Tuesday, April 30, 2019

ငဖဲမြို့နယ်​ စည်​သာ ​ကျေးရွာတွင်​​ သန့်​ရှင်း​သောသောက်​သုံးရေဂါ လန်​ ၃၅၀၀ ဖြန့်​​ဝေ​ပေး



ငြိမ်းသူ(စလင်း)
ငဖဲ  ဧပြီ   ၂၈
===============
မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးခရိုင်​၊ ငဖဲ မြို့နယ်​ စည်​သာ​ကျေးရွာတွင်​ ​​နွေရာသီကာလ ​သောက်​သုံး​ရေပြတ်​လပ်​မှု့မရှိ​စေ​ရေး နှင့်​ သန့်​ရှင်း​သော​သောက်​သုံး​ရေရရှိ​​​စေရေး အတွက်​ ယ​နေ့နံနက်​ပိုင်းက ​ရေဂါလန်​ ၃၅၀၀ ဖြန့်​​ဝေ​ပေးခဲ့​ကြောင်း ငဖဲမြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီး ဌာန မြို့နယ်​ဦးစီးမှူး ဦးယုနိုင်​လင်း က​ပြောပြ၍ သိရသည်​။

စည်​သာကျေးရွာတွင်​ ယ​နေ့နံနက်​ ၁၀နာရီက အိမ်​​ခြေ ၂၀၈ အိမ်​ လူဦး​ရေ ၈၆၃ ဦးတို့ အား ​ရေဂါလန်​ ၃၅၀၀ ကို ​ကျေးရွာ​မြေသား​ရေကန်​မှ ​ရေများအား မ​ကွေးတိုင်း​ဒေသကြီး ​ကျေးလက်​ဦးစီးဌာန ပိုင်​ရွေ့လျား ရေသန့်​စင်​ယာဉ်​ဖြင့်​ ​ရေများ သန့်​စင်​ကာ ဖြန့်​​ဝေ​ပေးခဲ့​ကြောင်းသိရသည်​။

စည်​သာ ​ကျေးရွာတွင်​ ​မြေ​အောက်​​ရေ​အောင်းလွှာမရှိသဖြင့်​ အဝီစိစက်​​ရေတွင်း တူး​ဖော်​၍ မရနိုင်​​သော​ကြောင့်​ သောက်​သုံး​ရေ ရရှိ​ရေးအတွက်​ ​​ကျေးရွာပိုင်​မြေသား​ရေကန်​ ငါးကန်​ကိုသာ ​သောက်​သုံး​ရေရရှိ​ရေး အတွက်​ အားကိုး​နေရ​ကြောင်း ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦး​ဌေးမြင့်​ က​ပြောပြ၍သိရသည်​။
ဆက်​လက်​၍ ငဖဲမြို့နယ်​အတွင်းရှိ ​ကျေးရွာများ ​သောက်​သုံး​ရေရှားပါးပြတ်​လပ်​ပါက ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီဌာနရုံးသို့ တင်​ပြအကူအညီ​တောင်း ခံနိုင်​​ကြောင်း မြို့နယ်​ဦးစီးမှူးဦးယုနိုင်​လင်း က​ပြောပြခဲ့သည်​။

- ငြိမ်းသူ(စလင်း)

0 comments:

Post a Comment