Sunday, July 8, 2018

စကုမြို့​ပေါ်ရှိ စာသင်​​ကျောင်းများအတွင်း ​သွေးလွန်​တုပ်​​ကွေး​ရောဂါ ကာကွယ်​​ရေး ခြင်​​ဆေးဖျန်းခြင်း လုပ်​ငန်းများ ​ဆောင်​ရွက်



စကု ဇူလိုင်​ ၈
မင်းဘူးခရိုင်​၊ စကုမြို့​ပေါ်ရှိ စာသင်​​ကျောင်းများတွင်​ ​သွေးလွန်​တုပ်​​ကွေး​ရောဂါ ကာကွယ်​​ရေး ခြင်​​ဆေးဖျန်းခြင်း လုပ်​ငန်းများ ​ကို ဇူလိုင်​လ ၇ရက်​​နေ့ နံနက်​ ၉ နာရီအချိန်​က ​ဆောင်​ရွက်​ လျက်​ရှိ​ကြောင်း သိရသည်​။

ထိုသို့ ခြင်​​ဆေးဖြန်းရာတွင်​​ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးဝင်းဝင်း  ဦး​ဆောင်​ ကြီးကြပ်​၍ ရောဂါပိုး သယ်​​ဆောင်​​သော ပိုးမွှား​ကောင်​များမှ တဆင့်​ကူးစက်​တတ်​​သော​ရောဂါနှိမ်​နင်း​ရေး အဖွဲ့မှ  ဦး​အောင်​ကိုပြည့်​၊ စကု  မြို့ ကျန်းမာ​ရေး ကြီးကြပ်​ ၂ ​ဒေါ်​မေသူ​ငြိမ်း​ဇော်​၊ စကုမြို့ ကြက်​​ခြေနီ အဖွဲ့တို့မှ ခြင်​များ ခို​အောင်းနိုင်​သည့်​ စာသင်​​ကျောင်းခန်းများတွင်​ လိုက်​လံ​ဆောင်​ရွက်​ခဲ့​ ပြီး Abate ​ဆေးခတ်​ခြင်းများလည်း ​ဆောင်​ရွကလျက်​ရှိရာ မြို့​ပေါ်ရပ်​ကွက်​များကို ဇူလိုင်​ ၉ ရက်​​နေ့တွင်​ Abate ​ဆေးခတ်​ခြင်းများ ​ဆက်​လက်​ ဆောင်​ရွက်​သွားမည်​ ဖြစ်​​ကြောင်း.သိရသည်​။
 မျိုးမြတ်(မင်းဘူး)


0 comments:

Post a Comment