Monday, April 1, 2019

ခန္တီးမြို့နယ် ကျေးရွာသုံးရွာ၌ ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်းေ ဆာင်​ရွက်​မှု့ ၉၀ရာခိုင်​နှုန်းပြီးစီး

ခန္တီးမြို့နယ်  ကျေးရွာသုံးရွာ၌ ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်းေ
ဆာင်​ရွက်​မှု့ ၉၀ရာခိုင်​နှုန်းပြီးစီး
====================================================
ခန္တီး ဧပြီ  ၁
==============
စစ်​ကိုင်းတိုင်း​ဒေသကြီး ခန္တီးမြို့နယ်​ အတွင်းရှိ​ကျေးရွာသုံးရွာတွင်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနက ​ကျေးရွာသုံးရွာတွင်​ ​ဒေသဖွံ့ဖြိုး​ရေးလုပ်​ငန်းများ​ဆောင်​ရွက်​လျက်​ရှိရာ ယခုအခါ ၉၀ရာခိုင်​နှုန်းပြီးစီး​နေပြီဖြစ်​​ကြောင်း အဆိုပါ ဦးစီးဌာနမှသိရသည်​။

ခန္တီးမြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ဘဏ္ဏာနှစ်​တွင်​ ​ကျေရွာဖွံ့ဖြိုး​ရေးစီမံကိန်း VDP ရန်​ပုံ​ငွေကျပ်​ ၁၀သန်း၊ ပြည်​သူထည့်​ဝင်​​ငွေ ကျပ်​ ၁ ဒသမ ၃ သန်းဖြင့်​ လင်းဖား​ကျေးရွာ၌ ​သောက်​သုံး​ရေရရှိ​ရေး​ အရှည်​​ပေ ၇၉၂၀ ​ရှိ​သော ရေပိုက်​လိုင်းသွယ်​တန်းခြင်းလုပ်​ငန်း၊ ဟိန်​စွန်း ​ကျေးရွာတွင်​စီမံကိန်း ပံ့ပိုး​ငွေ ကျပ်​ ၁၀ သန်း၊ ပြည်​သူထည့်​ဝင်​​ငွေ ကျပ်​ ၂ သန်းဖြင့်​ ​အလျား ၅၁​ပေ အနံ ၁၇​ပေ အမြင့်​ ၁၂ ​ပေရှိ​သောကျေးရွာဘက်​စုံသုံးခန်းမ ​ဆောက်​လုပ်​ခြင်းလုပ်​ငန်း၊ စိန်​နန်း​ကျေးရွာတွင်​ စီမံကိန်းပံ့ပိုး​ငွေ ကျပ်​ ၁၀ သန်း၊ ပြည်​သူထည့်​ဝင်​​ငွေ ကျပ်​ ၂ သန်းဖြင့်​ အလျား ၂၇  ​ပေ အနံ ၁၈ ​ပေ  အမြင့်​  ၉  ​ပေ ရှိ​သော ပညာ​ရေးဝန်​ထမ်းအိမ်​ရာ ၂ထပ်​​ဆောက်​လုပ်​ခြင်းလုပ်​ငန်း တို့ကို​ဖေ​ဖော်​ဝါရီလအတွင်းက စတင်​​ဆောင်​ရွက်​ခဲ့ရာ ယခုအခါ ၉၀ရာခိုင်​နှုန်းပြီးစီး​နေပြီဖြစ်​​ကြောင်း မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာန မြို့နယ်​ဦးစီးမှူး ဦးရာ​ဌေး က​ပြောပြသည်​။

အဆိုပါလုပ်​ငန်း​ဆောင်​ရွက်​​နေမှု့များကို မြို့နယ်​ဦးစီးမှူး ဦးရာ​ဌေးနှင့်​ ဝန်​ထမ်းများက ယ​နေနံနက်​ပိုင်းက ကွင်းဆင်းစစ်​​ဆေးခဲ့​ကြောင်းသိရသည်​။
စစ်​​ဆေးရာတွင်​ ​ကျေးရွာဖွံ့ဖြိုး​ရေး​ကော်​မတီဝင်​များမှ လုပ်​ငန်း​ဆောင်​ရွက်​ချက်​များအားရှင်းလင်းပြသခဲ့ပြီး၊ လင်းဖား​ကျေးရွာတွင်​ ​ရေပိုက်​များအားလုံးသွယ်​တန်းပြီး ဟိန်​စွန်း​ကျေးရွာနှင့်​စိန်​နန်း​ကျေးရွာတို့တွင်​ အ​ဆောက်​အဦ​ဆေးသုတ်​ခြင်းလုပ်​ငန်းများသာကျန်​ရှိ​တော့​ကြောင်းသိရသည်​။ လုပ်​ငန်းအားလုံးသတ်​မှတ်​စံချိန်​စံညွှန်းပြည့်​မှီ​ရေးနှင့်​သတ်​မှတ်​ဘဏ္ဏာနှစ်​အမှီပြီးစီး​ရေးအ​လေးထား​ဆောင်​ရွက်​ကြရန်​လည်းမှာကြားခဲ့သည်​။

ခန္တီးမြို့နယ်​အတွင်း ၂၀၁၈-၂၀၁၉ဘဏ္ဏာနှစ်​၌ ​ကျေးရွာဖွံ့ဖြိုး​ရေးစီမံကိန်း VDP ရန်​ပုံ​ငွေကျပ် ၁၄၀ သန်း၊ ပြည်​သူထည့်​ဝင်​​ငွေ ကျပ်​ ၅၃ ဒသမ ၃၈ သန်းဖြင့်​ ​ကျေးရွာ ၁၄ ရွာတွင်​ ဘက်​စုံသုံးခန်းမ ​ဆောက်​လုပ်​ခြင်းလုပ်​ငန်း ၇ခု၊ ဝန်​ထမ်းအိမ်​ရာ ​ဆောက်​လုပ်​ခြင်းလုပ်​ငန်း ၂ခု၊ ကွန်​ကရစ်​လမ်းခင်းခြင်းလုပ်​ငန်း ၂ခု၊ ​ရေပိုက်​လိုင်းသွယ်​တန်းခြင်းလုပ်​ငန်း ၁ခု၊ မီးကြိုးသွယ်​တန်းခြင်းလုပ်​ငန်း ၁ခု၊ ​ကျောက်​​ရော​မြေခင်းခြင်းလုပ်​ငန်း ၁ခု၊ စုစု​ပေါင်း ဖွံ့ဖြိုး​ရေးလုပ်​ငန်း ၁၄ ခုအား အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​လျက်​ရှိ​ကြောင်း မြို့နယ်​​ကျေးလက်​ဦးစီးမှူး ဦးရာ​ဌေး က​ပြောပြ၍သိရသည်​။

Source -  ငြိမ်းသူ(စလင်း)

0 comments:

Post a Comment