Saturday, April 6, 2019

ပွင့်ဖြူမြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုကျင်းပ



ပွင့်ဖြူ    ဧပြီ    
          သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ပါဠိပထမပြန် စာမေးပွဲကို နိုင်ငံတစ်ဝန်းလုံး၌ ကျင်းပလျက်ရှိပြီး မကွေးတိုင်းဒေသကြီး၊  ပွင့်ဖြူမြို့ အမှတ်(၂) အခြေခံပညာမူလတန်းလွန်ကျောင်း၌ ဧပြီ ၅ ရက် ၊ ယနေ့ မွန်းတည့် ၁၂ နာရီက စတုတ္ထနေ့အဖြစ် စာဖြေသံဃာ စုစုပေါင်း ၂၂ ပါး ဝင်ရောက်ဖြေဆိုခဲ့ကြောင်း သိရသည်။

          အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ပွင့်ဖြူမြို့နယ်မှ ဖြေဆိုရန် စာရင်းပေးထားသော စာဖြေသံဃာ စုစုပေါင်း  ၃၃ ပါး ရှိပြီး ပါဠိပထမပြန်စာမေးပွဲ စတုတ္ထနေ့တွင် ပထမကြီးတန်းဖြေ သံဃာတော် ၈ ပါး ၊ ပထမလတ်တန်းဖြေ သံဃာတော် ၁၁ ပါး ၊ ပထမငယ်တန်းဖြေ သံဃာတော် ၃ ပါး ၊ စုစုပေါင်း စာဖြေသံဃာတော် ၂၂ ပါး ဝင်ရောက် ဖြေဆို ခဲ့ကြောင်း သိရသည်။
           အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဧပြီ ၂ ရက်မှ ၈ ရက်နေ့အထိ ဖြေဆိုကျင်းပသွားမှာဖြစ်ပြီး၊ စာဖြေ သံဃာတော်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာရုံးများနှင့် အလှူရှင်များ စုပေါင်းပြီး စာဖြေရက်များအတွင်း အာရုဏ်ဆွမ်း၊  နေ့ဆွမ်း ၊ ဖျော်ရည်နှင့် ရေသန့်ဗူးများ ကုသိုလ်ပြု ဆက်ကပ်လှူဒါန်းပေးနေကြောင်း သိရသည်။   ရဲဝင်းနိုင် (ညောင်ဦး)
                                                    

0 comments:

Post a Comment