Friday, April 5, 2019

အပြည်​ပြည်​ဆိုင်​ရာစစ်​တုရင်​ပြိုင်​ပွဲကျင်းပ၊ ဆုရရှိသူများ ဆုချီးမြှင့်​ပွဲပြုလုပ်



မင်းဘူး                ဧပြီ           
မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးခရိုင်​အားကစားနှင့်​ ကာယပညာဦးစီးဋ္ဌာနမှ ကြီးမှူးကျင်းပ​သော () မြိုနယ်​ အလွတ်​တန်းနှင့်​ အသက်​ (၂၀)​အောက်​ အပြည်​ပြည်​ဆိုင်​ရာ စစ်​တုရင်​ ပြိုင်​ပွဲကို ဧပြီလ ၄ ရက်​​ နံနက်​ ၈ နာရီက ကျင်းပခဲ့ရာ ဆုရရှိသူများကို ယ​နေ့​နေ့လယ်​ ၂နာရီခွဲက မင်းဘူးခရိုင် အားကစားခန်းမတွင် ဆုများအသီးသီးချီးမြှင့်​ခဲ့​ကြောင်း သိရသည်​။

"ကျွန်တော်တို့ မင်းဘူးခရိုင် အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဌဖလား (၅) မြို့နယ် အလွတ်တန်းနှင့် အသက်(၂၀) နှစ်အောက် အပြည်ပြည်ဆိုင်ရာ စစ်တုရင်ပြိုင်ပွဲကို ဧပြီလ(၄) ရက်နေ့နှင့်(၅) ရက်နေ့ တို့တွင် ကျင်းပခဲ့ပါတယ်၊ ပြိုင်ပွဲဝင် အားကစားသမား (၂၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများကို ယနေ့ ဧပြီ(၅) ရက်နေ့မှာ ဆုများ အသီးသီးချီးမြှင့် ခဲ့ပါတယ်" ဟု မင်းဘူးခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးသူရခိုင်ကျော်က ပြောပြသည်။

အဆိုပါစစ်တုရင် ပြိုင်ပွဲတွင်ပြိုင်​ပွဲတွင်​​ အလွတ်​တန်း ပထမဆုကို ငဖဲမြို့နယ်​မှလည်း​ကောင်း၊ ဒုတိယဆုကို ပွင့်​ဖြူ မြို့နယ်​မှလည်း​ကောင်း၊ တတိယဆုကို စလင်းမြို့နယ်​မှ လည်းကောင်း၊ အသက်​ ၂၀ ​အောက်​ စစ်​တုရင်​ပြိုင်​ပွဲတွင်​ ပွင့်​ဖြူမြို့နယ်​မှလည်း​ကောင်း၊ ဒုတိယဆုကို စလင်းမြို့နယ်​မှလည်း​ကောင်း၊ တတိယဆုကို မင်းဘူးမြို့နယ်​မှလည်း​ကောင်း၊ အသင်းလိုက်​ဆုကို ငဖဲမြို့နယ်​မှလည်း​​ကောင်း​ဆုများ အသီးသီးရရှိခဲ့ရာ ဆုများကို မ​ကွေးခရိုင်​အားကစားနှင့်​ ကာယပညာဦးစီးဋ္ဌာနမှ ဒုတိယညွှန်​ကြား​ရေးမှူးဦးမျိုးသက်​နှင့်​ တာဝန်​ရှိသူများမှ ဆုများ အသီးသီး ချီးမြှင့်​ခဲ့​ကြောင်းသိရသည်​။
ကျော်စိုးဝင်း(မင်းဘူး)

0 comments:

Post a Comment