ပွင့်ဖြူ ဧပြီ ၂၈
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် ပြည်လုံးကျော်ကျေးရွာအုပ်စု၊
သူဌေးကုန်းကျေးရွာတွင် ဧပြီ ၂၈ ရက် ၊ နံနက် ၀၀း၁၅ အချိန်က လင်မယားချင်း စကားများရန်ဖြစ်ရာမှ
ယောက်ျားဖြစ်သူက ကိုယ့်အိမ်ကို မီးပြန်ရှို့မှုဖြစ်ပွားခဲ့ ကြောင်း ပွင့်ဖြူမြို့မရဲစခန်းမှ
သိရသည်။
ဖြစ်စဉ်မှာ
ဧပြီ ၂၈ ရက် ၊ နံနက် ၀၀း၁၅ အချိန်က ပွင့်ဖြူမြို့နယ် သူဌေးကုန်းကျေးရွာနေ ဦးဆန်းနိုင်လင်း(ခ)
ဆန်းလင်း သည် နေအိမ်တွင်ရှိနေစဉ် ဇနီး နှင့် တစ်ယောက်တစ်ခွန်း စကားများရန်ဖြစ်ကာ ဇနီးအား
မကျေနပ်၍ နေအိမ်အား မီးရှို့ခဲ့ခြင်းဖြစ်ပြီး ၊ အဆိုပါ မီးလောင်ကျွမ်းရာသို့ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနမှ
ယာယီမြို့နယ်မီးသတ် ဦးစီးမှူး ဦးအောင်စိုးမောင် ဦးဆောင်သော သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်
၃၅ ဦး ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ၊ လူမှုကူညီ ရေးအသင်းအဖွဲ့များ လိုက်ပါ၍ မီးငြှိမ်းသတ်ယာဉ်တစ်စီး၊
ရေသယ်ယာဉ်တစ်စီးနှင့် အတူ ဒေသခံရပ်မိရပ်ဖများနှင့် ပူးပေါင်း၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ
၀၀း၃၅ အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရပြီး ၊ အဆိုပါ မီးလောင်မှုကြောင့် သူဌေးကုန်းကျေးရွာနေ ဦးဆန်းနိုင်လင်း(ခ)ဆန်းလင်း ပိုင်ဆိုင်သော
အလျား ၂၂ ပေ ၊ အနံ ၂၅ ပေရှိ မြေစိုက် ၊ သက္ကယ်မိုး၊ ထရံကာကြမ်းခင်း နေအိမ်တစ်လုံး
မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆၅၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့
ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုနှင့် ပတ်သက်၍ မိမိနေအိမ်အား
မဆင်မခြင် မီးရှို့ဖျက်စီးသူ သူဌေးကုန်းကျေးရွာနေ တရားခံ ဦးဆန်းနိုင်လင်း(ခ) ဆန်းလင်း အား ပွင့်ဖြူမြို့မရဲစခန်းမှ (ပ) ၃၀၇/၂၀၁၉
ရာဇသတ်ကြီးပုဒ်မ - ၄၃၆ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိကြောင်း သိရသည်။
ရဲဝင်းနိုင်
(ညောင်ဦး)
0 comments:
Post a Comment