Wednesday, April 3, 2019

ရွာသစ်​​ကျေးရွာ လယ်​ယာကုန်​ထုတ်​လမ်း အားတာဝန်​ရှိသူများမှ ကွင်းဆင်းစစ်​​ဆေး

ရွာသစ်​​ကျေးရွာ လယ်​ယာကုန်​ထုတ်​လမ်း အားတာဝန်​ရှိသူများမှ ကွင်းဆင်းစစ်​​ဆေး
=============================
ငြိမ်းသူ(စလင်း)
ပွင့်​ဖြူ   ဧပြီ   ၃
============
ပွင့်​ဖြူမြို့နယ်​ ရွာသစ်​​ကျေးရွာလယ်​ယာကုန်​ထုတ်
လမ်း​အား မ​ကွေးတိုင်း​ဒေသကြီး ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန တိုင်း​ဒေသကြီးဦးစီးမှူး ဦးမျိုး​အောင်​(ညွှန်​ကြား​ရေးမှူး)၊မင်းဘူးခရိုင်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှ ခရိုင်​ဦးစီးမှူး ဦးတင့်​လွင်​ဦး
(ဒုတိယညွှန်​ကြား​ရေးမှူး) နှင့်​ ဝန်​ထမ်းများ
မှ ယ​မန်​​နေ့က  ကွင်းဆင်းကြည့်​ရှု့စစ်​​ဆေး ခဲ့​ကြောင်း သိရသည်​။
ရွာသစ်​​ကျေးရွာ ကုန်​ထုတ်​လမ်းကို ​ကျေးလက်​ ​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီ
ဌာန ခွင့်​ပြုရန်​ပုံ​ငွေကျပ်​ ၃၀ ဒသမ ၇၈ သန်း
ဖြင့်​ အလျား ၁ မိုင်​ ၅ ဒဿမ ၈ ဖာလုံ၊ အကျယ်​ ၁၀ ​ပေ၊ ထု ၉ လက်​မ ​မြေနီ​ကျောက်​စရစ်​ခင်းခြင်းလုပ်​ငန်းဖြစ်​ပြီး
ခင်​​ဇော်​တိုးကုမ္ပဏီက တာဝန်​ယူ​ဆောင်​ရွက်
ကာ ​ဖေ​ဖော်​ဝါရီလဆန်း ပိုင်းကတည်းက စတင်​​ဆောင်​ရွက်​ခဲ့ခြင်းဖြစ်​သည်​။ ယခုအခါ
အဆိုပါလုပ်​ငန်း တစ်​ခုလုံးပြီးစီး​နေပြီ ဖြစ်​ ​ကြောင်း မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုး တက်​​ရေးဦးစီးဌာန မြို့နယ်​ဦးစီးမှူး
ဦးလှ​ဌေး​မောင်​က ​ပြောသည်​။

အဆိုပါကုန်​ထုတ်​လမ်း​ဖောက်​လုပ်​​ပေးမှု့
ကြောင့်​ ​တောင်​သူဦး​ရေ ၁၀၀ ​ကျော်​တို့၏
လယ်​​မြေဧက  ၃၀၀ ခန့်​အား အကျိုးပြုမည်
ဖြစ်​​ပြီး ယင်းလယ်​များမှထွက်​​သော စပါးနှင့်
အခြားသီးနှံများ ​ဈေးကွက်​သို့ အချိန်​မီ
ရောက်​ရှိပြီး ​ဈေး​ကောင်းများ ရရှိနိုင်​မည်
ဖြစ်​သည်​ဟု မြို့နယ်​ဦးစီးမှူး က ဆက်​လက်​​ပြောပြသည်​။
``ကျွန်​​တော်​တို့ရွာမှာ မိုးစပါး ​နွေစပါး နှစ်​သီးစိုက်​ လယ်​ဧက  ​၃၀၀ ခန့်​ရှိပြီး ကုန်​ထုတ်​လမ်း မရှိတဲ့အတွက်​ ​ဒေသထွက်​ကုန်​​တွေကို ​ရေဆိုးထုတ်​​မြောင်းက​နေ ခက်​ခဲစွာ
ဖြတ်​သန်းသွားလာ သယ်​ယူ ​ခဲ့ရတယ်​၊
လယ်​ယာသုံးစက်​ကြီး​တွေ ဝင်​ထွက်​ဖို့ခက်​တဲ့အတွက်​ထွက်​ကုန်​​တွေ ​ဈေးကွက်​ကို အချိန်​မီ မ​ရောက်​နိုင်​တဲ့အတွက်​ နစ်​နာမှု​တွေကြုံ​တွေ့​ခဲ့ရတယ်​´´  ``ယခုအချိန်​မှာ​တော့ ကုန်​ထုတ်​လမ်း ပြီးစီးသွားပြီဖြစ်​တဲ့အတွက်​လယ်​ယာထွက်​ကုန်​​တွေကိုပွင့်​ဖြူ
၊ စလင်း မြို့ ရှိ​ဈေးကွက်​သို့ အချိန်​ကုန်​ စရိတ်​သက်​သာစွာတင်​ပို့ ​ရောင်းချသွားနိုင်​​တော့မည်​´´ဟုရွာသစ်​ ကျေးရွာ​နေ တောင်​သူ ဦးဟန်​မင်း​အောင်​ က ​ပြောပြ၍သိရသည်။

Source- ငြိမ်းသူ(စလင်း)

0 comments:

Post a Comment