This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, May 28, 2019

မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၄၊ ၂၀၁၉ ၊ ဇွန်လ (၁-၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၁၉၊ မေလ (၃၀)ရက်နေ့ မှာ ကြိုတင်ဖြန့်ချိပါမည်။



မြေလတ်ဂျာနယ် အတွဲ-၊ အမှတ်- ၂၀၁၉ ၊ ဇွန်(-၁၅)ရက်ထွက် ဂျာနယ်ကို
၂၀၁မေ()ရက်နေ့ မှာ  ကြိုတင်ဖြန့်ချိပါမည်။

 
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ်  နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့  အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့  အကြောင်းကြားပေးစေလိုပါသည်။ 


 အသစ်ဖောက်သည်များ စောင်ရေ အော်ဒါပေးရန် ဖြန့်ချိရေး  ၀၉၇၉၄၅၇၅၀၇၀
                                                               အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်   (စာတိုက်ပို့ရန်)              အမှတ်() ဟိန္ဒူဆိုင်တိုက်ခန်း၊
                                                                        ပြည်တော်သာလမ်း၊ ရွာသစ်ရပ် မကွေးမြို့။

   Email:                            myaylatmedia@gmail.com    Website:                     www.myaylatmedia.com
                                      www.winkyi.net Facebook :     uwin kyi /  Myaylatt daily
Pages :   Myaylatt daily /  မြေလတ်ဂျာနယ်

မြေလတ်ဂျာနယ် အယ်ဒီအဖွဲ့ရုံး     (ပြည်တော်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအနီး)
ဆိုင်အမှတ်  ၇၊  ..ည ဆိုင်ထီတန်း၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀-  ၆၉၁၁၂၉၁၁၁-     063-202517

Friday, May 24, 2019

တိရိစ္ဆာန်ကာကွယ်ဆေးထိုးသင်တန်းဖွင့်



စလင်း မေ ၂၄
          ကျေးလက်နေတောင်သူများ၏ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းအဆင့်မြှင့်လာပြီး မျိုးရိုးဗီဇကောင်း မွန်စွာမွေးမြူနိုင်ရန်နှင့် လိုအပ်သောဆေးဝါးများစနစ်တကျသုံးစွဲတတ်စေရန်ရည်ရွယ်၍ တိရိစ္ဆာန်ကာကွယ် ဆေးထိုးသင်တန်းကို မင်းဘူးခရိုင်၊ စလင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ တွင် မေလ ၂၃ ရက်နေ့ နံနက် ၉း၀၀ နာရီအချိန်ကကျင်းပသည်။

          သင်တန်းတွင် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါက်တာ အောင်သူရနှင့်  သင်တန်းနည်းပြဆရာများက တိရိစ္ဆာန်များတွင်ဖြစ်ပေါ်တတ်သော ကူးစစ်ရောဂါများအကြောင်း တိရိစ္ဆာန် အမျိုးအစားအလိုက် ကာကွယ်ဆေးအသုံးပြုပုံနှင့် ဆေးအာနိသင်သုံးစွဲရမည့်ပမာဏများကို အသေးစိတ် စာတွေ့လက်တွေ့သင်ကြားပို့ချပြီး ယနေ့ မေလ ၂၄ တွင် စလင်းမြို့နယ် ကြို့ဝန်းကျေးရွာအုပ်စုအတွင်းရှိ ကြို့ဝန်း၊ ဘီးစပ်၊ ဦးရစ်ကျေးရွာများသို့သွားရောက်၍ ကျွဲ အကောင် (၄၀)၊ နွား အကောင် (၃၀၀)အား ပေါင်ပုတ် လက်ပုတ် ရောဂါကာကွယ်ဆေးထိုးခြင်းကို လက်တွေ့သင်ကြားထိုးနှံစေခဲ့သည်။

          အဆိုပါသင်တန်းတွင် စလင်းမြို့နယ်အတွင်းရှိကျေးရွာများမှ တောင်သူ ၂၀ ဦး တက်ရောက်လျှက် ရှိပြီး သင်တန်းကာလမှာ မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
စိုးမိုးသူ (စလင်း)

နတ်မောက်မြို့နယ်ကျေးရွာများတွင်လေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်များအမိုးလန်ပျက်စီးခြင်းနှင့်စေတီ(၂)ဆူထီးတော်ကျိုးကျ



နတ်မောက်              မေ၂၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်အတွင်းမေ၂၄ရက်ညနေ၆နာရီ၄၅မိနစ်ကလေပြင်းတိုက်ခတ်မှုကြောင့်လူနေအိမ်များအမိုးလန်ပျက်စီးခြင်းနှင့်စေတီ(၂)ဆူထီးတော်ကျိုးကျခဲ့ကြောင်းသိရသည်။
အဆိုပါလေပြင်းတိုက်ခတ်မှုကြောင့်ကျောက်တန်းအုပ်စုစိုင်ကောင်းကျေးရွာလူနေအိမ်(၁၀)အိမ်အမိုးလန်ပျက်စီးခြင်းနှင့်သမှုန်းကုန်းကြီးကျေးရွာပင်မစေတီတော်တစ်ဆူနှင့်အရံစေတီတော်တစ်ဆူတို့မှာထီးတော်ကျိုးကျခဲ့ကြကြောင်းသိရ၍လူနှင့်တိရိစ္ဆာန်များထိခိုက်သေဆုံးမှုမရှိကြောင်းသိရသည်။လှဝင်း(နတ်မောက်)

နတ်မောက်မြို့၌အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအားနွေရာသီကွန်ပျူတာအခမဲ့သင်တန်းဆင်းပွဲပြုလုပ်



နတ်မောက်             မေ ၂၄
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့၌အ.ထ.က(၁)ကျောင်းသား/သူဟောင်းများကဦးဆောင်မှုဖြင့်အလယ်တန်းအဆင့်ကျောင်းသားကျောင်းသူများအားနွေရာသီကွန်ပျူတာအခမဲ့သင်တန်းဆင်းပွဲကိုမေ၂၄ရက်နံနက်၉နာရီကဗိုလ်ချုပ်အထိမ်းအမှတ်၊အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းအောင်ဆန်းကွန်ပျူတာခန်းမတွင်ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင်မြို့နယ်ပညာရေးမှူးဆရာကြီးဦးကျော်စိုးဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီးအ.ထ.က(၁)ကျောင်းသားဟောင်းအလှူရှင်ဦးအေးသွင်ကကွန်ပျူတာသင်တန်းတွင်ဆုပေးရခြင်းအကြောင်းအရာများရှင်းလင်းခြင်းနှင့်အ.ထ.က(၁)ကျောင်းအုပ်ဆရာကြီးဦးအောင်မြင့်သိန်းကကွန်ပျူတာသင်တန်းတွင်တက်ရောက်လာကြသည့်သင်တန်းသား/သူများအားကွန်ပျူတာကိုအမြဲမပျက်မမေ့ပဲလေ့လာနိုင်ကြရန်လမ်းညွှန်မှာကြားခဲ့သည်။ဆက်လက်၍ကွန်ပျူတာသင်တန်းတွင်ဆုရရှိသည့်ကျောင်းသား/သူများအားဖိတ်ကြားထားသည့်ဌာနဆိုင်ရာအကြီးအကဲများနှင့်အလှူရှင်းများကဆုများကိုချီးမြှင့်ပေးခဲ့ပြီးသင်တန်းသား/သူများကိုကွန်ပျူတာသင်တန်းဆင်လက်မှတ်များပေးအပ်ခဲ့ကြောင်းသိရသည်။
လှဝင်း(နတ်မောက်)

Thursday, May 23, 2019

မင်းဘူး(စကု) မြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ဘာသာရေး အဆောက်အဦနှင့် လူနေအိမ်များ အမိုးလန်ပျက်စီး



မင်းဘူး                မေ     ၂၃
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု) မြို့နယ်တွင် မေလ(၂၂) ရက်နေ့ ညနေ () နာရီခွဲ အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် ဘာသာရေး အဆောက်အဦများနှင့် လူနေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း မင်းဘူး(စကု) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

          လေပြင်းတိုက်ခတ်မှုကြောင့် မင်းဘူး(စကု) မြို့နယ်၊ မြောင်းဦးကျေးရွာအုပ်စု၊ မြောင်းဦးကျေးရွာတွင် နေအိမ်() လုံး အမိုးလန်ပျက်စီးခြင်း၊ ကဘဲ့မကျီးချောင်းကျေးရွာအုပ်စု၊ တောကျောင်းကုန်းကျေးရွာတွင် နေအိမ်() လုံး အမိုးလန်ပျက်စီးခြင်း၊ မကျီးချောင်းကျေးရွာတွင် နေအိမ်() လုံး အမိုးလန်ပျက်စီးခြင်း၊ ခံကုန်းကျေးရွာအုပ်စု၊ ခံကုန်းကျေးရွာတွင် နေအိမ်(၃၈) လုံး အမိုးလန်ပျက်စီးခြင်း၊ ပေါင်းရွာတွင် နေအိမ်(၁၈) လုံး အမိုးလန်ပျက်စီးခြင်း၊ ကြောင်ပန်းကုန်းကျေးရွာတွင် နေအိမ်(၁၀) လုံး အမိုးလန်ပျက်စီးခြင်း၊ ဘုမ္မနိုးကျေးရွာတွင် ဘာသာရေး အဆောက်အဦ() လုံး အမိုးလန်ပျက်စီးခြင်း၊ နေအိမ်() လုံးပြိုလဲ၍ (၆၄) လုံး အမိုးလန်ပျက်စီးခြင်း၊ ပေါင်းရွာ ကျေးရွာအုပ်စု၊ ပေါင်းရွာတွင် ဘာသာရေးအဆောက်အဦ() လုံးပြိုလဲခြင်း၊ ()လုံး အမိုးလန်ခြင်း၊ လူနေအိမ်() လုံးပြိုလဲခြင်း၊ (၁၀) လုံးအမိုးလန်ပျက်စီးခြင်း၊ ပင်းတလဲကျေးရွာတွင် လူနေအိမ်() လုံး အမိုးလန်ပျက်စီးခြင်း၊ ထနောင်းတောကျေးရွာအုပ်စု၊ ထနောင်းတောကျေးရွာတွင် ဘာသာရေး အဆောက်အဦ() လုံးအမိုးလန် ပျက်စီးခြင်း၊ လူနေအိမ် () လုံး အမိုးလန်ပျက်စီးခြင်း၊ တောဘို့ကုန်းကျေးရွာတွင် ဘာသာရေးအဆောက်အဦ() လုံး အမိုးလန်ခြင်း၊ လူနေအိမ်() လုံးပြိုလဲခြင်း၊ (၁၄) လုံးအမိုးလန်ပျက်စီးခြင်း၊ ဖလံတောကျေးရွာအုပ်စု၊ သီးကုန်း ကျေးရွာတွင် လူနေအိမ်() လုံးအမိုးလန်ပျက်စီးခြင်း၊ ဇီးအိုင်ကျေးရွာအုပ်စု၊ တဲကုန်းကျေးရွာတွင် ဘာသာရေး အဆောက်အဦ() လုံးအမိုးလန်ပျက်စီးခြင်း၊ စုစုပေါင်း ဘာသာရေးအဆောက်အဦ() လုံးပြိုလဲခြင်း၊ () လုံးအမိုးလန်ခြင်းနှင့် လူနေအိမ်(၁၄) လုံးပြိုလဲ၍ (၁၈၇) လုံး အမိုးလန်ပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း မင်းဘူး(စကု) မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

         
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော ဘာသာရေးအဆောက်အဦများနှင့် နေအိမ်များ အား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးမှူးတို့အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သစ်ပင်သစ်ကိုင်းများအား ရှင်းလင်းပေးခြင်း၊ ပြိုလဲပျက်စီးနေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူပေါင်း၍ ပြန်လည်ပြင်ဆင် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မျိုးမြတ်(မင်းဘူး)