Monday, April 22, 2019

ပွင့်ဖြူမြို့နယ်၌ ကုန်ပစ္စည်းအညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ လိုက်နာရန်စည်းကမ်းချက်များအား အသိပညာပေး ဆွေးနွေး



ပွင့်ဖြူ      ဧပြီ       ၂၂
          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ပြည်သူများ အစားအသောက်နှင့် ပတ်သက်၍ ဘေးကင်းလုံခြုံမှုရှိစေရန်အတွက် ဧပြီ ၂၂ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာသို့ သွားရောက်ပြီး စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ စားသောက်ကုန်ပစ္စည်းများ ရောင်းချရာတွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် ပါရှိရမည့် ကုန်ပစ္စည်းအညွှန်းအမှတ် အသားများနှင့် စပ်လျဉ်း၍ လိုက်နာရန်စည်းကမ်းချက်များကို အသိပညာပေး ဆွေးနွေးမှုများ ကွင်းဆင်းဆောင်ရွက် ခဲ့ကြောင်း သိရသည်။

         


ယင်းသို့ ပြည်သူများ အစားအစာ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ကုန်ပစ္စည်းအမျိုးအစားအလိုက် ပါရှိရမည့် ကုန်ပစ္စည်းအညွှန်းအမှတ်အသားများနှင့် စပ်လျဉ်း၍ ကွင်းဆင်းပညာပေး ဟောပြောခြင်းများ ဆောင်ရွက်ရာ တွင် ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ နှင့် ဝန်ထမ်းများသည် ကျေးရွာအုပ်ချုပ် ရေးမှူး ဦးကျော်အောင်နှင့် ရာအိမ်မှူးများ လိုက်ပါ၍ ရှောက်တောကျေးရွာရှိ စားသောက်ကုန်မုန့်မျိုးစုံ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များနှင့် သောက်ရေသန့်ရောင်းဝယ်ရေးလုပ်ငန်းရှင်များထံ သွားရောက်ပြီး စားသောက်ကုန်းပစ္စည်းများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ကုန်ပစ္စည်းအမျိုးအစားအလိုက် ပါရှိရမည့် ကုန်ပစ္စည်း အညွှန်းအမှတ်အသားများနှင့် စပ်လျဉ်းသည့် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈)ပါ ပြဌာန်းချက်များကို ပညာပေးရှင်းလင်းဆွေးနွေး ပြောကြားပြီး ၊ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာနိုင်ရေး စားသောက်ကုန်ပစ္စည်း အညွှန်းအမှတ်အသားများနှင့် ပတ်သက်သည့် ပညာပေးလက်ကမ်းစာစောင်များ ဝေငှဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
                                                                                                               ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment