Tuesday, April 9, 2019

ကျေးလက်ရေရရှိရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး





ပွင့်ဖြူ     ဧပြီ      
          မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစေရေးအတွက် မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်သည့် ပွင့်ဖြူမြို့နယ်ရွာသစ်ကလေးကျေးရွာ လေးလက်မအဝီစိစက်ရေတွင်း တူးဖော်ပြီးစီးမှုအခြေအနေအား ဧပြီ ရက်၊ နံနက် ၁၁ နာရီက မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသက်ထွေး ဦးဆောင်သော ခရိုင်လုပ်ငန်းစစ်ဆေးရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

          ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ၌ မင်းဘူးခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မြသက်ထွေး ဦးဆောင်သော ခရိုင်လုပ်ငန်းစစ်ဆေးရေးအဖွဲ့သည် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် ရွာသစ်ကလေးကျေးရွာတွင် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာန၏ ခွင့်ပြုရန်ပုံငွေကျပ် ၂၀ ဒသမ ၂၉၅ သန်းဖြင့် မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ယူ တူးဖော် ခဲ့သည့် လေးလက်မ အဝီစိစက်ရေတွင်း တူးဖော်ခြင်း၊ အကျယ်အဝန်း (၁၀ ပေ× ပေ)ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်း ဂါလံ ၂၄၀၀ ဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တင်ဒါ စည်းကမ်းချက်များနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/ မရှိ ကြည့်ရှုစစ်ဆေးရာ မြင့်မိုရ်စံထားကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးလှမင်း က ကျေးလက်နေပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာရရှိစေရေးအတွက် သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေးပြည့်မီအောင် ဆောင်ရွက်ထားရှိမှုများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြပေးခဲ့သည်။ ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြသက်ထွေးနှင့် တာဝန်ရှိသူများအဖွဲ့သည် ကျေးရွာအတွင်း ဒေသခံပြည်သူများ သောက်သုံးရေလေလွင့်ဆုံးရှုံးမှု နည်းပါးစေရန် အဝီစိစက်ရေတွင်းမှ အိမ်တိုင်ရာရောက် ရေပိုက်လိုင်းသွယ်တန်း၍ သောက်သုံးရေ ရယူသုံးစွဲနေမှုများကို သွားရောက်ကြည့်ရှု စစ်ဆေးကြပြီး ကျေးရွာရှိ ရေကော်မတီဝင် များနှင့် တွေ့ဆုံ၍ သောက်သုံးရေပြတ်လပ်မှုမဖြစ်စေရေးအတွက် တူးဖော်ဆောင်ရွက်ပြီးစီးသည့် အဝီစိစက်ရေတွင်းအား ဝိုင်းဝန်း ထိန်းသိမ်းကာကွယ် စောင့်ရှောက်သွားရန် ရှင်းလင်းဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။


          ယခုအခါ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ရွာသစ်ကလေးကျေးရွာတွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်၊ ဌာနခွင့်ပြုရန်ပုံငွေဖြင့် လေးလက်မအဝီစိစက်ရေတွင်းအား အောင်မြင်စွာ တူးဖော်ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့် ကျေးရွာရှိ အိမ်ထောင်စု ၁၁၆ စု၊ လူဦးရေ ၄၅၈ ဦးအတွက် ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲခွင့်ရရှိစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။   ရဲဝင်းနိုင် (ညောင်ဦး)

0 comments:

Post a Comment