Saturday, April 6, 2019
မုံရွာမြို့နယ်​ ကံပြား(ဆုန်​ကုန်း)ကျေးရွာ ၌ စာသင်​​ကျောင်း​ဆောင်​အဆင့်ြ မှင့်​ပြုပြင်​ခြင်း လုပ်​ငန်း ရာနှုန်းပြည့်​ ပြီးစီး
ငြိမ်းသူ(စလင်း)
မုံရွာ ဧပြီ  ၆
=============
စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင်  မုံရွာ မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနနှင့် ကံပြား(ဆုန်ကုန်း)ကျေးရွာ ပြည်သူများ ပူးပေါင်းကာ ​ကျောင်းသူ​ကျောင်းသားများ အဆင်ပြေစွာ စာသင်ယူ နိုင်​ရေးအတွက် စာသင်ကျောင်းဆောင် အဆင့်​မြှင့်​ပြုပြင်​ခြင်းလုပ်ငန်းကို ယခုနှစ်​ ဇန်နဝါရီလ ၁၀ရက် က စတင် ဆောင်ရွက် ခဲ့ရာ ဧပြီလ ၅ ရက်​နေ့တွင် လုပ်ငန်းများ အားလုံး ၁၀၀ရာခိုင်​နှုန်း ပြီးစီး​နေပြီ ဖြစ် ကြောင်း သိရသည်။
တစ်​​ဆောင်​ဖြစ်​သည်​။
ထိုသို့ စာသင်​​ကျောင်း​ဆောင်​ အင်္ဂါရပ်​နှင့်​ မညီညွတ်​ပဲ ​ကျောင်းသား ​ကျောင်းသူ များစာသင်​ကြားလာခဲ့ရသည်​မှာ၂ နှစ်​ခန့်​ရှိ​နေပြီဖြစ်​​ကြောင်း ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦးသိန်းထွန်းဦး က​ပြောပြသည်​။
ထိုသို့​စာသင်​​ကျောင်း​ဆောင်​ အင်္ဂါရပ်​နှင့်​ မညီညွတ်​မှု​ကြောင့်​ ​ကျောင်း​ဆောင်​အဆင့်​ မြှင့်​တင်​ ပြုပြင်​ခြင်းလုပ်​ငန်းများ​ဆောင်​ရွက်​ ရန်​အတွက်​ ​လိုအပ်​​သော ​ငွေ​ကြေးအ​ထောက်​အပံ့များ ရရှိ​ရေး မုံရွာမြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီး ဌာနရုံးသို့ တင်​ပြအကူအညီ​တောင်းခံခဲ့​ရာ မုံရွာမြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်​ ​ကျေးရွာဖွံ့ဖြိုး​ရေးစီမံကိန်း VDP ရန်​ပုံ​ငွေ ကျပ်​ သိန်း၁၀၀၊ ပြည်​သူထည့်​ဝင်​​ငွေ ကျပ်​ ၃၀ သိန်းတို့ဖြင့်​ ယခင်​​ကျောင်း ဆာင်​​ဟောင်း၏ အတိုင်းအတာမ​ပြောင်း လဲပဲ သွပ်​မိုးခြင်း၊ မျက်​နှာကျက်​များတပ်​ဆင်​ခြင်း၊ ကြမ်းခင်းကွန်​ကရစ်​​လောင်းခြင်း၊ ​ဆေးသုတ်​ခြင်းလုပ်​ငန်း များပါဝင်​​သော အုတ်​ညှပ်​တစ်​ထပ်​ ​ကျောင်း​ဆောင်​တစ်​ခုအဖြစ်​အဆင့်​မြှင့်​ပြုပြင်​ခြင်းကို ယခုနှစ်​ဇန်​နဝါရီ ၁၀ရက်​​နေ့က စတင်​လုပ်​​ဆောင်​ခဲ့ရာ ယခုအချိန်​တွင်​လုပ်​ငန်းအားလုံး ပြီးစီး​နေပြီဖြစ်​​ကြောင်း မြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန မြို့နယ်​ဦးစီးမှူး ​ဒေါ်ယဉ်​ယဉ်​ချိုက ​ပြောပြသည်​။
အဆိုပါ​ကျောင်း​ဆောင်​ အဆင့်​မြှင့်​ပြုပြင်​ခြင်းလုပ်​ငန်းများ ​ပြီးစီးမှု့​ကြောင့်
ကံပြား(ဆုန်​ကုန်း)​ကျေးရွာ​နေ အိ​မ်​​ခြေ ၁၉၈ အိမ်​​နှင့်​ အနီးပတ်​ဝန်းကျင်​ရှိ​ကျေးရွာ ၁၀ရွာမှ ​ကျောင်းသူ ကျောင်းသား ၂၀၀ ​ကျော်​တို့မှာ မိုးလုံ​လေလုံ စာသင်​​ကျောင်း​ဆောင်​ဖြင့်​ စိတ်​​အေးချမ်းသာစွာ ပညာသင်​ကြားနိုင်​​တော့မည်​ဖြစ်​​ကြောင်း ​ကျေးရွာ အုပ်​ချုပ်​​ရေးမှူး ဦးသိန်းထွန်းဦး က​ပြောပြ၍ သိရသည်​။
Source - ငြိမ်းသူ(စလင်း)
0 comments:
Post a Comment