Sunday, March 31, 2019

(၂/၂၀၁၉) ကြိမ်မြောက် မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ အစည်းအဝေးပြုလုပ်




မင်းဘူး                မတ်    ၂၈
          ထုတ်ကုန်လုံခြုံမှု ရှိစေရန်နှင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ ယနေ့နံနက် (၁၀) နာရီအချိန်က (၂/၂၀၁၉) ကြိမ်မြောက် မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ အစည်းအဝေးကို မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
          အစည်းအဝေး အခမ်းအနားတွင် မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးဥက္ကဌ (ကိုယ်စား) ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စုစုထွန်းက စားသုံးသူအကာကွယ်ပေးရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် မင်းဘူးခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ပြီး အမှာစာများ ဖတ်ကြားခဲ့သည်။ ထို့နောက် ဆုံးဖြတ်ချက်များ အတည်ပြုရယူခဲ့ပြီး မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးဥက္ကဌ (ကိုယ်စား) ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
          အဆိုပါ အခမ်းအနားသို့ မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးဥက္ကဌ (ကိုယ်စား) ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စုစုထွန်း၊ မင်းဘူးခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ အသီးသီး တက်ရောက်ကြကြောင်း သိရသည်။
                                                                                        မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment