Sunday, July 8, 2018

မင်းဘူးမြို့တွင် “ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး တာဝန်” ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပ




မင်းဘူး                        ဇူလိုင်                 
          ပြည်သူများနှင့် ကျောင်းသား/သူများ ယာဉ်စည်းကမ်းများကို သိရှိလိုက်နာပြီး ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန်နှင့် ဒီမိုကရေစီခေတ်စနစ်၏ အင်္ဂါရပ်များနှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများ အကြား ဆွေးနွေးတိုင်ပင်ရမည့် အကြောင်းကိစ္စများကို ဆွေးနွေးပြောကြားနိုင်သည့် အခွင့်အလမ်းများအား ဖော်ဆောင်ပေးနိုင်ရန်၊ မိမိရပ်ရွာဒေသမှာ ဖြစ်ပေါ်နေသည့် အကြောင်းအရာများကို အများပြည်သူအကြားတွင် ဆွေးနွေးမှုများ ရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာပြီး ဆွေးနွေးပွဲများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အထများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး မင်းဘူးမြို့၊ ..က()ကျောင်းခန်းမတွင် ဇူလိုင်လ()ရက် နေ့၊ နံနက် () နာရီအချိန်က မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသည့် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်း ထိန်းသိမ်းရေး တာဝန်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပခဲ့သည်။
          ရှေးဦးစွာ မင်းဘူး(စကု)မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မကွေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးညွန့်နိုင်က ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် မကွေးတိုင်းဒေသကြီး အတွင်းရှိ ခရိုင်/မြို့နယ်များတွင် ပြည်သူ့စကားဝိုင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
          အခမ်းအနားကို ဆက်လက်ကျင်းပရာယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေးတာဝန် အကြောင်း ပြည်သူ့စကားဝိုင်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်စွမ်းရည်က ဦးဆောင်ဆွေးနွေး ခဲ့ပြီး မင်းဘူးခရိုင်၊ ကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန၊ ခရိုင်ဦးစီးအရာရှိ ဦးအေးမင်း၊ အမှတ်(၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု (မင်းဘူး)မှ ဒုရဲအုပ် တင်မောင်ကို၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအုပ်အောင်မိုးဟိန်း၊ ဒုမြို့နယ် ဥပဒေအရာရှိ ဦးအောင်သက်ခိုင်၊ မင်းဘူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးဝင်းနိုင် တို့မှ နှစ်စဉ်ယာဉ်တိုက်မှု ဖြစ်ပွားရခြင်းကြောင့် သေဆုံးခြင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများက ပိုမိုများပြားနေကြောင်း၊ မော်တော်ဆိုင်ကယ်စီးသူများ လိုက်နာရန် စည်းကမ်းချက်များ၊ ယာဉ်မတော်တဆမှု ဖြစ်ပွားပါက ရာဇသတ်ကြီးပုဒ်မ ၂၇၉၊ ၃၃၇၊ ၃၃၈၊ ၃၀၄-က တို့အရ အရေးယူမည့် ပြစ်ဒဏ်များ ကြောင်း၊ ယာဉ်တိုက်မှု ဖြစ်လျှင် လိုက်နာရမည့် စည်းကမ်းချက်များအကြောင်း ကျောင်းသား/သူများ ကျောင်းသို့လမ်းလျောက်သွားရာတွင် လိုက်နာရမည့် စည်းကမ်းချက်များ၊ ဆိုင်ကယ်စီးလျှင် လုံခြုံမှုရှိသည့် ဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးသေချာစွာ တပ်ဆင်မောင်းနှင် ရန်အချက်များ သတ်မှတ်အမြန်နှုန်းထက် ပိုမို မောင်းနှင်သော ယာဉ်များအား အရှိန်နှုန်းတိုင်း ကိရိယာ (Speedometer) ဖြင့် တိုင်းတာစစ်ဆေး၍ အရေးယူခြင်းကြောင်း စသည့် အချက်များကို ကဏ္ဍအလိုက် အသီးသီးရှင်းလင်း ပြောကြားခဲ့ကြသည်။
          ထို့နောက် တက်ရောက်လာကြသည့် ပြည်သူများနှင့် ကျောင်းသား/သူများမှ ဦးဆောင်ဆွေးနွေးကြသော လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာ အကြီးအကဲများထံသို့ သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်း ဆွေးနွေးကြရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ဖြေကြားပေးခဲ့ပြီး ဦးဆောင်ဆွေးနွေးသူများအား မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
          ခုလို ပြည်သူ့စကားဝိုင်းတွေကျင်းပတဲ့အတွက်  ပြည်သူ့အသံဖြစ်တဲ့ အခက်အခဲများကို ကြားသိရပြီး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါတယ်၊ ဒါအပြင် မကွေးတိုင်းဒေသကြီးအတွင်း ပြည်သူ့စကားဝိုင်းများကို စီစဉ်ကျင်းပ ဆောင်ရွက်လျက်ရှိရာ မင်းဘူးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေ့းဦးစီးဌာန အနေနဲ့ဆိုရင် ဇွန်လ (၂၅) ရက်နေ့က အထက()မှာ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ယခုအကြိမ်သည် ဒုတိယအကြိမ်မြောက် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် ယာဉ်စည်းကမ်းထိန်းသိမ်းရေး တာဝန်ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း (Public Talk) ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းနှင့် ဆက်လက်၍ ယခုကဲ့သို့ ပြည်သူ့စကားဝိုင်းများကို မြို့ပေါ်တွင်သာမက ကျေးလက်ဒေသများအထိ ပြည်သူများ ပါဝင်ဆွေးနွေးနိုင်ရေး စီစဉ် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တာဝန်ရှိသူတစ်ဦး ထံမှ  သိရသည်။


မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment