Sunday, April 7, 2019

မင်းဘူးမြို့နယ်အတွင်းရှိ ကျေးရွာသုံးရွာ တွင်​ စက်​​ရေတွင်းနှင့်​ဆက်​စပ်​လု ပ်​ငန်းများ ​ဆောင်​ရွက်​​နေမှု ကွင်းဆင်းစစ်​​ဆေး

မင်းဘူး  ဧပြီ  ၇
==============
မ​ကွေးတိုင်း​ဒေသကြီး၊ မင်​ဘူးခရိုင်​၊ မင်း​ဘူးမြို့နယ်​ အတွင်းရှိ ​ကျေးရွာသုံးရွာတွင်​ ​နွေရာသီကာလ​သောက်​သုံး​ရေ ရှားပါးပြတ်​လပ်​မှုမရှိ​စေ​ရေး အတွက်​ စက်​ရေတွင်းတူး​ဖော်​ခြင်း နှင့်​ ဆက်​စပ်​လုပ်​ငန်းများ ​ဆောင်​ရွက်​​ပေးလျှက်​ရှိကြောင်း မင်းဘူး မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီး ဌာနမှ သိရသည်​။


အဆိုပါ​ကျေးရွာသုံးရွာမှာ မကျီးပင်​​ကျေးရွာ၊ ရွာသစ်​​ကျေးရွာ နှင့်​ ​ရေငံ​ကျေးရွာ တို့ဖြစ်​ပြီး  ​လေးလက်​မစက်​​ရေတွင်း သုံးတွင်း၊ ဂါလံ ၂၄၀၀ဆံ့စင်​မြင့်​​ရေစင်​သုံး​ခု၊ ​ရေစက်​ရုံသုံးခု တည်​​ဆောက်​ခြင်းလုပ်​ငန်း များအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာ​ရေးနှစ်​ကျေးလက်​​ ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီး ဌာန မူလခွင့်​ပြုရန်​ပုံ​ငွေ  ၄၂ ဒဿမ ၇၀၅ သန်းဖြင့်​ လုပ်​ငန်း​ဆောင်​ရွက်​​နေမှုများကို ယ​နေ့နံနက်​ပိုင်းက မင်းဘူးခရိုင်​​ကျေလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီး ဌာနမှ တာဝန်​ခံအင်​ဂျင်​နီယာ ​ဒေါ်မြသက်​​ထွေး(လက်​​ထောက်​ညွှန်​ကြား​ရေးမှူး)၊    မင်းဘူးမြို့နယ်​ ​ကျေးလက်​ဦးစီးမှူး ဦး​အောင်​ဘုန်းလင်းနှင့်​ဝန်​ထမ်းများကကွင်း ဆင်းကြည့်​ရှု့စစ်​​ဆေးခဲ့​ကြောင်းသိရသည်​။


ကွင်းဆင်းကြည့်​ရှု့စစ်​​ဆေးရာတွင်​ လုပ်​ငန်းများအားလုံးသတ်​မှတ်​စံချိန်​စံညွှန်းများနှင့်​ ကိုက်​ညီ​အောင်​​ဆောင်​ရွက်​သွားကြရန်​နှင့်​ သတ်​မှတ်​အချိန်​ကာလအတွင်းပြီးစီး​ရေး တွန်းအား​ပေး​ဆောင်​ရွက်​သွားကြရန်​ လမ်း ညွှန်​မှာကြားခဲ့သည်​။

ဆက်​လက်​၍ စက်​​ရေတွင်းသုံးတွင်း​အောင်​မြင်​စွာတူး​ဖော်​ပြီး​စီး​နေပြီး ရေဂါလံ ၁၅၀၀ ထွက်​ရှိခြင်း၊ ​ရေစက်​ရုံနှင့်​ စင်​မြင့်​​ရေစင်​များမှာလည်း ၈၀ရာခို​င်​နှုန်းအထိပြီးစီး​နေပြီ ဖြစ်​​ကြောင်း မင်းဘူးမြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန မြို့နယ်​ဦးစီးမှူး ဦး​အောင်​ဘုန်းလင်း ကပြောပြ၍ သိရသည်​။

ယခုတူး​ဖော်​​ဆောင်​ရွက်​​နေသည့်​ စက်​ရေတွင်း နှင့်​ ဆက်​စပ်​လုပ်​ငန်းများအားလုံး ပြီးစီးသွားပါက ​ကျေးရွာ သုံးရွာရှိ အိမ်​​ခြေ ၃၂၉ အိမ်​မှ လူဦး​ရေ ၁၄၆၀ ဦးတို့မှာ​သောက်​သုံး​ရေဖူလုံစွာ ရရှိလာ​တော့မည်​ဖြစ်​​ကြောင်း မြို့နယ်​ဦးစီးမှူးက ​ပြောပြသည်​။


Source -  ငြိမ်းသူ(စလင်း)

0 comments:

Post a Comment