This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Tuesday, April 30, 2019

ငဖဲမြို့နယ်​ စည်​သာ ​ကျေးရွာတွင်​​ သန့်​ရှင်း​သောသောက်​သုံးရေဂါ လန်​ ၃၅၀၀ ဖြန့်​​ဝေ​ပေး



ငြိမ်းသူ(စလင်း)
ငဖဲ  ဧပြီ   ၂၈
===============
မ​ကွေးတိုင်း​ဒေသကြီး၊ မင်းဘူးခရိုင်​၊ ငဖဲ မြို့နယ်​ စည်​သာ​ကျေးရွာတွင်​ ​​နွေရာသီကာလ ​သောက်​သုံး​ရေပြတ်​လပ်​မှု့မရှိ​စေ​ရေး နှင့်​ သန့်​ရှင်း​သော​သောက်​သုံး​ရေရရှိ​​​စေရေး အတွက်​ ယ​နေ့နံနက်​ပိုင်းက ​ရေဂါလန်​ ၃၅၀၀ ဖြန့်​​ဝေ​ပေးခဲ့​ကြောင်း ငဖဲမြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီး ဌာန မြို့နယ်​ဦးစီးမှူး ဦးယုနိုင်​လင်း က​ပြောပြ၍ သိရသည်​။

စည်​သာကျေးရွာတွင်​ ယ​နေ့နံနက်​ ၁၀နာရီက အိမ်​​ခြေ ၂၀၈ အိမ်​ လူဦး​ရေ ၈၆၃ ဦးတို့ အား ​ရေဂါလန်​ ၃၅၀၀ ကို ​ကျေးရွာ​မြေသား​ရေကန်​မှ ​ရေများအား မ​ကွေးတိုင်း​ဒေသကြီး ​ကျေးလက်​ဦးစီးဌာန ပိုင်​ရွေ့လျား ရေသန့်​စင်​ယာဉ်​ဖြင့်​ ​ရေများ သန့်​စင်​ကာ ဖြန့်​​ဝေ​ပေးခဲ့​ကြောင်းသိရသည်​။

စည်​သာ ​ကျေးရွာတွင်​ ​မြေ​အောက်​​ရေ​အောင်းလွှာမရှိသဖြင့်​ အဝီစိစက်​​ရေတွင်း တူး​ဖော်​၍ မရနိုင်​​သော​ကြောင့်​ သောက်​သုံး​ရေ ရရှိ​ရေးအတွက်​ ​​ကျေးရွာပိုင်​မြေသား​ရေကန်​ ငါးကန်​ကိုသာ ​သောက်​သုံး​ရေရရှိ​ရေး အတွက်​ အားကိုး​နေရ​ကြောင်း ​ကျေးရွာအုပ်​ချုပ်​​ရေးမှူး ဦး​ဌေးမြင့်​ က​ပြောပြ၍သိရသည်​။
ဆက်​လက်​၍ ငဖဲမြို့နယ်​အတွင်းရှိ ​ကျေးရွာများ ​သောက်​သုံး​ရေရှားပါးပြတ်​လပ်​ပါက ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီဌာနရုံးသို့ တင်​ပြအကူအညီ​တောင်း ခံနိုင်​​ကြောင်း မြို့နယ်​ဦးစီးမှူးဦးယုနိုင်​လင်း က​ပြောပြခဲ့သည်​။

- ငြိမ်းသူ(စလင်း)

Saturday, April 27, 2019

မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၂ ၊ ၂၀၁၉ ၊ မေလ(၁-၁၅)ရက်ထွက် ဂျာနယ်ကို ဧပြီလ ၂၉ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။



မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်- ၊ ၂၀၁၉ ၊ မေ(-၁၅)ရက်ထွက် ဂျာနယ်ကို ဧပြီ၂၉ရက်နေ့ မှာ ကြိုတင်၍ဖြန့်ချိပါမည်။


မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ ဖုန်းဆက်အကြောင်းကြားပါမည်။ ဖုန်းလက်ခံသူအမည် မှတ်တမ်းတင်ထားပါသည်။ အချိန်မီ မရောက်လျှင်(၁၅)ရက်အတွင်း  (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။ ၁၅ ရက်ထက်ကျော်လွန်မှ အကြောင်းကြားလျှင် လက်ခံရယူမည့်သူများ၏ တာဝန်သာဖြစ်ပါကြောင်း လေးစားစွာကြိုတင်အသိပေးအပ်ပါသည်။

အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ်ရုံး အမှတ်()၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊မကွေး။
ဖြန့်ချိရေး ဂျာနယ်ရုံး ။  ။ အမှတ်-၅၊ ဟိန္ဒူဆိုင်တိုက်တန်း၊ ပြည်တော်သာလမ်း၊ ရွာသစ်ရပ်၊ မကွေးမြို့။
                             ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀ - ၀၆၃- ၂၀၂၅၁၉၇

အယ်ဒီတာချုပ်ရုံး ။ အမှတ်()၊ တ..ည ဆိုင်တိုက်ခန်း၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊ (ဗိုလ်ချုပ်လမ်းနှင့်ပြည်တော်သာလမ်းဆုံ အနီး)၊ မကွေးမြို့
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀
Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : https://www.facebook.com/Myaylatt-Daily-200456737190562/?epa=SEARCH_BOX

Wednesday, April 24, 2019

လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာချင်းဆက်လမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေး



ပွင့်ဖြူ       ဧပြီ        ၂၄
          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်၌ လွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာနှင့် မှရိုးကုန်းကျေးရွာ သို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက်မြေသားလမ်းအား ဂဝံမြေနီလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ဧပြီ ၂၃ ရက် ၊ နံနက် ၈ နာရီခွဲက ပွင့်ဖြူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်းနှင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည် ဖော်ရေးအဖွဲ့မှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
          ယင်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဒေသခံပြည်သူများ ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်ရန်နှင့် ကုန်စည်ကူးသန်းရောင်းဝယ်ရေးလုပ်ငန်းများ အချိန်ကုန်လူပင်ပန်း သက်သာစွာ ဆောင်ရွက်လုပ်ကိုင်နိုင်ရေးအတွက် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့် ပွင့်ဖြူမြို့နယ် ဆည်မုန်းကျေးရွာနှင့် မှရိုးကုန်းကျေးရွာသို့ ဆက်သွယ်သွားလာသည့် ကျေးရွာချင်းဆက် မြေသားလမ်း အရှည်ပေ ၃၃၀၀ အား ဂဝံမြေနီလမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုအခြေအနေအား သတ်မှတ် စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေးပြည့်မီခြင်း ရှိ/ မရှိ ကြည့်ရှုစစ်ဆေးရာ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဝင်များက ဒေသဖွံ့ဖြိုးရေးအတွက် ရေရှည်အသုံးပြုသွားလာနိုင်အောင် စနစ်တကျ လုပ်ငန်း ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
          ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့် ဆန်းနှင့် မြို့နယ်ဖွံ့ဖြိုးရေးလုပ်ငန်းအကောင်အထည်ဖော်ရေးအဖွဲ့မှ တာဝန်ရှိသူများက နိုင်ငံတော်မှ ဒေသခံကျေးလက် နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဘဏ္ဍာနှစ်အလိုက် ဖွံ့ဖြိုးရေးရန်ပုံငွေများ ခွဲဝေချထားပေး လျက်ရှိပြီး ကျေးရွာပြည်သူများအနေဖြင့် မိမိတို့ကျေးရွာအတွက်ရရှိသည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသအတွက် အမှန်တကယ်အကျိုးရှိအောင် ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်နှင့် ယခု ဆောင်ရွက်ပြီးစီး သည့် ကျေးရွာချင်းဆက်လမ်းအား ကျေးလက်နေပြည်သူများ ရေရှည်အသုံးပြုသွားလာနိုင်အောင် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်သွားကြရန် ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။
          ယခု ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေ သိန်း ၁၀၀၀ ဖြင့် ကျေးရွာအုပ်စု ၂၄ အုပ်စုတွင် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ၂၄ ခု အကောင်အထည်ဖော် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း သိရသည်။  ရဲဝင်းနိုင် (ညောင်ဦး)

ပွင့်ဖြူမြို့နယ်၌ တောင်သူများ ဈေးကွက်ပိုမိုရရှိစေရေးအတွက် အော်ဂဲနစ် စိုက်ပျိုးရေးနည်းပညာဖြင့် နွေနှမ်းသီးနှံ ၁၂၅ ဧက စမ်းသပ်စိုက်ပျိုး ဆောင်ရွက်ထားရှိ



ပွင့်ဖြူ       ဧပြီ      ၂၃
          မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် ယခု ၂၀၁၈ - ၂၀၁၉ ခုနှစ် ၊ နွေသီးနှံ စိုက်ပျိုးရာသီတွင် မြို့နယ်အတွင်းရှိ တောင်သူများ ဈေးကွက်ပိုမိုရရှိစေရန်အတွက် ရည်ရွယ်၍ အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာဖြင့် နွေနှမ်းသီးနှံ ၁၂၅ ဧက စမ်းသပ်စိုက်ပျိုး ဆောင်ရွက်ထားရှိကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် ထံမှ သိရသည်။
         
တောင်သူများ နှမ်းသီးနှံစိုက်ပျိုးရာတွင် ဈေးကွက်ပိုမိုရရှိစေရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေသော အော်ဂဲနစ်နည်းပညာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ အော်ဂဲနစ် စိုက်ပျိုးရေးနည်းပညာဖြင့် နှမ်းသီးနှံစိုက်ပျိုးမှုအား အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပြီး ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၏ ပံ့ပိုးကူညီမှုဖြင့် အော်ဂဲနစ် နည်းပညာဖြင့် နွေနှမ်းသီးနှံ ၁၂၅ ဧက စမ်းသပ်စိုက်ပျိုးခြင်းကို ပွင့်ဖြူမြို့နယ် ညောင်ပင်ရွာကျေးရွာ ၊ အင်းဒေါင်းကျေးရွာနှင့် ကံသာကြီးကျေးရွာတို့မှ တောင်သူဦးရေ စုစုပေါင်း ၁၆ ၏ နွေနှမ်းစိုက်ပျိုးလယ်ယာမြေတွင် စိုက်ပျိုးဆောင်ရွက်ထားရှိကြောင်း သိရသည်။
          ယခု ၂၀၁၈ - ၂၀၁၉ ခုနှစ် ၊ နွေသီးနှံစိုက်ပျိုးရာသီမှာ မြို့နယ်အတွင်း နှမ်းစိုက်ပျိုးတောင်သူများ နှမ်းသီးနှံ စိုက်ပျိုးရာတွင် ဈေးကွက်ပိုမိုရရှိစေရန်နှင့် စားသုံးသူပြည်သူများ ဘေးအန္တရာယ် ကင်းဝေးစေသော အော်ဂဲနစ် နည်းပညာ သီးနှံစိုက်ပျိုးထုတ်လုပ်မှု အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီးတော့ ကျွန်တော်တို့မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီမှုနဲ့ နွေနှမ်း ၁၂၅ ဧက အား အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာဖြင့် စိုက်ပျိုးဆောင်ရွက် ထားပါတယ်။ တောင်သူတွေ အော်ဂဲနစ်နည်းပညာဖြင့် စိုက်ပျိုးထားရှိတဲ့ နွေနှမ်းသီးနှံအတွက် ဈေးကွက်ရရှိရေးကို တော့ မစ်ဇူဘစ်ရှီ ကုမ္ပဏီနဲ့ ချိတ်ဆက် ဆောင်ရွက်ထားရှိပြီးဖြစ်ပါတယ်။ ဒါ့အပြင် အော်ဂဲနစ်နည်းပညာဖြင့် စိုက်ပျိုး ဆောင်ရွက်ထားရှိတဲ့ နှမ်းသီးနှံစိုက်ခင်းတွေ သီးနှံအထွက်နှုန်း ပိုမိုရရှိစေရေးအတွက် (OAFADG )အဖွဲ့မှ လိုအပ်သည့် သဘာဝပိုးသတ်ဆေး ပြုလုပ်သုံးစွဲနည်း ၊ သီးနှံအပင်အားဆေးနှင့် သဘာဝဆေးဖော်စပ်အသုံးပြုနည်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးထားပါတယ်။ ကျွန်တော်တို့ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့က သီးနှံစိုက်ပျိုးပြီးချိန်မှ သီးနှံရိတ်သိမ်း ချိန်အထိ သီးနှံအောင်မြင်ဖြစ်ထွန်းမှုအခြေအနေ မှတ်တမ်းပြုစုခြင်းနှင့် ပညာပေးခြင်းလုပ်ငန်းများကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးထားပါတယ်။ အော်ဂဲနစ်စိုက်ပျိုးရေးနည်းပညာဖြင့် နှမ်းသီးနှံစိုက်ပျိုးခြင်းကို ယခုနှစ်မှ စတင် စမ်းသပ် စိုက်ပျိုးခြင်းဖြစ်ပြီး တောင်သူများအတွက် အကျိုးအမြတ် အောင်မြင်ဖြစ်ထွန်းမှုများ ရရှိလာပါက ကျန်ရှိသည့် ကျေးရွာ များမှ တောင်သူများကို စည်းရုံးဆောင်ရွက်ကာ အော်ဂဲနစ်နည်းပညာ နှမ်းစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍကို တိုးချဲ့စိုက်ပျိုး ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဟု ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးလှိုင်မြင့် က ပြောပြ၍ သိရ သည်။ 
  ရဲဝင်းနိုင် (ညောင်ဦး)

နတ်မောက်မြို့ယင်းချောင်းသာတွင်စုပေါင်းသန့်ရှင်းရေးပြုလုပ်



နတ်မောက်           ဧပြီ ၂၅
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့ယင်းချောင်းသာတွင်စုပေါင်းသန့်ရှင်းရေးကိုဧပြီ၂၅ရက်နံနက်၇နာရီခွဲအချိန်ကစုပေါင်းသန့်ရှင်းများပြုလုပ်ခဲ့ကြသည်။

အဆိုပါစုပေါင်းသန့်ရှင်းရေးသို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ဇော်ဝင်း၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိဦးသိန်းဌေး၊မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူးဦးဌေးမော်နှင့်မီးသတ်တပ်ဖွဲ့ဝင်းများ၊နတ်မောက်မြို့ပေါ်ပရဟိတအဖွဲ့များကစုပေါင်း၍နတ်မောက်မြို့ယင်းချောင်းသာတွင်သင်္ကြန်ရက်များကရေကစားသူများနှင့်အပန်းဖြေ၍စားသုံးနိုင်ရန်ပြည်သူများအားလာရောက်ရောင်းချသည့်ဈေးဆိုင်များမှစွန့်ပစ်သည့်အမှိုက်များနှင့်ချောင်းဘေးဝဲယာများမှပလပ်စတစ်အိတ်များကိုမြို့နယ်စည်ပင်သာယာရေးအမှိုက်သိမ်းကားဖြင့်သည်ဆောင်၍မြို့နှင့်ဝေသည့်နေရာတွင်စွန့်ပစ်ခဲ့ကြကြောင်းသိရသည်။လှဝင်း(နတ်မောက်)