Monday, June 11, 2018

၁၁-၆-၂၀၁၈ နေ့က မန်းရွှေစက်တော်ရာ မန်းချောင်းရေမြင့်တက်မှုကြောင့် မန်ရွှေစက်တော်ရာဘုရား အောက်စက်တော်ရာ ရင်ပြင်အထက် (၅)ပေခန့်ကျော်လွန်





Myaylatt Daily added 3 new photos.
Published by Uwin Kyi · 8 mins ·
ယနေ့ မန်းရွှေစက်တော်ရာ
မန်းချောင်းရေမြင့်တက်မှုကြောင့် မန်ရွှေစက်တော်ရာဘုရား အောက်စက်တော်ရာ ရင်ပြင်အထက် (၅)ပေခန့်ကျော်လွန်
ငဖဲ ဇွန် ၁၁
ဘင်္ဂလားပင်လယ်အော်တွင် လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုတ်သုန်လေအားကောင်း လာမှုကြောင့် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင် မိုးများရွာသွန်းလျက်ရှိပြီး အဆက်အပြတ်မိုးရွာသွန်း မှုကြောင့် ငဖဲမြို့နယ်ရှိ ငဖဲမန်းချောင်းနှင့်ပန်းတိမ်းမန်းချောင်းများအတွင်းသို့ တောင်ကျရေချောင်းရေ များ စီးဆင်းဝင်ရာက်ခဲ့၍ အဆိုပါချောင်းများ၏ အောက်ဘက်ရှိ မန်းရွှေစက်တော် ဘုရား အောက်စက်တော်ရာ ဘုရားရင်ပြင်တော်ပေါ်သို့ (၅)ပေကျော်ခန့် ရေလွှမ်းမိုးခဲ့ကြောင်း သိရ သည်။
ငဖဲမြို့နယ်အတွင်း ဇွန်လ ၉ ရက် ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင်မုန်တိုင်းအရှိန်ဖြင့် မိုးသည်း ထံစွာရွာသွန်းခဲ့မှုကြောင့် ငဖဲမန်းချောင်းရေနှင့်ပန်းတိမ်းမန်းချောင်းရေများ ကြီးမြင့်ခဲ့၍ ဒေသခံ ပြည်သူ များ စိုးရိမ်ပူပန်မှုများ ဖြစ်ခဲ့ရသည်။ ငဖဲမြို့နယ်ရှိ မန်းချောင်းရေလှောင်တမံမှာ ဇွန်လ ၁၁ ရက်နေ့ နံနက် ၆ နာရီအချိန်တိုင်းထွှာချက်အရ ရေအမှတ်မှာ (၆၁၁.၈၀)ဖြစ်၍ ရေပိုလွှဲမှ ရေကျော်ရန် ၉ ပေ လိုပါတယ်၊မိုးရေချိန်(၅.၄၅)လက်မဖြစ်သော် လည်းလုံးဝစိုးရိမ်စရာမရှိပါဘူး၊တောင်ကျရေများစွာထပ်မံ သိုလှောင်နိုင်ပါသေးတယ်၊ငဖဲမန်းချောင်းအတွင်း ရေများနေခြင်းဟာ ဆတ်သေချောင်းရေနှင့် ပဇီ ချောင်းရေများနေ၍ ဖြစ်ပါတယ်၊မန်းတမံရေပိုလွှဲမှကျော်လွန်စီးဆင်းလာတဲ့ရေ မဟုတ်ပါဘူးဟု မန်း ချောင်းရေလှောင်တမံ ထိန်းသိမ်းရေးတာဝန်ခံ ဦးမောင်မောင်ဝင်းက ပြောသည်။
ငဖဲမြို့နယ်တောင်ဘက်ခြမ်းက ရေလှောင်တမံကတော့ ဇွန်လ ၁၀ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန်မှာ ရေပိုလွှဲမှ စတင်ရေကျော်ပါတယ်၊ဇွန်လ ၁၁ ရက်နေ့ နံနက် ၆ နာရီ ရေအမှတ် (၆၀၃.၅၀)ဖြစ်၍ ရေပြည့်အမှတ် (၆၀၂.၀၀)အထက် (၁.၅)ပေ ရေကျော်နေပါတယ်၊တမံအားလုံး ပုံမှန်အခြေအနေဖြစ်၍ ကြံ့ခိုင်ကောင်းမွန်ပြီး ၂၄ နာရီ ရေကင်းစောင့်တာဝန်များချထားကာ အနီးကပ် ကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်ဟု ၄င်းကဆက်လက်ပြောသည်။
မန်းရွှေစက်တော်သို့စီးဆင်းတဲ့ ပန်းတိမ်းမန်းချောင်းရေနှင့်ငဖဲမန်းချောင်းရေ ၄င်းချောင်းများ အတွင်းသို့ ၀င်ရောက်စီးဆင်းသော ပဇီချောင်းရေများ စီဆင်းနေ၍ မန်းရွှေစက်တော် အောက်စက် တော်ရာ ရင်ပြင်အထက်(၅)ပေကျော်ခန့် ရောက်ရှိခဲ့ပြီး လူ၊တိရိစ္ဆာန်၊ပစ္စည်းအားလုံး ဆုံးရှုံးမှုမရှိ ကြောင်းနှင့်ယခုအခါ မိုးသားများအုံ့ဆိုင်း၍ မိုးဖွဲဖွဲရွာနေသည့်အတွက် မိုးဆက်လက်ရွာသွန်းပါက ထပ်မံရေတိုးလာနိုင်ကြောင်း သိရှိရသည်။

သန်းနိုင်ဦး(ငဖဲ)

0 comments:

Post a Comment