Wednesday, April 3, 2019

ပြည်​​ထောင်​စု​ဖောင့်​ သုံးစွဲနည်းနှင့်​ ICT နည်းပညာ ​ဟော​ပြောပွဲပြုလုပ်



မင်းဘူး ဧပြီလ ၃
 မကွေးတိုင်းဒေသကြီးကွန်ပျူတာအသင်းနှင့် မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန တို့ ပူးပေါင်း၍ ပြည်ထောင်စုဖောင့်အသုံးပြုပုံနှင့် ICTနည်းပညာဟောပြောပွဲ ကို ဧပြီလ ၂ ရက်​​နေ့ နံနက်​ ၉နာရီခွဲက မင်းဘူးခရိုင်​ ပြန်​ကြား​ရေးနှင့်​ ပြည်​သူ့ဆက်​ဆံ​ရေး ဦးစီးဌာန၊ Community Centre ခန်းမတွင်​ ပြုလုပ်ခဲ့​ကြောင်း သိရသည်​။
အခမ်းအနားတွင်​ မင်းဘူးခရိုင်​ အ​ထွေ​ထွေအုပ်​ချုပ်​​ရေး ဦးစီးဌာန၊ ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက အဖွင့်​အမှာစကားပြောကြားပြီး မင်းဘူးခရိုင်​ခရိုင်ပြန်ဆက်ဦးစီးအရာရှိ ဦးသန်းဌေးက ​ဟော​ပြောပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေး သည်။ ဆက်လက်၍မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တွဲဖက်အတွင်းရေးမှူးဦးခင်ဇော်မှ E-Goverment နှင့်​ E-Office ဆိုင်​ရာ အချက်​အလက်​များကို ​ဆွေး​နွေးခဲ့ပြီး မကွေးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းဒုဥက္ကဋ္ဌဦးသော်တာဇော်မှ ပြည်​​ထောင်​စု​ဖောင့်​အ​ကြောင်းနှင့်​ ပြည်​​ထောင်​စု​ဖောင့်​ သုံးစွဲပုံကို ​ဆွေး​နွေးခဲ့သည်​။  ထို့​နောက်​ မြန်​မာနိုင်​ငံ ကွန်​ပျူတာ လုပ်​ငန်းရှင်အသင်း စာရင်​စစ်​ ဦးသက်​မင်းဦး မှ ICT ၏ အကျိုးရှိပုံကို ​ဆွေး​နွေးတင်​ပြခဲ့ရာ တက်​​ရောက်​လာကြသူများမှ သိရှိလိုသည်​များကို ​မေးမြန်း ​ဆွေး​နွေးခဲ့ကြ​ကြောင်း သိရသည်​။
အဆိုပါ  ဟောပြောပွဲ အခမ်းအနားသို့ ဒုခရိုင်​ အုပ်​ချုပ်​​ရေးမှူး ဦး​ကျော်​​ဇေယျ၊ မြို့နယ် ​အုပ်ချုပ်​ရေးမှူဦးသိန်ဇော်ကံ၊ ခရိုင်​ပြန်​ဆက်​ဦးအရာရှိ ဦးသန်း​​ဌေး၊ခရိုင်အဆင့်​၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများဝန်းထမ်း များ အသီးသီးတက်ရောက် ကြ​ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment