Tuesday, April 9, 2019

ပွင့်​ဖြူမြို့နယ်​ ရွာသစ်​က​လေး ကျေးရွာတွင်​​စက်​ရေတွင်းနှင့်ဆက်​စပ်​လုပ်​ငန်းများ ​ဆောင်​ရွက်​မှုစစ်​​ဆေး

ပွင့်​ဖြူ ဧပြီ ၉
=============
မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးခရိုင်​၊ ပွင့်​ဖြူ
မြို့နယ်​ ရွာသစ်​က​လေး ​ကျေးရွာ၌ စိုက်​ပျိုး​ရေး၊ ​မွေးမြူ​ရေးနှင့်​ ဆည်​​မြောင်းဝန်​ကြီး ဌာန ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​ရေး ဦးစီးဌာန ခွင့်​ပြုရန်​ပုံ​ငွေကျပ်​၂၀ ဒသမ ၂၉၅သန်းဖြင့်​ဆောင်​ရွက်​သောစက်​​ရေတွင်း တူး​ဖော်​ခြင်းလုပ်​ငန်းကို ​ဖေ​ဖော်​ဝါရီလက စတင်​​ဆောင်​ရွက်​ခဲ့ရာ ဧပြီလ ၈ ရက်​​နေ့တွင်​ လုပ်​ငန်းအားလုံးပြီးစီး​နေပြီဖြစ်​​ကြောင်း ပွင့်​ ဖြူမြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနမှ သိရသည်​။


အဆိုပါ စက်​​ရေတွင်းတူး​ဖော်​ခြင်း လုပ်​ငန်းကို တင်​ဒါ​အောင်​မြင်​​သော မြင့်​မိုရ်​စံထား
ကုမ္ပဏီ မှ တာဝန်​ယူ​ဆောင်​ရွက်​ခဲ့ပြီး​လေးလက်​မ စက်​​ရေတွင်းတူး​ဖော်​ခြင်း၊ ​ပေ ၂၀ အမြင့်​ရှိ​သော ဂါလံ ၂၄၀၀ ဆံ့ စင်​မြင့်​​ရေစင်​​တည်​​ဆောက်​ခြင်း၊ အလျား ၁၀ ​ပေ× အနံ ၈ ​ပေ× အမြင့်​ ၈ ​ပေရှိ​သော ​ရေစက်​ရုံတည်​​ဆောက်​ခြင်းလုပ်​ငန်းများကို ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီး ဌာန ၂၀၁၈-၂၀၁၉ ဘဏ္ဍာ​ရေးနှစ်​ ခွင့်​ပြုရန်​ပုံ​ငွေ ၂၀ ဒသမ၂၉၅ သန်း ဖြင့်​​ဆောင်​ရွက်​ခြင်းဖြစ်​သည်​။

အဆိုပါစက်​​ရေတွင်းနှင့်​ဆက်​စပ်​လုပ်​ငန်း များ​ဆောင်​ရွက်​ပြီးစီးမှု့ကိုယ​နေ့ နံနက်​ပိုင်း က မင်းဘူးခရိုင်​​ကျေးလက်​​ဒေသ ဖွံ့ဖြိုး တိုးတက်​​ရေးဦးစီးဌာန တာဝန်​ခံအင်​ဂျင် နီယာ ​ဒေါ်မြသက်​​ထွေး (လက်​​ထောက်​ ညွှန်​ကြား​ရေးမှူး) က ကွင်းဆင်းစစ်​​ဆေး ​ကြောင်းသိရသည်​။

ကွင်းဆင်းစစ်​​ဆေးရာ ကုမ္ပဏီမှ မန်​​နေဂျင်း ဒါရိုက်​တာ ဦးလှမင်း က လိုက်​လံ ရှင်းလင်း ပြသသည်​။ စစ်​​ဆေးရာတွင်​ စက်​​ရေတွင်း တူး​ဖော်​ခြင်း၊ ​ရေစက်​ရုံ နှင့်​ စင်​မြင့်​​ရေစင်​ တည်​​ဆောက်​မှုလုပ်​ငန်းအားလုံး ၁၀၀ရာခိုင်​နှုန်းအထိပြီးစီး​နေပြီ ဖြစ်​​ကြောင်း ​တွေ့ရှိ ရသည်​။

ဆက်​လက်​၍ ယခုတူး​ဖော်​​ဆောင်​ရွက်​​ခဲ့သည့်​ စက်​ရေတွင်း နှင့်​ ဆက်​စပ်​လုပ်​ငန်း
များ ပြီးစီးသွားပြီဖြစ်​၍ ရွာသစ်​က​လေး ​ကျေးရွာရှိ အိမ်​​ခြေ ၁၀၂ အိမ်​မှ လူဦး​ရေ  ၅၀၀ ​ကျော်​အပါအဝင်​ ကျွဲ နွား တိရစ္ဆာန်​များပါ ​သောက်​သုံး​ရေဖူလုံစွာရရှိလာ​တော့မည်​ဟု မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးဦးစီးဌာန မြို့နယ်​ဦးစီးမှူး
ဦးလှ​ဌေး​မောင်​ က ​ပြောပြ၍သိရသည်​။

Source - ငြိမ်းသူ(စလင်း)

0 comments:

Post a Comment