Tuesday, April 9, 2019

စလင်းမြို့နယ်​ ကြိမ်​​မြောင်း​ကျေးရွာ၌ အိမ်​တိုင်​ရာ​ရောက်​​ ​သောက်​သုံး​ရေရရှိ​ရေး ​ဆောင်​ရွက်​​ပေး



ငြိမ်းသူ(စလင်း)
စလင်း  ဧပြီ   ၉
===============
မ​ကွေးတိုင်း​ဒေသကြီး စလင်းမြို့နယ်​ ဇရပ်​လှ​ကျေးရွာအုပ်​စု ကြိမ်​​မြောင်း​ကျေးရွာ သည်​ စလင်းမြို့၏ အ​နောက်​​မြောက်​ဘက်​ ၂မိုင်​ခန့်​ အကွာတွင်​တည်​ရှိ​ပြီး အိမ်​​ခြေ ၅၄အိမ်​ လူဦး​ရေ ၂၈၃ ဦး​နေထိုင်​လျက်​ရှိ​သော ​ကျေးရွာတစ်​ရွာဖြစ်​သည်​။

အဆိုပါ​ကျေးရွာတွင်​ ၁၉၇၈-၁၉၇၉ ခုဘဏ္ဍာနှစ်​ မ​ကွေးစက်​မှု၂ တိုင်းရုံးမှ စက်​​ရေတွင်း ​ရေစုကန်​နှင့်​ အင်​ဂျင်​​လေမှုတ်​စက်​တို့တပ်​ဆင်​​ပေးခဲ့ပြီး ၁၉၈၉ ခုနှစ်​တွင်​ နယ်​သာလန်​ နိုင်​ငံ အလှူရှင်​များမှ ​ပေ၄၀အမြင့်​ ရှိစင်​မြင့်​​ရေစင်​တစ်​ခု၊  Petter Engine နှင့်​ Mono ပန့်​အား ​ပြောင်းလဲတပ်​ဆင်​ လှူဒါန်း​ပေးခဲ့သည်​။

၁၉၉၈ ခုနှစ်​​နောက်​ပိုင်းတွင်​ စက်​​မောင်းဆီခ ​ကောက်​ခံ၍မရခြင်း၊ လက်​နှိပ်​တုံကင်​တွင်း များ ​ပေါ်​ပေါက်​လာခြင်းတို့​ကြောင့်​ ၄င်းစက်​​ရေတွင်းအား ​မောင်းနှင်​သုံးစွဲခြင်းမပြုကြ​တော့​ပေ။ ထိုသို့သုံးစွဲခြင်းမပြုခဲ့သည်​မှာ နှစ်​​ပေါင်း ၂၀ခန့်​ကြာမြင့်​​နေပြီဖြစ်​၍ ၄င်းစက်​​ရေတွင်းအားပြုပြင်​၍ ​သောက်​သုံး​ရေ ရရှိ​ရေး​ဆောင်​​ရွက်​ပေးပါရန်​ တင်​ပြ​တောင်းခံခဲ့​ကြောင်း ကြိမ်​​မြောင်း​ကျေးရွာ​နေ ဦး​ကျော်​ဇင်​​အောင်​ က ​ပြောပြသည်​။

ထိုသို့​တောင်းခံခဲ့မှု​ကြောင့်​ စလင်းမြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီး ဌာနမှ ကြိမ်​​မြောင်း​ကျေးရွာတွင်​ သန့်​ရှင်း​သော​သောက်​သုံး​ရေ ရရှိ​ရေးအတွက်​ ​လေးလက်​မခွဲ အနက်​​ပေ ၃၀၀ ရှိ​သော စက်​​ရေတွင်း တစ်​တွင်းအား ၂၀၁၈ခု၆လဘဏ္ဍာ နှစ်​က ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီး ဌာန  မွမ်းမံ ရန်​ပုံ​ငွေ ၆ ဒဿမ ၅သန်းဖြင့်​ တူး​ဖော်ေ​ဆာင်​ရွက်​​ပေးခဲ့သည်​။

ဆက်​လက်​၍ကျေးလက်​​သေဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှ  ၂၀၁၈-၂၀၁၉ ခုဘဏ္ဍာနှစ်​ နိုင်​ငံ​တော်​​ထောက်​ပံ့ရန်​ပုံ​ ငွေ ၅ ဒဿမ ၉ သန်း ကျပ်​ ဖြင့်​ အိမ်​တိုင်​ရာ​ရောက်​​သောက်​သုံး​ရေ ရရှိ​ရေး ​ရေမီတာစနစ်​ဖြင့်​ ​ဆောင်​ရွက်​ခြင်းလုပ်​ငန်းကို ယခုနှစ်​ ဇန်​နဝါရီ လအတွင်းကစတင်​ ​ဆောင်​ရွက်​ခဲ့ရာ ယခုအချိန်​တွင်​ လုပ်​ငန်း အားလုံးပြီးစီး၍ ​သောက်​သုံး​ရေများဖူလုံစွာ ရရှိ​နေပြီဖြစ်​​ကြောင်း မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီဌာန မြို့နယ်​ဦးစီးမှူး ဦး​ကျော်​​ဇေယျ က​ပြောပြသည်​။

Source -  ငြိမ်းသူ(စလင်း)

0 comments:

Post a Comment