Saturday, April 6, 2019

သင်္ကြန်ကာလအတွင်းအများပြည်သူခရီးသွားလာစေရန်ကားဂိတ်များရှိကားခနုန်းထားများလိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေး



နတ်မောက်       ဧပြီ ၅

မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနကနတ်မောက်မြို့ရှိသင်္ကြန်ကာလအတွင်းအများပြည်သူခရီးသွားလာစေရန်ကားဂိတ်များရှိကားခနုန်းထားများကိုဧပြီ၎ရက်နေ့လည်၁နာရီကကားဂိတ်များအားလိုက်လံကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

နတ်မောက်မြို့ရှိကားဂိတ်များသို့နတ်မောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးသိန်းစိုး၊မြို့သစ်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးဆယ်မောင်နှင့်တောင်တွင်းကြီးမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်ဌေးဌေးတို့နှင့်အတူနတ်မောက်မြို့ပေါ်ရှိအောင်ချမ်းမြေ့ကားဂိတ်၊မြရတနာကားဂိတ်၊မြို့သစ်ဒဂုံကားဂိတ်၊ပန်တော်ဦးကားဂိတ်၊ဇာနည်အောင်ကားဂိတ်၊ချမ်းသာအောင်ကားဂိတ်၊အောင်သစ္စာကားဂိတ်နှင့်ရွှေမန်းသူကားဂိတ်များတို့ကားခနုန်းထားများကိုပုံမှန်ရောင်းချစေရန်ကားဂိတ်မှူးများအားရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက်နတ်မောက်မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးသိန်းစိုးမှယာဉ်စီးနင်းခသတ်မှတ်နုန်းထက်ပိုမိုမတောင်းရန်၊မူလဝယ်ထားသောခုံနံပါတ်မလွဲမှားစေရန်၊ခရီးစဉ်အားအချိန်နှင့်တပြေးညီထွက်ခွာနိုင်စေရန်နှင့်လက်မှတ်ဝယ်ယူရာတွင်ကြော်ငြာထားသည့်နေ့ရက်တွင်အမှန်တကယ်ဝယ်ယူရရှိမှုမရှိမဖြစ်စေရန်ကားဂိတ်မှူးများနှင့်ခရီးသွားပြည်သူများအားရှင်းလင်းပြောပြခဲ့ပြီးအဆိုပါလွဲမှားမှုများရှိလျှင်ခရီးသွားပြည်သူများမှမြို့နယ်စားသုံးသူရေးရာဦးစီးဌာနအားတိုင်ကြားနိုင်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

လှဝင်း(နတ်မောက်)

0 comments:

Post a Comment