Tuesday, April 9, 2019

ပွင့်ဖြူမြို့နယ်၌ ၂၀၁၈ ခုနှစ် ၊ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ၈၈ ဒသမ ၀၂ ရာခိုင်နှုန်း ပြန်လည် ကောက်ခံရရှိ




ပွင့်ဖြူ     ဧပြီ    
          မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်အတွင်းရှိ တောင်သူများ မိုးသီးနှံ  အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ထုတ်ချေးပေးထားသည့် ၂၀၁၈ ခုနှစ် မိုးသီးနှံ စိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူများ သီးနှံသိမ်းဆည်းပြီးချိန်တွင် ပြန်လည်ကောက်ခံခြင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ရက်၊ ယနေ့ နံနက် ပိုင်းက မြို့နယ်အတွင်း တောင်သူများထံမှ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ၈၈ ဒသမ ၀၂ ရာခိုင်နှုန်း ပြန်လည်ကောက်ခံ ရရှိသွားပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းလွင် ထံမှ သိရသည်။
          ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၁၈ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို မြို့နယ်အတွင်း တောင်သူဦးရေ စုစုပေါင်း ၁၁၄၉၁ ဦး အား မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေပေါင်း ၇၄၅၇၄၀၀၀၀၀ ကျပ် ထုတ်ချေးပေးထား ကြောင်း သိရပြီး ချေးငွေများ ထုတ်ချေးပေးရာတွင် စပါးစိုက်ပျိုးမှုအတွက် တစ်ဧက ငွေကျပ် ၁၅၀၀၀၀ နှုန်း အခြားသီးနှံ စိုက်ပျိုးမှုအတွက် တစ်ဧကလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
          ကျွန်တော်တို့ ပွင့်ဖြူမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲအနေဖြင့် မြို့နယ်အတွင်းရှိ တောင်သူတွေ မိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးလုပ်ကိုင်နိုင်ရေးအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နှစ်စဉ် ထုတ်ချေးပေးလျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးမှုစာရင်းအနေနဲ့ မြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၀ အုပ်စုမှ တောင်သူဦးရေပေါင်း ၁၁၄၉၁ ဦးရှိပြီး စပါး ၄၈၆၆၆ ဧက နှမ်း ၃၀၇၃ ဧက ပဲစင်းငုံ ၇၇ ဧက အတွက် ချေးငွေ စုစုပေါင်း ၇၄၅၇၄၀၀၀၀၀ ကျပ် ထုတ်ချေးပေးခဲ့ပါတယ်။ ထုတ်ချေးမှုနှုန်းထားက စပါးသီးနှံအတွက် တစ်ဧက ငွေကျပ် တစ်သိန်းခွဲ နှုန်း၊ အခြားသီးနှံအတွက် တစ်ဧက ငွေကျပ် ငါးသောင်း နှုန်း နဲ့ ထုတ်ချေးပေးတာ ဖြစ်ပါတယ်။ ယခု မြို့နယ်အတွင်း တောင်သူတွေ မိုးသီးနှံစိုက်ခင်းများ သိမ်းဆည်းပြီးချိန်ဖြစ်လို့ ချေးငွေတွေကို တောင်သူတွေဆီကနေ ပြန်လည်ကောက်ခံခဲ့ရာ ဧပြီ ရက်နေ့အထိ ချေးငွေကောက်ခံရရှိငွေပေါင်း ၆၅၆၄၃ ဒသမ ၅၀ သိန်း ကောက်ခံရရှိခဲ့ပြီး ရာခိုင်နှုန်းအနေနဲ့ ၈၈ ဒသမ ၀၂ ရာခိုင်နှုန်း ကောက်ခံရရှိသွားပြီဖြစ်ပါတယ်။ ချေးငွေကောက်ခံရန် ကျန်ရှိငွေက စုစုပေါင်း ၈၉၃၀ ဒသမ ၅၀ သိန်း  ကျန်ရှိနေပါသေးတယ်။ ချေးငွေပေးဆပ်ရန် ကျန်ရှိနေတဲ့ တောင်သူတွေအနေဖြင့် ယခုလ ဧပြီ ၁၁ ရက်နေ့မှာ နောက်ဆုံးထား ပေးဆပ်ရမှာဖြစ်ပြီး သတ်မှတ်ရက်မှာ ပေးဆပ်ခြင်းမရှိသည့်တောင်သူများကို ဒဏ်တိုးငွေများ ကောက်ခံ သွားမည်ဖြစ်ပါတယ် ဟု ပွင့်ဖြူမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မြို့နယ်ဘဏ်မန်နေဂျာ ဦးစန်းလွင် က ပြောပြ သည်။   ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment