Tuesday, April 9, 2019

မဟာသင်္ကြန်ပွဲတော်ကာလအတွင်း မင်းဘူး-သရက် ရထားခရီးစဉ် ခေတ္တရပ်နားမည်




မင်းဘူး                ဧပြီ         
          မင်းဘူး-သရက် ရထားလမ်းပိုင်းတွင် ပြေးဆွဲနေသော ရထားခရီးစဉ်ကို ဧပြီလ (၁၃) ရက် (သင်္ကြန်အကြိုနေ့) အထိ ပုံမှန်ပြေးဆွဲ သွားမည်ဖြစ်ပြီး ၂၀၁၉-ခုနှစ် မဟာသင်္ကြန်ပွဲတော် ကာလအတွင်း သုံးရက်ရပ်နားမည် ဖြစ်ကြောင်း မင်းဘူးဘူတာရုံမှ သိရသည်။

          "ကျွန်တော်တို့ ပုံမှန် မင်းဘူး-သရက်ရထားခရီးစဉ်ကို သင်္ကြန်အကြိုနေ့ထိ ပြေးဆွဲသွားမှာ ဖြစ်ပါတယ်၊ သင်္ကြန်ကာလ ဖြစ်တဲ့ ဧပြီလ (၁၄)ရက်နေ့ (သင်္ကြန်အကျနေ့) မှ ဧပြီလ (၁၆) ရက်နေ့  (အကြတ်နေ့) အထိ ()ရက်ကြာရပ်နား သွားမှာ ဖြစ်ပြီး ဧပြီလ(၁၇) ရက်နေ့ မြန်မာနှစ်ဆန်းတစ်ရက်နေ့မှစ၍ ပုံမှန်ပြန်လည် ပြေးဆွဲသွားမှာ ဖြစ်ပါတယ်၊ မင်းဘူး-သရက် ရထားခရီးစဉ်ကို သရက်မြို့ဘူတာမှ နေ့စဉ် နံနက်()နာရီ (၄၅) မိနစ်မှ စတင်ထွက်ခွာပြီး မင်းဘူးဘူတာရုံသို့ နံနက်(၁၀)နာရီခွဲ ရောက်ရှိပါတယ်၊ မင်းဘူးမြို့ဘူတာရုံမှ နေလယ်() နာရီခွဲအချိန်မှာ ပြန်လည်ထွက်ခွာပြီး သရက်မြို့ ဘူတာရုံသို့ ည ()နာရီခန့်တွင် ရောက်ရှိပါတယ်" ဟု မင်းဘူး ဘူတာ ရုံပိုင် ဦးကျော်ကျော်ဦးထံမှ သိရသည်။
အဆိုပါ မင်းဘူး-သရက် ရထားလမ်းပိုင်းတွင် ဘူတာပေါင်း (၃၁) ခု ရှိပြီး နေ့စဉ်  ခရီးသည် ပျမ်းမျှ စုစုပေါင်း (၄၀) ဦးခန့် လိုက်ပါစီးနင်း လျှက်ရှိကြောင်း သိရသည်။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment