Thursday, April 4, 2019

ကလေးစာဖတ်ခန်းတွင်ပုံပြောပြခြင်းဆောင်ရွက်

ကလေးစာဖတ်ခန်းတွင်ပုံပြောပြခြင်းဆောင်ရွက်
နတ်မောက် ဧပြီ ၎
မြို့နယ်ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးနတ်မောက်မြို့တွင်ကျောင်းသား/
သူများနွေရာသီကျောင်းပိတ်ရက်များစာကြည့်တိုက်ကိုပျော်မွေ့စေရန်နှင့်အသိပညာဗဟုသုတများ
တိုးတက်စေရန်ရည်ရွယ်၍ပုံပြောပြခြင်းကိုယနေ့နံနက်၁၀နာရီကကလေးစာဖတ်ခန်းတွင်ကျင်းပခဲ့သည်။
ရှေးဦးစွာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးဒေါ်ဝင်းမေထွန်း(စာထောက်-၃) ကကိုယ်ခြင်းစာစိတ်ပုံပြင်အကြောင်းအရာများကိုရှင်းလင်းပြောကြားခဲ့ပြီးကျောင်းသား/သူ
ကလေးငယ်များကလည်းမိမိနှစ်သက်ရာပုံပြင်အကြောင်းအရာများကိုတစ်ဦးချင်းပြောကြားခဲ့ကြသည်။
ထို့နောက်''ကျွန်မတို့ကပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကိုလာရောက်၍စာဖတ်၊
စာငှါးရခြင်း၊ပုံပြောပြိုင်ပွဲတွေ၊ပန်းချီပြိုင်ပွဲတွေ၊ဆေးရောင်ခြယ်ပြိုင်ပွဲအစရှိသည့်ပြိုင်ပွဲများနှင့်ကွန်ပျူတာ
သင်တန်း၊အင်္ဂလိပ်စာသင်တန်းများကိုလည်းသင်ကြားပြသပေးသည့်အတွက်ကျွန်မတို့ကလေးတွေ
လာရတာပျော်ပါတယ်အမြို့မြို့အနယ်နယ်မှာရှိတဲ့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး
စာကြည့်တိုက်ရှိစာအုပ်များကိုမည်သူမဆိုစာများသွားရောက်ဖတ်၍ဗဟုသုတများရယူနိုင်စေရန်''
ပုံပြောပြသူကျောင်းသူမလေးတစ်ဦးကပြောကြားသွားခဲ့ကြောင်းသိရသည်။
လှဝင်း(နတ်မောက်)

0 comments:

Post a Comment