Sunday, July 8, 2018

လယ်​ယာ​မြေ လုပ်​ပိုင်​ခွင်​ပြုလက်​မှတ်​ ပုံစံ(၇)များအား ​တောင်​သူများ လက်​ဝယ်​အ​ရောက်​ ကွင်းဆင်း ထုတ်​​ပေးလျက်​ရှိ




မင်းဘူး ဇူလိုင်​ ၈
မင်းဘူး(စကု)မြို့နယ်​၊ အလံပါယ်​​ကျေးရွာအုပ်​စု၊ အလံပါယ်​​ကျေးရွာ ဘုန်း​တော်​ကြီး​ကျောင်း ဓမ္မာရုံတွင်​ ဇူလိုင်​လ ၇ရက်​​နေ့ မွန်းလွဲ (၁း၃၀) အချိန်​က လယ်​ယာ​မြေလုပ်​ပိုင်​ခွင့်​ပြုလက်​မှတ်​ ပုံစံ(၇)များ ထုတ်​​ပေးလျက်​ရှိ​ကြောင်း သိရသည်​။
 အဆိုပါ အခမ်းအနားတွင်​ ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးဝင်းဝင်းနှင့်​ တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​ကျော်​စွမ်းရည်​မှ အဖွင့်​အမှာစကား ​ပြောကြားပြီး မင်းဘူး(စကု)မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ဦးသိန်း​ဇော်​ကံမှ လယ်​ယာ​မြေဥပ​ဒေများ အ​ကြောင်း ရှင်းလင်း​ပြောကြားခဲ့သည်​။
 ထို့​နောက်​ တာဝန်​ရှိသူများမှ အလံပါယ်​​ကျေးရွာနှင့်​ ဇရပ်​ကြီး ​ကျေးရွာတို့မှ စုစု​ပေါင်း ​တောင်​သူ (၆၉)ဦးတို့အတွက်​ လယ်​ယာ​မြေလုပ်​ပိုင်​ ခွင့်​ပြုလက်​မှတ်​ ပုံစံ(၇) (၁၃၈)ခုအား ​တောင်​သူများ လက်​ဝယ်​အ​ရောက်​ ကွင်းဆင်း ထုတ်​​ပေးခဲ့​ကြောင်း သိရသည်​။
 အဆိုပါ အခမ်းအနားသို့ ပြည်​သူ့လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦးဝင်းဝင်း၊ တိုင်း​ဒေသကြီး လွှတ်​​တော်​ ကိုယ်​စားလှယ်​ ဦး​ကျော်​စွမ်းရည်​၊မင်းဘူး(စကု) မြို့နယ်​ အုပ်​ချုပ်​​ရေးမှူး ဦးသိန်း​ဇော်​ကံ၊ ဌာနဆိုင်​ရာ တာဝန်​ရှိသူများ၊ အလံပါယ်​​ကျေးရွာ အုပ်​ချုပ်​​ရေးမှူးနှင့်​ ရပ်​မိရပ်​ဖများ၊ ​တောင်​သူများ အသီးသီး တက်​​ရောက်​ခဲ့ကြ​ကြောင်း သိရသည်​။

 မျိုးမြတ်(မင်းဘူး)
 

0 comments:

Post a Comment