Thursday, April 4, 2019

ပေါက်မြို့နယ်၌(၁၀)ဘီးယာဉ် တစ်စီးပေါ်မှတရားမဝင်ပိ တောက်ခွဲသားဆိုက်စုံ(၁၆၅) ချောင်း(၁၃ဒသမ၆၅၃၂)တန်အားပိုင်ရှင်မဲ့ဖမ်းဆီးရမိ



  ပေါက်  ဧပြီ  ၎
  မကွေးတိုင်းဒေသကြီး ပေါက်
မြို့နယ်ပုသိမ်-မုံရွာကားမဘေး  သနပ်ပင်ဇင်းကျေးရွာအနီး (၁၀)ဘီးယာဉ်တစ်စီးပေါ်၌တ ရားမဝင်ပိတောက်သစ်ခွဲများ ဖမ်းဆီးရမိကြောင်း သိရ သည်။

  ဖြစ်စဉ်မှာ ဧပြီ ၃ ရက်နံနက်  ၁၁နာရီ ၁၅ မိနစ်အချိန်က ပေါက်မြို့နယ်သစ်တောဦးစီး  မှူးဦးမျိုးသိန်းထိုက်ပါသစ် တောဝန်ထမ်း(၇)ဦး|သစ်တောလုံခြုံရေးရဲတပ်ဖွဲ့မှရဲအုပ်ဝင်း ဇော်ထွန်းပါ(၂)ဦး|ရေပြာနယ် မြေရဲစခန်းမှဒုရဲအုပ်သိန်းဇော်   ထွန်းပါ(၄)ဦးနှင့်သနပ်ပင်ဇင်း  ကျေးရွာအုပ်ချုပ်ရေးမှူးတို့ပါ         ဝင်သောပူးပေါင်းအဖွဲ့သည် သတင်းအရ ပုသိမ်-မုံရွာကား    လမ်းမဘေးသနပ်ပင်ဇင်းကျေး ရွာအနီးမိုင်တိုင်အမှတ် (၃၈၅/၀)နှင့်(၃၈၅/၁)ကြား တွင်ရပ်တန့်ထားသော ယာဉ် အမှတ်မပါNISSAN DIESEl -PF-6(၁၀)ဘီးခရမ်းပြာရောင် ယာဉ်အားလူတစ်ဦးတစ် ယောက်မျှမတွေ့ရှိရပဲစစ်ဆေး ခဲ့ရာတရားမဝင်ပိတောက်ခွဲ သားဆိုဒ်စုံ(၁၆၅) ချောင်း (၁၃ ဒသမ၆၅၃၂တန်)အားပိုင်ရှင်မဲ့သိမ်းဆည်းရရှိခဲ့ပြီးအဆိုပါ သစ်များကိုမြို့နယ်သစ်တောဦးဌာနမြို့မပျိုးဥယျာဉ်သို့ သယ်ဆောင်သိမ်းဆီးထားပြီး၎င်းသစ်ပိုင်ရှင်ဖော်ထုတ်ဖမ်းဆီးနိုင်ရေးအတွက်မြို့နယ် သစ်တောဦးစီးဌာနမှသစ် တောဥပဒေအရအရေးယူ ဆောင်ရွက်ထားကြောင်း သိ ရသည်။
  ဉာဏ်တိုး (ပေါက်)

0 comments:

Post a Comment