Tuesday, April 9, 2019

ဗုဒ္ဓဘာသာယဉ်ကျေးမှုသင် တန်းအောင်မြင်သူများဆုပေး ပွဲကျင်းပ




  ပေါက်  ဧပြီ 
  မကွေးတိုင်းဒေသကြီးပေါက် မြို့နယ်သံဃာ့နာရကအဖွဲ့မှ      ကြီးမှူးဖွင့်လှစ်သော(၃၅) ကြိမ်မြောက်ဗုဒ္စဘာသာယဉ် ကျေးမှုသင်တန်းအောင်မြင်သူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲအ ခမ်းအနားကို ဧပြီ၇ရက်နံနက် ပိုင်းကပေါက် မြို့ပေါက်ပင် ကျောင်းတိုက်၌ကျင်းပသည်။

  အခမ်းအနားကိုပထမဦးစွာန မောတဿ ၃ကြိမ်ရွတ်ဆို၍  အခမ်းအနားစတင်ဖွင့်လှစ်ပြီး ပေါက်မြို့ကျောင်းသစ်ဆရာ တော်သြဝါဒါစရိယဦးအာစာရမှ သြဝါဒကထာချီးမြှင့်မိန့်ကြား ခဲ့သည်။ဆက်လက်၍မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်စွာ အုန်းမှဗုဒ္စဘာသာယဉ်ကျေးမှု အနှစ်သာရအခြေခံသဘောတရားများကိုသိရှိနားလည်ပြီး အသိတရားများနှင့်အတူယှဉ် တွဲကာကျောင်းအတတ်ပညာများကိုဆက်လက်သင်ယူကာ ပညာတတ်ကြီးများဖြစ်လာ ကာနိုင်ငံတော်အတွက်သား ကောင်းရတနာ|သမီးကောင်း ရတနာလေးများပေါ်ထွက်လာမည်ဖြစ်ကြောင်းပြောကြားခဲ့ သည်။
  ထို့နောက်ဗုဒဘာသာယဉ် ကျေးမှုသင်တန်းဦးစီးကော်မတီဥက္ကဌဦးစိန်မြင့်မှသင်တန်း နှင့်သက်ဆိုင်သောအကြောင်း အရာများကိုအသေးစိတ်ရှင်း လင်းပြောကြားကာဆုရ ကျောင်းသားကျောင်းသူများကိုဆရာတော်|သံဃာတော် များနှင့်အတူတာဝန်ရှိသူများကဆုများအသီးသီးချီးမြှင့်ခဲ့ကြ သည်။
  အဆိုပါသင်တန်းတွင်သင် တန်းသား|သင်တန်းသူ ၉၅ဦး တက်ရောက်ခဲ့ကြပြီးအခမ်းအ နားကိုဗုဒ္စသာသနံစိရံတိဌတု ၃ကြိမ်ရွတ်ဆိုဆုတောင်းပြီး ရုတ်သိမ်းခဲ့ကြောင်း သိရ သည်။
ဉာဏ်တိုး(ပေါက်)

0 comments:

Post a Comment