Tuesday, April 9, 2019

သင်္ကြန်တွင်းကာလ ခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် အသိပညာပေးဆောင်ရွက်




ချောက်     ဧပြီ     ရက်

      ချောက်မြို့ မှ ရန်ကုန်၊မန္တလေး၊နေပြည်တော်၊တောင်ကြီး၊ဆော၊လောင်းရှည် သို့ထွက်ခွာသည် မော်တော်လိုင်းများအားသင်္ကြန်တွင်းကာလခရီးသွားပြည်သူများအဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက်
ချောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ ပူးပေါင်းအဖွဲ့တို့သည် ယနေ့ နေ့လယ်ပိုင်းအချိန်က အဝေးပြေးကားဂိတ် များသို့ လှည့်လည်၍အသိပညာပေး လုပ်ငန်းများဆောင်ရွက်ခဲ့သည်။
   
   အဆိုပါအသိပညာပေးဆွေးနွေးရာတွင်မော်တော်ယာဉ်စီးနင်းခများအားသတ်မှတ်နှုန်းထားထက်ပိုမိုမတောင်းခံရေး၊ကြိုတင် ဝယ်ယူထားသောခုံနံပါတ်နှင့်အမှန်တကယ် သွားလာရာတွင်လွဲမှားမူ့မရှိစေရေး၊သတ်မှတ် ထားသောအချိန်အတိုင်းထွက်ခွာရေး၊သတ်မှတ်ထားသည့်ခရီးစဉ်အတိုင်းရောက် ရှိအောင်ပို့ဆောင်ပေးရေးတို့အားအသိပညာပေးဆွေးနွေးခဲ့ပြီး ခရီးသည်များအနေဖြင့် အထက်ပါအတိုင်းမဟုတ်ဘဲ ထိခိုက်နစ်နာမှုများရှိပါက ဆက်သွယ်တိုင်ကြားနိုင်သော ဖုန်းနံပါတ်များသိရှိစေရန် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း ချောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူ ဦးမျိုးဝင်းထံမှ သိရှိရသည်။
                 မချို(ချောက်)

0 comments:

Post a Comment