This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.This theme is Bloggerized by Lasantha Bandara - Premiumbloggertemplates.com.

Sunday, March 31, 2019

ဆိုလာပြားအပူလွန်ကဲရာမှမီးလောင် မှုဖြစ်ပွါး


နတ်မောက် မတ်လ( ၂၉ )
မကွေးခရိုင်နတ်မောက်မြို့နယ်တွင်းကြီး
ကျေးရွာအုပ်စုရေယိုကျေးရွာတွင်ယမန်နေ့ညနေ(၄း၀၀)နာရီကမီးလောင်မှုဖြစ်ပွါးကြောင်းသတင်းအရနတ်မောက်မြို့နယ်ရဲမှူးရဲမှူးအောင်သန်းမြင့်နတ်မောက်မြို့စခန်းမှူးဒုရဲမှူးကျော်ကျောင်စိုးဦးစီး၍တာဝန်မှူးဒုရဲအုပ်သောင်းလှပါတပ်ဖွဲ့ဝင်(၈)ဦးတို့သည်နတ်မောက်မြို့နယ်မီးသတ်ဦးစီးမှူးကိုသက်ကိုပါတပ်ဖွဲ့ဝင်(၆)ဦး၊မီးသတ်ရေယာဉ်(၂)စီးနှင့်အတူအခင်းဖြစ်အရပ်သို့စစ်ဆေးမှုများဆောင်ရာ၎င်းကျေးရွာနေဦးမြင့်ဦး၏နေအိမ်ဝိုင်းအတွင်းရှိနွားတင်းကုတ်ခေါင်မိုးပေါ်တွင်တင်ထားသည့်ဆိုလာပြားနှင့်ဘက်ထရီအိုးအားဆက်သွယ်ထားသည့်ဝါယာကြိုးမှတဆင့်ရှော့ဖြစ်ပြီး၎င်းဝါယာကြိုးမှတစ်ဆင့်နွားတင်းကုတ်အားမီးစွဲလောင်ကာနွာစားများမီးစွဲလောင်ကျွမ်းသဖြင့်ကျေးရွာနေပြည်သူလူထုနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀)ဦးတို့မှဝိုင်းဝန်း၍မီးငြိမ်းသတ်နိုင်ခဲ့သည်။
မီးလောင်ကျွမ်းမှုကြောင့်(၃)ပင်(၂)ပင်
အလျှား(၁၅)ပေအနံ(၁၀)ပေအမြင့်(၁၂)ပေရှိနွားတင်းကုတ်တစ်လုံးကာလတန်ဖိုး(၁၅၀၀၀)ဖိုးခန့်ဆုံးရှုံးခဲ့ကြောင်းစစ်ဆေးတွေ့ရှိရ၍ဆိုလာဘက်ထရီအိုးအားမီးလောင်ကျွမ်းမှုဖြစ်အောင်ပေါ့ဆစွာသုံးစွဲခဲ့သူဦးမြင့်ဦးအပေါ်ဥပဒေအရအရေးယူပေးပါရန်ဒုရဲအုပ်သောင်းလှမှတရားလိုပြုလုပ်တိုင်တန်းသဖြင့်နတ်မောက်မြို့မရဲစခန်းမှအမှုရေးဖွင့်ပြီးဒုရဲအုပ်သောင်းလှမှစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်းသိရသည်။
-----------------------
သန်းဝင်းထွန်း ( မြို့သစ် )

ညောင်ကုန်းကျေးရွာမှဆားတဲကျေးရွာသို့သွားသောလူသွားလမ်းဘေး၌ပုတ်ပွနေသောလူသေအလောင်းတွေ့ရှိ


မြို့သစ် မတ်လ(၂၈)
မကွေးခရိုင်မြို့သစ်မြို့နယ်ညောင်ကိုင်း
ကျေးရွာအုပ်စုညောင်ကုန်းကျေးရွာအနီးမတ်လ(၂၇)ရက်နေ့(၁၅း၃၀)အချိန်ခန့်ကပုတ်ပွနေသောလူသေအလောင်းတွေ့ရှိကြောင်းရွာခွဲတာဝန်ခံဦးအောင်စိုးမှဖုန်းဖြင့်သတင်းပေးချက်အရအခင်းဖြစ်အရပ်သို့သက်သေဦးအောင်စိုး(ရွာခွဲတာဝန်ခံ)ဦးသိန်းဝင်း(အုပ်စုအုပ်ချုပ်ရေးမှူး)တို့နှင့်အတူသွားရောက်စစ်ဆေးရာညောင်ကုန်းကျေးရွာ၏တောင်ဘက်(၂)ဖာလုံခန့်အကွာညောင်ကုန်းမှဆားတဲသို့သွားသည့်(လူသွားလမ်း)ဘေးတွင်ပက်လက်အနေအထားဖြင့်အပုတ်နံ့ထွက်နေသောအမျိုးသားအလောင်းတစ်လောင်းအားတွေ့ရှိစစ်ဆေးရာဝတ်ဆင်ထားသောအဖြူရောင်ကွက်စိတ်ချည်ပုစိုးကော်လံပါအပြာရောင်ရှပ်အင်္ကျီဝတ်ဆင်လျှက်ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရပဲတွေ့ရသဖြင့်အလောင်းအားမှတ်တမ်းဓါတ်ပုံများရိုက်ကူပြီးရဲဆေးစာဖြင့်မြို့သစ်ဆေးရုံသို့ပို့အပ်ခဲ့သည်။
သေဆုံးမှုနှင့်ပတ်သက်၍နီးစပ်ရာ
ကျေးရွာများသို့စုံစမ်းခဲ့ရာသေဆုံးသူသည်ချောက်ကြားကျေးရွာနေဦးညိုမောင်(အသက်/၅၃)နှစ်ဖြစ်ကြောင်းနှင့်၎င်းသည်အမြဲတမ်းအရက်သောက်စားကာအရက်စွဲနေသူတစ်ဦးဖြစ်ကြောင်းကျေးရွာတွင်နေထိုင်ခြင်းမရှိနီးစပ်ရာကျေးရွာများသို့သွားလာနေထိုင်လျှက်ရှိကြောင်းလွန်ခဲ့သော(၃)ရက်ခန့်ကနေအိမ်မှထွက်သွားခဲ့ကြောင်းချောက်ကြားကျေးရွာသူကျေးရွာသားများနှင့်မိသားစုဝင်ဖြစ်သည့်ကိုဘိုအောင်၏ပြောပြချက်အရသေဆုံးသူမှာဦးညိုမောင်ဖြစ်ကြောင်းအတည်ပြုပြောကြားသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍သေဆုံးသူဦး
ညိုမောင်သေဆုံးခြင်းနှင့်ပတ်သက်၍ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်/မဟုတ်စစ်ဆေးဆောင်
ရွက်နိုင်ရန်အတွက်ရဲအုပ်အောင်တင်မှတရားလိုပြုလုပ်တိုင်တန်းသဖြင့်ဒန့်ဒလွန်ပင်နယ်မြေရဲစခန်းမှဆက်လက်စစ်ဆေးဆောင်ရွက်လျှက်ရှိ
ကြောင်းသိရသည်။
--------------------------------
သန်းဝင်းထွန်း ( မြို့သစ် )

(၂/၂၀၁၉) ကြိမ်မြောက် မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ အစည်းအဝေးပြုလုပ်




မင်းဘူး                မတ်    ၂၈
          ထုတ်ကုန်လုံခြုံမှု ရှိစေရန်နှင့် ပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာ စားသုံးနိုင်စေရန် ရည်ရွယ်၍ မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်၍ အခြားမိတ်ဖက်ဌာနများနှင့် ပူးပေါင်းကာ ယနေ့နံနက် (၁၀) နာရီအချိန်က (၂/၂၀၁၉) ကြိမ်မြောက် မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့ အစည်းအဝေးကို မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
          အစည်းအဝေး အခမ်းအနားတွင် မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးဥက္ကဌ (ကိုယ်စား) ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက အဖွင့်အမှာစကား ပြောကြားပြီး မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စုစုထွန်းက စားသုံးသူအကာကွယ်ပေးရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား ခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် မင်းဘူးခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းအဖွဲ့ဝင်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခဲ့ပြီး အမှာစာများ ဖတ်ကြားခဲ့သည်။ ထို့နောက် ဆုံးဖြတ်ချက်များ အတည်ပြုရယူခဲ့ပြီး မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးဥက္ကဌ (ကိုယ်စား) ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
          အဆိုပါ အခမ်းအနားသို့ မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးဥက္ကဌ (ကိုယ်စား) ဒုခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ဇေယျ၊ မင်းဘူးခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်စုစုထွန်း၊ မင်းဘူးခရိုင် စားသုံးသူ အငြင်းပွားမှု ဖြေရှင်းအဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ အသီးသီး တက်ရောက်ကြကြောင်း သိရသည်။
                                                                                        မျိုးမြတ်(မင်းဘူး)

အထည်နှင့် အလှကုန်ပစ္စည်းသုံးသိန်းခုနှစ်သောင်းကျော် ခိုးယူသူအားဖမ်းဆီးရမိ



မင်းဘူး                မတ်            ၂၈
          မင်းဘူးမြို့မရဲစခန်းပိုင် နယ်မြေအတွင်းခိုးဆိုးလုနှိုက်အမှုများလျော့နည်းကျဆင်းရေး၊ မှုခင်းများလျော့နည်း ကျဆင်းရေးအတွက် စဉ်ဆက်မပြတ်စစ်ဆေးဆောင်ရွက်လျက်ရှိရာမတ်လ(၂၇) ရက်နေ့ နံနက်() နာရီအချိန် ညဥ့်နက်လှည့်ကင်းဆောင်ရွက်နေစဉ် မင်းဘူး-ကျောက်တန်းလမ်း၌ မသင်္ကာသူတစ်ဦးအားစစ်ဆေးခဲ့ရာအထည်နှင့် အလှကုန်စ္စည်းသုံးသိန်းခုနှစ်သောင်းကျော် ခိုးယူသူအားဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
          ဖြစ်စဉ်မှာမင်းဘူးမြို့မရဲစခန်းမှူး ဒုရဲမှူးမြင့်ဇော်မှ အနီးကပ်ကြီးကြပ်ကွပ်ကဲ၍ မတ်လ(၂၇) ရက်နေ့ နံနက်()နာရီအချိန်တွင် နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်ငြိမ်းနှင့်အဖွဲ့၊ သက်သေအမှတ်() ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအေးလွင်အဖွဲ့နှင့်အတူညဥ့်နက်လှည့်ကင်းဆောင်ရွက်နေစဉ် မင်းဘူး-ကျောက်တန်းလမ်း၌ မသင်္ကာဖွယ်လူငယ်အားစစ်ဆေးခဲ့ရာ ၄င်းမှာ အမှတ်() ရပ်ကွက်အောင်မေတ္တာရပ်နေဦးကျော်လင်း၏ သားဖြစ်သူကျော်ကိုချစ်ဖြစ်ပြီး ၄င်းမှာမင်းဘူးမြို့အမှတ်() ရပ်ကွက်ရှိအထည်နှင့် အလှကုန်ပစ္စည်းအရောင်းဆိုင် တစ်ဆိုင်မှ ၄င်း၏ ယောက်ဖတော်စပ်သူမျိုးသိန်းထွေးနှင့် အစ်မဖြစ်သူပပ() ဖူးပွင့်တို့ဖြင့် သုံးဦးပူးပေါင်း၍ စုစုပေါင်းတန်ဖိုး (၃၇၃၆၀၀) ကျပ်ခန့်ရှိအလှကုန်နှင့် အထည်ပစ္စည်းများခိုးယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သဖြင့် အဆိုပါ ပစ္စည်းများ ခိုးယူသူ သုံးဦးအား (ပ) ၆၀၅/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၃၈၀/ကျင့်၅၄ ဖြင့် မင်းဘူးမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
                                                                                                          မျိုးမြတ်(မင်းဘူး)

ညောင်​ပင်​လှ​ကျေးရွာ၌ အလှူပွဲ၊ တရားပွဲ၊ မင်္ဂလာပွဲများပြုလုပ်​နိုင်​​ရေး ဘက်​စုံသုံး ခန်းမ ​ဆောက်​လုပ်​​ပေး

ညောင်​ပင်​လှ​ကျေးရွာ၌ အလှူပွဲ၊ တရားပွဲ၊ မင်္ဂလာပွဲများပြုလုပ်​နိုင်​​ရေး ဘက်​စုံသုံး
ခန်းမ ​ဆောက်​လုပ်​​ပေး
=============================
ငြိမ်းသူ(စလင်း)
နတ်​​မောက်​  မတ်  ၃၁
================
မ​ကွေးတိုင်း​ဒေသကြီး၊ မ​ကွေးခရိုင်​၊
နတ်​​မောက်​မြို့နယ်​၊ ညောင်​ပင်​လှ​ကျေးရွာတွင်​ အလှူပွဲ၊ တရားပွဲ၊ မင်္ဂလာပွဲများပြုလုပ်​နိုင်ေ
စရန်​ ရည်​ရွယ်​၍ ​ ​အလျား ၅၄ ​ပေ၊ အနံ ၂၇ ​ပေ၊ အမြင့်​ ၁၂ ​ပေ ရှိ​သော ​ကျေးရွာဘက်​စုံသုံး ခန်းမ တစ်​ခုအား ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉
ဘဏ္ဍာနှစ်​ ​ကျေးရွာဖွံ့ဖြိုး​ရေးစီမံကိန်း VDP ရန်​ပုံ​ငွေ ကျပ်​ ၁၀ သန်း၊ ​ကျေးရွာမှ ပြည်​သူထည့်​ဝင်​​ငွေကျပ်​ ၀ ဒသမ ၄၁၄ သန်း
ဖြင့်​ ​ ​ကျေးရွာ​နေပြည်​သူလူထုကိုယ်​တိုင်​ ယခုနှစ်​ ​ဖေ​ဖော်​ဝါရီလအတွင်း က ​စတင်​​ဆောက်​လုပ်​ခဲ့​ကြောင်းသိရသည်​။

အဆိုပါ ​ကျေးရွာဘက်​စုံသုံးခန်းမ ​ဆောက်​လုပ်​​ပေးမှု့​ကြောင့်​ ​ကျေးရွာရှိ အိမ်​​ခြေ ၂၃၀
မှ၊ လူဦး​ရေ ၁၂၇၆ တို့သည်​ ၄င်းဘက်စုံသုံး
ခန်းမအတွင်း၌အလှူပွဲ၊ တရားပွဲ၊ မင်္ဂလာပွဲ
များ အခမဲ့ ပြုလုပ်​နိုင်​​တော့မည်​ဖြစ်​​ကြောင်း မြို့နယ်​ဦးစီးမှူး ​ဒေါ်ကြည်​ကြည်​ခိုင်​ က​ပြောပြသည်​။
ဆက်​လက်​၍ နတ်​​မောက်​မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်​​ရေးဦးစီး ဌာနမှ ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်​ ​ကျေးရွာ ဖွံ့ဖြိုး​ရေးစီမံကိန်း VDP ​ထောက်​ပံ့ရန်​ပုံ​ငွေ ကျပ်​ (၁၂၀)သန်း၊ ပြည်​သူထည့်​ဝင်​​ငွေ ကျပ်​(၁၅.၉၆၆၆) သန်းဖြင့်​ ​ကျေးရွာ ၁၂ရွာတွင်​ 
ကျောက်​​ချောလမ်းခင်းခြင်းလုပ်​ငန်း ၉ ခု၊ ​​သောက်​သုံး​ရေရရှိ​ရေးလုပ်​ငန်း ၁ ခု၊ ​ကျေးရွာစာကြည့်​တိုက်​​ဆောက်​လုပ်​ခြင်း
လုပ်​ငန်း ၁ ခု၊ ​ကျေရွာဘက်​စုံသုံးခန်းမ​ဆောက်​လုပ်​ခြင်း လုပ်​ငန်း ၁ ခု တို့အား အ​ကောင်​အထည်​​ဖော်​​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်း မြို့နယ်​ဦးစီးမှူး 
ဒေါ်ကြည်​ကြည်​ခိုင်​ က​ပြောပြ၍ သိရသည်​။

Source -  ငြိမ်းသူ(စလင်း)

Thursday, March 28, 2019

မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၊ ၂၀၁၉ ၊ ဧပြီလ (၁-၁၅)ရက်ထွက် ဂျာနယ်ကို ၂၀၁၉၊ မတ်လ (၃၀)ရက်နေ့ မှာ ကြိုတင်ဖြန့်ချိပါမည်။


မြေလတ်ဂျာနယ် အတွဲ-၅၊ အမှတ်-၁၊ ၂၀၁၉ ၊ ဧပြီလ (၁-၁၅)ရက်ထွက် ဂျာနယ်ကို
၂၀၁၉၊ မတ်လ (၃၀)ရက်နေ့ မှာ ကြိုတင်ဖြန့်ချိပါမည်။
မကွေးတိုင်းဒေသကြီး ၂၅ မြို့နယ် နှင့် အခြားနယ်ပို့ ကိုယ်စားလှယ်များထံသို့ အချိန်မီ မရောက်လျှင် (၀၉-၄၄၀၂၂၅၁၀၀) ဖုန်းသို့ အကြောင်းကြားပေးစေလိုပါသည်။


နယ်များသို့ ပို့ပြီးလျှင် ဂျာနယ်တိုက်မှ ဖုန်းဆက်အကြောင်းကြားပေးပါမည်။ မရောက်လျှင်  ချက်ချင်း(သို့မဟုတ်) ၁၅ ရက်အတွင်း ဖုန်းပြန်ဆက်ပေးပါ။  ၄င်းသတ်ရက်ထက်ကျော်မှ အကြောင်းကြားလျှင် လက်ခံသူများ၏ တာဝန်သာဖြစ်ပါသည်။

မြေလတ်ဂျာနယ် သင်္ကြန်တွင်း တစ်ပတ်နားပါမည်၊ ဧပြီလ ၁၆ ရက်မှ ၃၀ ရက်အထိ ခေတ္တနားပါမည်။
မေလ ၁ ရက်နေ့တွင် ဂျာနယ်အတွဲ-၅၊ အမှတ်-၂ ကို ပြန်လည်ဖြန့်ချိပေးပါမည်။


အယ်ဒီတာအဖွဲ့
မြေလတ်ဂျာနယ် (စာတိုက်ပို့ရန်) အမှတ်(၅)၊ ဟိန္ဒူဆိုင်တိုက်ခန်း၊
ပြည်တော်သာလမ်း၊ ရွာသစ်ရပ် မကွေးမြို့။


Email: myaylatmedia@gmail.com
Website: www.myaylatmedia.com
www.winkyi.net
Facebook : uwin kyi / Myaylatt daily
Pages : Myaylatt daily / မြေလတ်ဂျာနယ်
မြေလတ်ဂျာနယ် အယ်ဒီအဖွဲ့ရုံး (ပြည်တော်လမ်းနှင့် ဗိုလ်ချုပ်လမ်းဆုံအနီး)
ဆိုင်အမှတ် ၇၊ တ.စ.ည ဆိုင်ထီတန်း၊ ဗိုလ်ချုပ်လမ်း၊ ရွာသစ်ရပ်၊
မကွေးမြို့။ ၀၉- ၄၄၀၂၂၅၁၀၀- ၇၉၄၅၇၅၀၇၀- ၆၉၁၁၂၉၁၁၁- 063-2025197

ပခုက္ကူမြို့နယ်​ ​​ကန်​​တော်​ ကျေးရွာတွင်​ ​ကွန်​ကရစ်​ဘီးလမ်းခင်းခြင်း ၇၀ရာခိုင်​နှုန်းပြီးစီး


ပခုက္ကူ  မတ်​ ၂၇
===============
မ​ကွေးတိုင်း​ဒေသကြီး၊ ပခုက္ကူခရိုင်​၊ ပခုက္ကူ မြို့နယ်​အတွင်းရှိ ​ကန်​​တော်​​ကျေးရွာ တွင်​ ​ကျေးလက်​​ဒေသဖွံ့ဖြိုးတိုးတက်
ရေးဦးစီး
ဌာနက ​​ကွန်​ကရစ်​ဘီးလမ်းခင်းခြင်းလုပ်​ငန်း ​ဆောင်​ရွက်​လျက်​ရှိရာ ယခုအခါ ၇၀ ရာခိုင်
နှုန်းအထိ ပြီးစီး​နေပြီဖြစ်​​ကြောင်း အဆိုပါ
ဦးစီးဌာနမှ သိရသည်​။

ပခုက္ကူ မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြိုး တိုးတက်​​ရေးဦးစီးဌာနက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်​တွင်​ ​ကျေးရွာဖွံ့ဖြိုး​ရေးစီမံကိန်
(VDP) ရန်​ပုံ​ငွေ ကျပ်​ ၁၀ သန်း၊ ပြည်​သူထည့်​ဝင်​​ငွေ ကျပ်​ ၂ ဒသမ ၃ သန်းဖြင့်​ ​ကန်​​တော်​ ​ကျေးရွာ ၌ ​ကျေးရွာတွင်း ​အရှည်​​ပေ ၁၃၀၀၊အကျယ်​ ၃ ​ပေ နှစ်​ဖက်​၊ ထု ၆ လက်​မ ရှိ​သော ​​ကွန်​ကရစ်​ဘီးလမ်းခင်းခြင်
လုပ်​ငန်းများကို ယခုနှစ်​​ဖေ​ဖော်​ဝါရီလ
အတွင်းက စတင်​ ​ဆောင်​ရွက်​လျက်​ရှိရာ ယခု ၇၀ ရာခိုင်​နှုန်းအထိပြီးစီး​နေပြီဖြစ်​​ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး
တိုးတက်​​ရေးဦးစီးဌာန မှ မြို့နယ်​ဦးစီးမှူး
ဒေါ်ကြည်​ကြည်​မာ က​ပြောပြသည်​။

အဆိုပါလုပ်​ငန်း​ဆောင်​ရွက်​​နေမှု့များအား
မ​ကွေးတိုင်း​ဒေသကြီး ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တိုင်း​ဒေသကြီး ဦးစီးမှူး ဦးမျိုး​အောင်​(ညွှန်​ကြား​ရေးမှူး) နှင့်​ ဝန်​ထမ်းများက ယ​နေ့နံနက်​ ပိုင်းတွင်​ ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့
ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် တိုင်း​ဒေသကြီးဦးစီးမှူး နှင့်​ တာဝန်​ရှိသူများသည်​ကန်​​တော်​ကျေးရွာရှိကျေးရွာတွင်း​ ကွန်​ကရစ်​ဘီးလမ်းခင်းကျင်း​နေမှုများကို သတ်​မှတ်​စံချိန်​စံညွှန်းနှင့်​ ကိုက်​ညီမှု့ ရှိ မရှိအား
ကြည့်ရှုစစ်​​ဆေးကြပြီး ​ကျေးရွာဖွံ့ဖြိုး​ရေး​ကော်​မတီဝင်​များနှင့်​​တွေ့ဆုံကာ လိုအပ်​သည်​များ မှာကြားခဲ့​ကြောင်းသိရသည်​။
အဆိုပါလုပ်​ငန်းများအားလုံး​ဆောင်​ရွက်​ပြီးစီးသွားပါက ​၄င်းကျေးရွာရှိ အိမ်​​ခြေ
( ၅၆၀ ) အိမ်​မှ လူဦး​ရေ ( ၂၉၀၂ ) ဦးတို့၏ ပညာ​ရေး၊ ကျန်းမာ​ရေး၊ လူမှု​ရေး လုပ်​ငန်း
များဖွံ့ဖြိုးတိုးတက်​လာ​တော့မည်​ ဖြစ်​​ကြောင်း မြို့နယ်​​ကျေးလက်​ဦးစီးမှူး
ဒေါ်ကြည်​ကြည်​မာ က ​ပြောပြသည်​။
ထို့ပြင်​ ပခုက္ကူမြို့နယ်​ အတွင်း​၂၀၁၈-၂၀၁၉ဘဏ္ဍာ​ရေးနှစ်​၌ ကျေးရွာဖွံ့ဖြိုး​ရေးစီမံကိန်းရန်​ပုံ​ငွေ ကျပ်​ (၉၀)သန်း၊ ပြည်​သူထည့်​ဝင်​​ငွေ ကျပ်​ (၂၉ ဒသမ ၉၂၇ )သန်းဖြင့်​ကျေးရွာတွင်း ကွန်​ကရစ်​ဘီးလမ်းခင်းခြင်းလုပ်​ငန်း ၆ ခု၊ ​လျှပ်​စစ်​မီးကြိုး မီးတိုင်​များလဲလှယ်​ခြင်းလုပ်​ငန်း ၂ခု၊ ကျေးရွာ​​ဘက်​စုံသုံးခန်းမ ​ဆောက်​လုပ်​ခြင်းလုပ်​ငန်း ၁ခု တို့အားသတ်​မှတ်ဘဏ္ဍာ
နှစ်​အမှီပြီးစီး​ရေးဆောင်​ရွက်​လျက်
ရှိ​ကြောင်း  မြို့နယ်​​ကျေးလက်​​ဒေသဖွံ့ဖြို
တိုးတက်​​ရေးဦးစီးဌာနမှ မြို့နယ်​ဦးစီးမှူး ​ဒေါ်ကြည်​ကြည်​မာ က​ပြောပြ၍ သိရသည်​။

Source -  ငြိမ်းသူ(စလင်း)

ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အခက်အခဲအတားအဆီးများ ဆန်းစစ်ဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကျင်းပ



မကွေး   မတ်   ၂၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF)တို့ ပူးပေါင်း၍ ရေရရှိရေး၊ ပတ်ဝန်းကျင်နှင့် တစ်ကိုယ်ရေ သန့်ရှင်းရေးဆိုင်ရာ အခက်အခဲ အတားအဆီးများ ဆန်းစစ်ဖော်ထုတ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့ ယနေ့ နံနက် (၉)နာရီ အချိန်က ထိန်ထိန်သာဟိုတယ်၌ ကျင်းပပြုလုပ် ခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေးက  ယနေ့အလုပ်ရုံဆွေးနွေပွဲကို ကျေးလက်ဒေသရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေး (WASH)ကဏ္ဍဆိုင်ရာ လက်ရှိဆောင်ရွက်မှု အခြေအနေများ၊ စိန်ခေါ်မှုများ၊ အခက်အခဲ အတားအဆီးများ ဆန်းစစ် ဖော်ထုတ်နိုင်ရန်နှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များနှင့် ပတ်သက်၍ အချက်အလက်များကောက်ယူ စာရင်းပြုစု နိုင်ရန် ရည်ရွယ်၍ ပြုလုပ်ခြင်းဖြစ်ကြောင်း၊  အဆိုပါ လုပ်ငန်းများ ဆောင်ရွက်နေသောဌာနများမှ ဝန်ထမ်းများ၊ နှီးနွယ်ဌာန များမှ ဝန်ထမ်းများ WASH Bottleneck Analysis Tool အကြောင်း သိရှိနိုင်ရန်အတွက် ကျင်းပြုလုပ်ရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်မှ တိုင်းဒေသကြီးအတွင်း ကျေးလက်ဒေသရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအားရှင်းလင်းတင်ပြပြီး မန္တလေး UNICEF ရုံးခွဲတာဝန်ခံ ဒေါ်ခိုင်ခိုင်ရွှေမှ ယခုအလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) တွင်သာ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဆွေးနွေးပွဲ တက်ရောက်လာကြသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မိတ်ဖက် အဖွဲ့အစည်းများမှ တာဝန်ရှိသူများကလည်း WASH ကဏ္ဍဆိုင်ရာ လက်ရှိဆောင်ရွက်မှု အခြေအနေများ၊ စိန်ခေါ်မှုများ၊ အခက်အခဲ အတားအဆီးများကို ဝိုင်းဝန်းဆွေးနွေးပြီး Action Plan ‌ဖော်ထုတ်ပေးရမှာဖြစ်ကြောင်းရှင်းလင်း တင်ပြပါသည်။
ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ နည်းပညာပေးအကြံပေးအဖွဲ့  ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျွမ်းကျင်ပညာရှင် ဦးကျော်နိုင်မှ ကျေးရွာဖွံ့ဖြိုးရေးစီမံချက်ရေးဆွဲရခြင်းနှင့် စီမံကိန်းရေးဆွဲရာတွင် အခြေခံလိုအပ်ချက် များကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းရာ မကွေးတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ အဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်နှင့် ကျေးရွာဖွံ့ဖြိုးရေးကျွမ်းကျင် ပညာရှင် ဦးကျော်နိုင်တို့မှ ပြန်လည်ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာနများမှ တာဝန်ရှိသူများ၊ ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများအရေးပေါ်ရန်ပုံငွေအဖွဲ့ (UNICEF)မှ တာဝန်ရှိသူများ၊ တက်ရောက်ကြပြီး ဆွေးနွေးပွဲကို မတ်လ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့ထိ သုံးရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။

သန်းလွင်(မကွေး)