Tuesday, April 9, 2019

သရက်ခရိုင်အတွင်းရှိ ကျေးရွာ ၂၃ရွာတွင် ဆိုလာဓါတ်အားပေးစနစ်ဖြင့်လျှပ်စစ်မီးသုံးစွဲနိုင်တော့မည်



သရက် ဧပြီ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ ကံမမြို့နယ်၊ ဆင်ပေါင်ဝဲမြို့နယ်နှငျ့အောငျလံမြို့နယ်တို့ရှိကျေးရွာ
ပေါင်း (၂၃)ရွာတွင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ် (NEP; ICB-2) ပိုလျှံစနစ်ဖြင့်  ဆိုလာဓါတ်အားပေးစနစ် လျှပ်စစ်မီးလင်းရေး လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ တစ်အိမ်သုံးဆိုလာဓါတ်အားပေးမီးလင်းရေးလုပ်ငန်းကို  အမျိုးသားလျှပ်စစ်ဓါတ်အားရရှိရေးစီမံကိန်း (National Electrification Project, NEP)မှ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနက ထောက်ပံ့ဆောင်ရွက်ပေးခြင်းဖြစ်ကာ တစ်အိမ်သုံးဆိုလာပြားများကို ပြည်ပကုမ္ပဏီများမှ နိုင်ငံတကာအဆင့် ယှဉ်ပြိုင်တင်ဒါစနစ် (International Competitive Bidding, ICB)ဖြင့် ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။ တင်ဒါ အောင်မြင်သည့် ကုမ္ပဏီများမှ ကျေးရွာသို့အရောက် ဆိုလာပြားများကို တပ်ဆင်ပေးသွားမည်ဖြစ်ကာ တပ်ဆင်ပေးမည့် ဆိုလာဝပ် အမျိုးအစားမှာ ခြောက်ဆယ်ဝပ်နှင့် တစ်ရာဝပ်တို့ဖြစ်ပြီး တစ်အိမ်ထောင်လျှင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက အမျိုးအစားနှစ်ခုလုံးအား နှစ်သိန်းကျပ်ထောက်ပံ့ပေးပြီး ခြောက်ဆယ်ဝပ် ဆိုလျှင် ပြည်သူမှငွေကျပ် ငါးသောင်းနှင့် တစ်ရာဝပ်ဆိုလျှင် ပြည်သူမှ ငွေကျပ်တစ်သိန်းခွဲကို အရစ်ကျစနစ်ဖြင့် တစ်ဝက်စီပေးသွင်းရမည်ဖြစ်ကာ တစ်အိမ်သုံးဆိုလာရယူလိုသော ကျေးရွာများသည် ၅၀ရာခိုင်နှုန်းနှင့်အထက်ရှိမှသာ အများသုံးစနစ်များဖြစ်သော ဘာသာရေး (၁၉၀ ၀ပ်) ကျန်းမာရေး (၁၉၀ ၀ပ်) ပညာရေး(မူလတန်း (၁၈၀ ၀ပ်) အလယ်တန်း (၃၈၀ ၀ပ်) အထက်တန်း (၄၈၀ ၀ပ်) နှင့် လမ်းမီး(၇၀ ၀ပ်) အစရှိသည် တို့ကို အခမဲ့ ၁၀၀ ရာခိုင်နှုန်း တပ်ဆင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သရက်ခရိုင်အတွင်းရှိ ကံမမြို့နယ်တွင် ()ရွာ၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ()ရွာနှင့် အောင်လံမြို့နယ် တွင် (၁၄)ရွာ စုစုပေါင်း (၂၃)ရွာတို့တွင် တပ်ဆင်ဆောင်ရွက်ပေးလျက်ရှိပြီး ခြောက်ဆယ်ဝပ် ၈၈၇ ခုနှင့် တစ်ရာဝပ် ၈၃၃ ခု စုစုပေါင်း ၁၇၂၀ ခု တို့တွင်  တစ်အိမ်သုံးဆိုလာများ တပ်ဆင်သွားမည်ဖြစ်ပြီး ပညာရေးအဆောက်အဦ ၁၇ ခု၊ ကျန်းမာရေးအဆောက်အဦ ခု နှင့် လမ်းမီး ၁၂၄ ခု၊ ဘာသာရေးအဆောက်အဦ ၂၀ ခုတို့ကို အခမဲ့တပ်ဆင်ပေးမည်ဖြစ်ပြီး လက်ရှိအချိန်တွင် (၈၀%) ခန့် တပ်ဆင်ပြီးစီးပြီဖြစ်ပြီးကျေးရွာတွေကို လျှပ်စစ်ဆိုင်ရာ အသိပညာတိုးပွားရေးနှင့် ရေရှည်ထိန်းသိမ်းစောင့်ရှောက်သည့် နည်းစနစ်များကို ဌာန၀န်ထမ်းများမှ ကျေးရွာအရောက်ကွင်းဆင်းပြီး အသိပညာပေးမှုတွေကို ပို့ချဆောင်ရွက်ပေး လျက်ရှိပါတယ်လို့ သရက်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်ကြီး က ပြောပြသည်။
     ဆုဝေထွန်း(သရက်)

0 comments:

Post a Comment