Saturday, April 6, 2019

သင်္ကြန်ကာလတွင် ယာဉ်အန္တရာယ် ကင်းဝေးစေရန်နှင့် မှုခင်းလျော့နည်းကျဆင်းရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်



မင်းဘူး                ဧပြီ        
        မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် သင်္ကြန်ကာလအတွင်း ပြည်သူများ ယာဉ်အန္တရာယ် ကင်းဝေးစေရန် နှင့် မှုခင်းလျော့နည်းကျဆင်းစေရန် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အသိပညာပေး လုပ်ငန်းများကို ဧပြီလ(၆) ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

         
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(မင်းဘူး) မှ ဒုရဲမှူးမောင်မောင်သန်း ဦးဆောင်သော တပ်ဖွဲ့ဝင်(၁၀) ဦး၊ မင်းဘူးမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်း ဦးဆောင်သော တပ်ဖွဲ့ဝင်(၆) ဦး၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်ကြပ်ကြီး ဇော်နိုင်ပါ တပ်ဖွဲ့ဝင် (၃) ဦးတို့ ပူးပေါင်းအဖွဲ့သည် မင်းဘူးမြို့ အမှတ်(၃) ရပ်ကွက် ကုလားကုန်းထိပ်အနီး မင်းဘူး-မကွေး ကားလမ်းတွင် ပြည်သူ (၁၅၀) ဦး ခန့်အား လည်းကောင်း၊ တောင်လှည်းကောက် လမ်းဆုံတွင် ပြည်သူ (၂၀၀) ဦးခန့်အားလည်းကောင်း၊ ဧရာဝတီတံတား(မကွေး) မင်းဘူးဘက်ခြမ်း၊ လမ်းတံတားအသုံးပြုခ ကောက်ခံရေး ဂိတ်အနီးတွင် ပြည်သူ (၂၅၀) ဦးခန့်အားလည်းကောင်း ၂၀၁၉ ခုနှစ် မဟာသင်္ကြန်ကာလအတွင်း မှုခင်းများ လျော့နည်းကျဆင်းရေးအတွက် လိုက်နာရမည့် အချက်များ၊ မူးယစ်ဆေးဝါးများ ရှောင်ကြဉ်ရန်နှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သတိပြု သိရှိ လိုက်နာရန် အချက်များ၊ ယာဉ်မောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေးအတွက် စည်းကမ်းတကျ မောင်းနှင် ကြရန်နှင့် ဆူညံအိတ်ဇောများ တပ်ဆင်အသုံးမပြုကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်(၆၀၀) ခန့်အား ဖြန့်ဝေခဲ့ကြောင်း သိရသည်။

မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment