Saturday, April 20, 2019

မင်းဘူးမြို့တွင်​ ဥာဏ်​​တော်​အမြင့်​ ၂၂ ​ပေရှိ နှီးဘုရား တည်​ထား ကိုးကွယ်​မည်




မင်းဘူး ဧပြီ ၂၁
 မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်​၊ မင်းဘူးမြို့၊ အမှတ်(၃)နယ်မြေ ချမ်းမြေ့သာစည် တောရကျောင်းတိုက်အတွင်းတွင်​ ဥာဏ်​​တော်​အမြင့်​ ၂၂ ​ပေရှိ နှီးဘုရား တည်​ထား ကိုးကွယ်​မည်​ဖြစ်​​ကြောင်း သိရသည်​။

 "ဥူးဇင်းတို့နှီးဘုရားကြီးကို ဒူးတော်အကျယ်(၁၈)ပေ၊ ညဏ်တော်အမြင့်(၂၂)ပေ အရွယ်​အစားနဲ့ တည်​ထားကိုးကွယ်​သွားမှာပါ၊ အလှူ ရှင်များကောင်းမှုနှင့် စတင်တည်ဆောက် နေခြင်းဖြစ်ပြီး ပလ္လင် စံကျောင်းတော်အပါအဝင် စုစုပေါင်း ကျပ်သိန်း (၅၀၀)ခန့်ကုန်ကျမယ်လို့ခန့်မှန်းထားတယ်​" ဟု ချမ်းမြေ့သာစည် တောရ ကျောင်းတိုက် ဆရာတော် ဥူး ဥာဏောဘာသ မှမိန့်ကြားသည်။

 အဆိုပါ နှီးဘုရားကြီးကို ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် သီပေါမြို့နယ်မှ နှီးလက်မှုပညာရှင်"ဦးစိုင်းကာလိန်ဒ"အပါအဝင်ပညာရှင်(၅)ဦးဖြင့်​ ၁၃၈၀ခုနှစ် တပေါင်းလပြည့်ကျော်(၁၀)ရက်နေ့မှ စတင်ဆောင်ရွက်နေပြီး ကြာချိန်တစ်လခွဲ အတွင်း အပြီးတည်ဆောက်သွားမည်ဖြစ်​​ကြောင်း သိရသည်​။
  နှီးဘုရားအတွက်​ လိုအပ်သည့် ဝါးများကို ရှမ်းပြည်မြောက်ပိုင်းတွင် ပေါက်ရောက်​သော ပိုးမထိုးနိုင်သည့် ကြိမ်မျိုးနွယ်ဝင်ဝါးများဖြင့်​ ယက်​လုပ်နေခြင်း ဖြစ်ကြောင်း သီ​ပေါမြို့နယ်​၊ နှီးလက်​မှုပညာရှင်​ ဦးစိုင်းကာလိန်ဒထံမှ သိရသည်​။
 နှီးဘုရားကြီးအား ဒေသခံများအပါအဝင်​ ​​စေတနာရှင်​များဖြင့်​ တည်​​ထား ကိုးကွယ်​ခြင်း ဖြစ်​ ​ပြီး နှီးဘုရား ဘက်​စုံတည်​ထားကိုးကွယ်​ရန်​ အတွက်​ အလှူရှင်​များ လိုအပ်​လျက်​ရှိ​ကြောင်း သိရသည်​။
 သတင်း-  မျိုးမြတ်(မင်းဘူး)၊ ဓာတ်​ပုံ-ကို​ဂျေ(မင်းဘူး)

0 comments:

Post a Comment