Friday, April 5, 2019

သင်္ကြန်ကာလ ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေး လိုင်းပေါင်းစုံမော်တော်ယာဉ်ဂိတ်များအား ကွင်းဆင်း ပညာပေး



ပွင့်ဖြူ    ဧပြီ   
          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ သင်္ကြန်ကာလ စားသုံးသူခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေးအတွက် ရည်ရွယ်၍ ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ လိုက်ပါ၍ ဧပြီ ၄ ရက် ၊ ယနေ့ နံနက် ၉ နာရီက ပွင့်ဖြူမြို့နယ်အတွင်းရှိ မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ်များသို့ သွားရောက်ပြီး ခရီးသွားပြည်သူများ ယာဉ်စီးနင်းရာတွင် တွေ့ကြုံရသည့် အခက်အခဲများ မဖြစ်စေရေး ကွင်းဆင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။  

          ထိုသို့ ကွင်းဆင်း အသိပညာပေးရာတွင် ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်ဖြိုးဝေ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က မြို့နယ်အတွင်းရှိ မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ်များသို့ သွားရောက်ကာ တာဝန်ခံ ဂိတ်မှူးများနှင့် တွေ့ဆုံ၍ သင်္ကြန်ရုံးပိတ်ရက်ကာလ စားသုံးသူခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရေး အတွက် ခရီးသွားပြည်သူများ မိမိမွေးရပ်မြေသို့ ခရီးသွားလာရာတွင် ယာဉ်စီးနင်းခများ သတ်မှတ်နှုန်းထားထက် ပိုမိုတောင်းခံခြင်းများ မပြုလုပ်ရန် ၊ မူလ ဝယ်ယူထားသော ခုံနံပါတ်နှင့် ယာဉ်စီးနင်းရာတွင် လွဲမှားနေမှု ဖြစ်စဉ်များ မဖြစ်ပေါ်စေရန် ၊ ခရီးသည်အား သတ်မှတ်နေရာသို့ ရောက်ရှိအောင် ပို့ဆောင်ပေးရန် ၊ ခရီးစဉ်အား သတ်မှတ်ချိန်အတိုင်း ထွက်ခွာရန်နှင့် ကားလက်မှတ်များ ဝယ်ယူရာတွင် ကြော်ငြာထားသည့်နေရက်၌ အမှန်တကယ် ဝယ်ယူရရှိနိုင်အောင် စီစဉ်ဆောင်ရွက်ထားရှိရန်နှင့် စည်းကမ်းမလိုက်နာသည့် မော်တော်ယာဉ်လိုင်းများအား ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာပေး ရှင်းလင်းဆွေးနွေး ပြောကြားသည်။  
          ထို့အပြင် မြို့နယ်အတွင်းရှိ ခရီးသယ်ပို့ဆောင်ရေးမော်တော်ယာဉ်များအနေဖြင့် ခရီးသွားပြည်သူများအား ပို့ဆောင် ပေးရာတွင် ယာဉ်အန္တရာယ်မဖြစ်စေရေးအတွက် ယာဉ်မထွက်ခွာမီ ယာဉ်ကြံ့ခိုင်ကောင်းမွန်ခြင်း ရှိ/ မရှိ စစ်ဆေးပြီးမှ ထွက်ခွာမောင်းနှင်ရန်နှင့် ယာဉ်မောင်းနှင်ရာတွင် အရက်သေစာ သောက်စား၍ မောင်းနှင်ခြင်းများ ရှောင်ကြဉ်သတိပြုရန် တို့ကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မော်တော်ယာဉ်လိုင်းပေါင်းစုံဂိတ်မှူးများထံ လိုက်နာရန်စည်းကမ်းချက်များနှင့် ပတ် သက်သည့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးအောင်ဖြိုးဝေ ထံမှ သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment