စီး နှင့် စုစုပေါင်း ရေဂါလံ(၆၀၀၀)ကိုပေးဝေလှူ ဒါန်းခဲ့ပြီး ပျော်ဘွယ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း နှင့် အိမ်ထောင်စု(၆၄)စုအတွက် နှစ်ဆယ်လီတာပါ ရေသန့်ဘူးကြီး(၉၅)ဘူးကို လှူ ဒါန်းခဲ့ကြောင်းသိရသည်။
"အခုလိုသောက်သုံးရေလိုအပ်နေတဲ့အချိန်မှာ လာရောက်ပြီးရေလှူ ပေးတဲ့အတွက် အရမ်းကို ကျေးဇူး တင်ပါတယ် ဒီနှစ်ကမိုးရွာသွန်းမှုကလည်းနည်း ရာသီဥတုကလည်းအရမ်းပူတော့ ရေတွေကခမ်းခြောက်ပြီး ကော်ဖီရောင်တောင်ထနေတယ် အခုလိုလာရောက်လှူ ဒါန်းပေးတော့ ရေကောင်းရေသန့်သောက်ရတာပေါ့ဗျာ အခြားရေကြောင့်ဖြစ်တဲ့ကူးစက်ရောဂါဒဏ်ကလည်းလျော့သွားတာပေါ့"ဟု ပျော်ဘွယ်ကျေးရွာ ဒေသခံတစ်ဦးမှ ပြောကြားသည်။
ရာသီဥတုပူပြင်းမှုကြောင့် ထိုကဲ့သို့ရေရှားပါးမှုနှင့်ကြုံတွေ့နေရသော မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျန်ရှိနေသေးသည့် ကျေးရွာအုပ်စုများသို့လည်း ဆက်လက်၍သောက်သုံးရေများ လှူဒါန်းသွားမည်ဖြစ်ကြောင်း" ဖြူ စင်တွဲလက်" ပရဟိတရေလှူ အဖွဲ့(မင်းဘူး) တာဝန်ရှိသူ တစ်ဦးထံမှသိရသည်။
မျိုးမြတ်၊ကိုဂျေ(မင်းဘူး)

0 comments:

Post a Comment