Wednesday, April 24, 2019

ရာသီမ​ရွေးသောက်​သုံး​ရေဖူလုံ​စေ​ရေး ဒူးတို ကျေးရွာတွင်​အဝီစိစက်​​ရေတွင်းတူး​ဖော်​​ပေး




 ဧပြီ   ၂၄

ပဲခူးတိုင်း​ဒေသကြီး၊ သာယာဝတီခရိုင်​၊ သာယာဝတီ မြို့နယ်​၊ သုံး​ဒေါင့်​ကန်​​ကျေးရွာအုပ်​စု၊ ဒူးတိုကျေးရွာ၌ ​စိုက်​ပျိုး​ရေး​ မွေးမြူ​ရေးနှင့်​ ဆည်​​မြောင်းဝန်​ကြီးဌာန၊ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနက နွေရာသီကာလ​သောက်​သုံး​ရေပြတ်​လပ်​မှု မရှိ​စေ​ရေး ရည်​ရွယ်​၍ စက်​​ရေတွင်းနှင့်​ ဆက်​စပ်​လုပ်​ငန်းများအား ​ဆောင်​ရွက်​​ပေးလျက်​ရှိ​ကြောင်းအဆိုပါ ဦးစီးဌာနမှ သိရသည်​။
သာယာဝတီမြို့နယ်​ ​ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်​အတွင်းUNICEF မှလှူဒါန်းငွေ ကျပ်​ ၅ ဒသမ ၈ သန်းဖြင့်​ ၄ လက်​မ စက်​​ရေတွင်း တစ်​တွင်း၊ ​ရေစက်​ရုံ တစ်​ခု၊ ဂါလံ ၁၀၀၀ ဆံ့ အုတ်​​ရေကန်​တစ်​ခု တို့အား ယခုနှစ်​​ဖေ​ဖော်​ဝါရီလအတွင်းက စတင်​​ဆောင်​ရွက်​ခဲ့ရာ ယခုအခါ ရာနှုန်းပြည့်​ပြီးစီး​နေပြီဖြစ်​​ကြောင်း မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန တာဝန်​ခံအင်​ဂျင်​နီယာ ဦး​အောင်​မျိုးထွဋ်(အငယ်​တန်းအင်​ဂျင်​နီယာ-၂)က​ပြောပြ၍ သိရ သည်​။
အဆိုပါ စက်​​ရေတွင်း နှင့်​ဆက်​စပ်​လုပ်​ငန်း
များ​ဆောင်​ရွက်​​ပြီးစီးမှုကို ယ​နေ့ နံနက်​ ၁၀နာရီက သာယာဝတီမြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​မြင့်​ နှင့်​ တာဝန်​ခံအင်​ဂျင်​နီယာ ဦး​အောင်​မျိုးထွဋ် တို့က ကွင်းဆင်းစစ်​​ဆေးကြသည်​။
ကွင်းဆင်းစစ်​​ဆေးရာတွင်​ စက်​​ရေတွင်း၊ ​ရေစက်​ရုံ နှင့်​ အုတ်​​ရေကန်​ တည်​​ဆောက်​မှုအားလုံး ၁၀၀ရာခိုင်​နှုန်းပြီးစီး​နေပြီ
ဖြစ်​​ကြောင်း ​တွေ့ရှိရသည်​။
ဆက်​လက်​၍ ယခုတူး​ဖော်​​ဆောင်​ရွက်​​နေသည့်​ စက်​ရေတွင်း နှင့်​ ဆက်​စပ်​လုပ်​ငန်း
များ ​ဆောင်​ရွက်​ပြီးစီးမှု​ကြောင့်​ ဒူးတို ​ကျေးရွာရှိ အိမ်​​ခြေ ၁၄၇ အိမ်​မှ လူဦး​ရေ ၆၁၁ ​ကျော်​အပါအဝင်​ ကျွဲ နွား တိရစ္ဆာန်​များပါ ​သောက်​သုံး​ရေဖူလုံစွာရရှိလာ​တော့
မည်​ဖြစ်​​ကြောင်း တာဝန်​ခံအင်​ဂျင်​နီယာက ​ပြောပြ၍သိရသည်​။
ငြိမ်းသူ(စလင်း)

0 comments:

Post a Comment