Monday, April 22, 2019

ကလေး ၊ လူကြီး ကျား/မ မရွေး အေးချမ်းပျော်ရွှင်စွာ အပန်းဖြေရေကစားနိုင်သည့် မကွေးမြို့ရှိ HEART TO HEART အပန်းဖြေစခန်းသာ ရေကစားကွင်းတွင် လာရောက်အနားယူ ရေကစားကြသူများဖြင့် စည်ကားလျက်ရှိ



မကွေး        ဧပြီ       ၂၂
          မကွေးတိုင်းဒေသကြီး ၊ မကွေးမြို့ ဗောဓိတစ်ထောင်ဘုရားသို့သွားရာ မကွေးမြို့ရှောင်လမ်းဘေးအနီးတွင် ကလေး၊ လူကြီး၊ ကျား/မ မရွေး အေးချမ်းပျော်ရွှင်စွာ အပန်းဖြေရေကစားနိုင်ရန်အတွက် စီစဉ်ဖွင့်လှစ်ထားရှိသည့် HEART TO HEART   ခေတ်မှီကစားကွင်း ရေလွှာလျှောစီးနှင့် ရေလှိုင်းစီးအပန်းဖြေကမ်းခြေ စခန်းသာတွင် နေ့စဉ် လာရောက်အပန်းဖြေရေကစားကြသည့် ပြည်သူများဖြင့် စည်ကားလျက်ရှိနေကြောင်း မကွေးမြို့ပေါ်ရှိ ဒေသခံပြည်သူ များထံမှ သိရသည်။

          အဆိုပါ HEART TO HEART   ခေတ်မှီကစားကွင်း ရေလွှာလျှောစီးနှင့် ရေလှိုင်းစီးအပန်းဖြေကမ်းခြေစခန်းတွင် ကလေး၊ လူကြီး ကျား/မ မရွေး ရေလွှာလျှောစီးခြင်း ၊ ရေလှိုင်းစီး၍ အပန်းဖြေနိုင်ခြင်းအပြင် မြိုင်ဆိုင်မြူးကြွသော ခေတ်ပေါ်တေးသီချင်းများကို နားဆင်ရင်း အေးချမ်းပျော်ရွှင်စွာ လာရောက်အပန်းဖြေအနားယူနိုင်ကြောင်းနှင့် အပန်းဖြေစခန်းအတွင်း စားသောက်ဆိုင်များမှ တရုတ်၊ မြန်မာ အစားအစာများကို  လွယ်လင့်တကူ မှာယူစားသုံးနိုင် အောင် စီစဉ်ဆောင်ရွက်ထားရှိပေးထားကြောင်း သိရသည်။ 

          ကျွန်တော်တို့ မကွေးမြို့ရှောင်လမ်းဘေးအနီးမှာ ဖွင့်လှစ်ထားတဲ့ HEART TO HEART   ခေတ်မှီကစားကွင်း ရေလွှာလျှောစီးနှင့် ရေလှိုင်းစီးအပန်းဖြေကမ်းခြေ စခန်းသာကို ယခုရက်ပိုင်း မကွေးမြို့ပေါ်ရှိ ဒေသခံပြည်သူများနှင့် အခြား ရပ်ဝေးရပ်နီးက ပြည်သူတွေ လာရောက်အပန်းဖြေရေကစားကြလို့ အရမ်းစည်ကားနေပါတယ်။ ဒီ အပန်းဖြေ စခန်းသာကို ယခုလ ၁၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အပန်းဖြေစခန်းသာအတွင်း ကလေး၊ လူကြီး ကျား/မ အရွေး လာရောက်အပန်းဖြေ အနားယူနိုင်ပါတယ်။ အပန်းဖြေစခန်းသာကို ဝင်ကြေးအနေနဲ့ အသက်(၇)နှစ်အောက် ကလေးတစ်ဦးကို ငွေကျပ် ၂၀၀၀ နှုန်း ၊ လူကြီးတစ်ဦးကို ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ဝင်ကြေးခ ဈေးနှုန်းကို သတ်မှတ် ထားပြီး တစ်နေကုန် ရေကစားလို့ရပါတယ်။ ပြည်သူတွေအနေနဲ့ မိသားစုနဲ့သော်လည်းကောင်း ၊ သူငယ်ချင်း အပေါင်းအသင်းများနဲ့သော်လည်းကောင်း အေးအေးလူလူ အပန်းဖြေလို့ကောင်းတဲ့ နေရာလေးတစ်ခု ဖြစ်ပါတယ်။ ယခုလတ်တလောမှာတော့  ကျွန်တော်တို့ HEART TO HEART   စခန်းသာမှာ ရေလွှာလျှောစီးခြင်းနှင့် ရေလှိုင်းစီး အပန်းအဖြေလို့ပဲ ရပါသေးတယ်။ ကလေးကစားကွင်း နဲ့ လူကြီးကစားကွင်းတွေကိုတော့ လုပ်ငန်းတွေ ဆောင်ရွက် နေဆဲ ရှိပါသေးတယ်။ ယခုရက်ပိုင်းက ရာသီဥတု အပူချိန်က ပြင်းတော့ အေးအေးချမ်းချမ်း အနားယူလို့ကောင်းတဲ့ နေရာတွေကို ပြည်သူတွေက စိတ်ဝင်တစ်စား လည်ပတ်ကြတာများပါတယ်။ ဒါ့ကြောင့် ယခုရက်ပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ HEART TO HEART   ခေတ်မှီကစားကွင်း ရေလွှာလျှောစီးနှင့် ရေလှိုင်းစီးအပန်းဖြေကမ်းခြေ စခန်းသာ မှာ လာရောက်အပန်းဖြေရေကစားကြသူတွေများလို့ အရမ်းစည်ကားနေပါတယ်” ဟု အဆိုပါ HEART TO HEART   ခေတ်မှီကစားကွင်း ရေလွှာလျှောစီးနှင့် ရေလှိုင်းစီးအပန်းဖြေကမ်းခြေ စခန်းသာရှိ လက်မှတ်အရောင်းဝန်ထမ်း လူငယ်တစ်ဦးက ပြောပြ၍ သိရသည်။ ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment