Wednesday, May 1, 2019

လှိုင်းဘွဲ့မြို့နယ်​ ကျေးရွာနှစ်ရွာတွင် သန့်ရှင်းသော သောက်သုံးရေဂါလန် ၃၀၀၀ ဖြန့်ဝေပေး

ငြိမ်းသူ(စလင်း)
လှိုင်းဘွဲ့   မေ   ၁
================
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်အတွင်းရှိ  ပုတိမ်ကုန်းကျေးရွာနှင့် ရွှေအောင် ကျေးရွာတို့တွင် နွေရာသီကာလသောက်သုံးရေရှားပါးမှု​ကြောင့်​ ယနေ့ နံနက်ပိုင်းက ရေဂါလန် ၃၀၀၀ ဖြန့်​​ဝေ​ပေးခဲ့​ကြောင်းလှိုင်းဘွဲ့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစောအောင်မျိုးမြင့်  က ပြောပြသည်။

ပုတိမ်ကုန်း ကျေးရွာတွင်  အိမ်ခြေ ၉၇ အိမ်၊ လူဦးရေ ၄၇၄ ဦးကို ရေ ဂါလန် ၁၂၀၀ ဖြန့်ဝေပေးခဲ့ပြီး ရွှေအောင်ကျေးရွာတွင်  အိမ်ခြေ ၂၂၀ အိမ်၊ လူဦးရေ ၁၇၆၇ ဦးတို့အား ရေဂါလန် ၁၈၀၀ ကို မြို့နယ်မီးသတ်ဦးဌာန၊ မြို့နယ်ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တို့ပူး​ပေါင်း၍ မီးသတ်​ဦးစီးဌာနမှ ​ရေသယ်​ယာဉ်​ဖြင့်​ ရေများ ဖြန့်ဝေပေးခဲ့ကြောင်း မြို့နယ်ဦးစီးမှူး ကပြောပြခဲ့သည်။
ပုတိမ်ကုန်းကျေးရွာတွင် သောက်သုံးရေ ရရှိရေးအတွက် လက်တူးတွင်းတစ်ဆယ် တွင်း၊ ရွှေအောင်ကျေးရွာတွင် လက်တူး တွင်းခုနစ်တွင်းသာရှိပြီး အဆိုပါ  လက်တူး တွင်းများကိုသာနေ့စဉ်သုံးစွဲနေရကြောင်း ပုတိမ်​ကုန်း ကျေးရွာ​နေ ဦးသောင်းရွှေက ပြောပြသည်။
 ငြိမ်းသူ(စလင်း)

0 comments:

Post a Comment