Thursday, March 28, 2019

ချောက်မြို့နယ် ရှားပင်​ကျေးရွာ၌ အလိုအ​လျောက်​ ရေတင်​နိုင်​​ရေး ထရန်​စ​ဖော်​မာ တပ်​ဆင်​​ပေး


ချောက်   မတ်    ၂၇
=================
မြန်မာနိုင်ငံ အလယ်​ပိုင်း အပူပိုင်းဇုန်တွင်
ပါဝင်သော မကွေးတိုင်းဒေသကြီး ချောက် မြို့နယ်  ဂွေးချို ကျေးရွာအုပ်စု  ရှားပင်
ကျေးရွာတွင်​ သောက်သုံးရေ ရရှိ​ရေးအ
တွက်​ ​ကျေးရွာနှင့်​ ၂ မိုင်​ခန့်​​ဝေးကွာ​သော
ကျေးရွာပိုင်​စက်​​ရေတွင်းမှ ဒီဇယ်​အင်​ဂျင်​ ဖြင့်​ ​ရေတင်​၍ ​ကျေးရွာအတွင်းသို့ အိမ်​တိုင်​ ရာ​ရောက်​ ​ရေရရှိ​ရေး ရေမီတာစနစ်​​ဖြင့် ​သောက်​သုံး​ရေများရယူသုံးစွဲ လျက်​ရှိ​ကြောင်း သိရသည်​။
``ထိုသို့သုံးစွဲလာသည်​မှာ အချိန်​ကာလ ၃ နှစ်​ခန့်​ရှိ​နေပြီဖြစ်​ပြီး အချိန်​ကာလ ကြာမြင့်
လာ သည်​နှင့်​အမျှ စက်​​မောင်းဆီ အကုန်​အကျများပြားခြင်း၊ ​ရေစက်​​မောင်းရန်​နှင့်​ ​စောင့်​​ရှောက်​ခ​ပေး​ချေရခြင်
းတို့အတွက်​ ကုန်​ကျစရိတ်​များပြားလာကာ ​ရေမီတာခ မှာ တစ်​ယူနစ်​လျင်​ကျပ်​၇၀၀ ခန့်​အထိ ပေး​ချေ​နေရသည်​´´ဟု ရှားပင်​ ​ကျေးရွာ​နေ ရေကော်မတီ ဥက္ကဌ ဦးမြင့်ကြည် က ​ပြောသည်​။
 
ထိုသို့ ​ရေမီတာခများ မြင့်​မား​နေခြင်း​ကြောင့်​အလို​လျောက်​​ရေတင်​နိုင်​​ရေးအတွက်​ ဒီဇယ်​အင်​ဂျင်​ အစား ထရန်​စ​ဖော်​မာ ဖြင့်​အစားထိုး​ပြောင်းလဲတပ်​ဆင်​နိုင်​​ရေးအတွက်
ချောက်​မြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုး တက်​​ရေးဦးစီးဌာနရုံးသို့ ရန်​ပုံ​ငွေများ ချထား​ပေးနိုင်​​ရေးအတွက်​ တင်​ပြအကူအညီ ​တောင်းခံခဲ့​ကြောင်းသိရသည်​။

ထိုသို့အကူအညီ​တောင်းခံမှု​ကြောင့်​ စိုက်​ပျိုး​ရေး ​မွေးမြူ​ရေးနှင့်​ ဆည်​​မြောင်းဝန်​ကြီးဌာန ​ချောက်​မြို့နယ်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်​တွင်​ ​ကျေးရွာဖွံ့ဖြိုး​ရေးစီမံကိန်း ခွင့်​ပြု​ငွေ ကျပ်​ ၁၀ သန်း နှင့်​ ​ကျေးရွာပြည်​သူထည့်​ဝင်​​ငွေ ကျပ်​ ၆ ဒသမ ၂၆၅၃ သန်းတို့ဖြင့်
၁၁ ​ကေဗွီ​အေဓာတ်​အားလိုင်း ၂၄၀ ​ပေသွယ်​တန်းခြင်း၊ ၅၀ ​ကေဗွီ​အေ ထရန်​စ​ဖော်​မာ တစ်​လုံး တပ်​ဆင်​ခြင်း လုပ်​ငန်း
တို့အားယခုနှစ်​ ​ဖေ​ဖော်​ဝါရီ လအတွင်းက ​စတင်​ဆောင်​ရွက်​ခဲ့ရာယခုအချိန်​တွင်​ လုပ်​ငန်းအားလုံး ပြီးစီး​နေပြီဖြစ်​​ကြောင်း မြို့နယ်ကျေးလက်​​ဦးစီးမှူး ဒေါ်​မေသက်​နိုင်​က ​ပြောပြသည်​။
 
''အဆိုပါလုပ်​ငန်းများ ​ဆောင်​ရွက်​ပြီးစီးမှု့​ကြောင့်​ ရှားပင်​​ကျေးရွာ​နေ အိမ်ခြေ ၂၃၁ အိမ်မှ လူဦးရေ ၁၀၃၉ ဦး တို့မှာ ယခင်​ ​ရေမီတာခ တစ်​ယူနစ်​လျှင်​ ကျပ်​ ၇၀၀ခန့်​မှ ယခုအချိန်​တွင်​ ကျပ်​၃၀၀ ခန့်​ဖြင့်​သာ ​သောက်​သုံး​ရေများဖူလုံစွာ သုံးစွဲ​နိုင်တော့မည်''ဟု​. ကျေးရွာရေကော်မတီ ဥက္ကဌ ဦးမြင့်ကြည်  က ​ပြောပြသည်​။

Source -  ငြိမ်းသူ(စလင်း)

0 comments:

Post a Comment