Tuesday, April 9, 2019

မင်းဘူးခရိုင်​တွင်း မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်




မင်းဘူး ဧပြီ ၉
မ​ကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်​တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ကို ရိုးရာယဉ်ကျေးမှု နှင့်အညီ စည်​ကားသိုက်​မြိုက်​စွာ ကျင်းပနိုင်​​ရေး ညှိနှိုင်းအစည်းအ​ဝေးကို မင်းဘူးခရိုင်​အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဧပြီလ ၉ ရက်​​နေ့ ​နေ့လယ်​ ၁ နာရီက ကျင်းပကြောင်းသိရသည်။
အခမ်းအနားတွင်​ ​ရှေးဦးစွာ မင်းဘူးခရိုင်​စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်​အုပ်ချုပ်ရေးမှူး ဦးစန်း​ဌေးက အဖွင့်​အမှာစကား ​ပြောကြားရာ ၂၀၁၉ခုနှစ်​၊ မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် သင်္ကြန်ပွဲတော် ကျင်းပရေးဆိုင်ရာ လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိမှု အ​ခြေအ​နေများ၊ သက်​ဆိုင်​ရာ ​ကော်​မတီအလိုက်​ ​ဆောင်​ရွက်​ရမည့်​ အ​ခြေအနေများကို ရှင်းလင်း ​ပြောကြားခဲ့ပြီး အများပြည်သူများသင်္ကြန်ပွဲတော်တွင် စိတ်အေးချမ်း သာယာစွာနှင့် လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု မရှိစေရေးအတွက် လုံခြုံရေးတို့အား တိုးမြှင့်​​ဆောင်​ရွက်​သွားရန်​ ဆွေးနွေးခဲ့သည်။
ထို့နောက်သက်​ဆိုင်​ရာ ​ကော်​မတီဝင် အသီးသီးတို့က သင်္ကြန်ကာလအတွင်း ဗဟိုမဏ္ဍပ်အပါအဝင်​ မဏ္ဍပ်​များ ​ဆောက်​လုပ်​​နေမှု အ​ခြေအ​နေများ၊ သင်္ကြန်​ကာလအတွင်း ယာဉ်​အန္တရာယ်​ကင်း​ရှင်း​ရေး ​ဆောင်​ရွက်​ထားရှိမှု အ​ခြေအ​​နေများ၊ ယာဉ်ကြောပိတ်ဆို့မှု မဖြစ်ပွားစေရန်နှင့် မူးယစ်​​ဆေးဝါးနှင့််​ အရက်​​သေစာ ​သောက်​စားမှု မဖြစ်​ပွား​စေ​ရေးတို့ အတွက် ကြိုတင်ဆောင်ရွက်ထားရှိမည့် အခြေအနေများကို တင်ပြခဲ့ကြသည်။
အဆိုပါ အစည်းအဝေးသို့ ခရိုင်​အုပ်ချုပ်ရေးမှူး ဦးစန်း​ဌေး၊ ခရိုင်​တွင်းရှိ မြို့နယ်​၅ မြို့နယ်​မှ မြို့နယ်​အုပ်​ချုပ်​​ရေးမှူးများ၊ ခရိုင်​အဆင့်​ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးများနှင့် သက်​ဆိုင်​ရာတာဝန်​ရှိသူများ အသီးသီး တက်ရောက် ခဲ့ကြောင်း သိရသည်။
မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment