Thursday, June 21, 2018

နတ်​​မောက်​မြို့နယ်​အင်းကုန်း​ကျေးရွာ၌နှမ်းရိုးမဲထိုး​ရောဂါကာကွယ်​နိုပ်​နှင်း​ရေးနှင့်​​ဟော​ပြောပွဲပြုလုပ်



နတ်​​မောက်​          ဇွန်​၂၁

မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​အင်းကုန်း​ကျေးရွာစံပြကွက်​​တောင်​သူ​ဒေါ်သန်း​ရွှေကွင်းအမှတ်​၄၆၂၊ဦးပိုင်​အမှတ်​၂၈မိုးနှမ်း(GAP) ၅ဧကနှမ်းခင်းအားရိုးမဲထိုးခြင်း​ကြောင့်​ဇွန်​၂၁ရက်​နံနက်​၁၀နာရီအချိန်​ကမ​ကွေးခရိုင်​စိုက်​ပျိုး​ရေးဦးစီးဌာနခရိုင်​ဦးစီးမှူးဦး​ငွေဆန်းနှင့်​အဖွဲ့ဝင်​များ၊မြို့နယ်​စိုက်​ပျိုး​ရေးဦးစီးဌာနဦးစီးမှူးဦးကြည်​မြင့်​နှင့်​ဝန်​ထမ်းများကရိုးမဲထိုးနှမ်းခင်းအားထရိုင်​ကိုဒါးမားမှိုကာကွယ်​​ဆေးပတ်​ဖျန်း​ပေးခဲ့ပြီးတက်​​ရောက်​လာကြသည့်​​ကျေးရွာရှိစိုက်​ပျိုး​ရေး​တောင်​သူများအားနှမ်းပင်​များရိုးမဲထိုး​ရောဂါကာကွယ်​နှိမ်​နှင်းရာတွင်​ပတ်​ဖျန်းရမည့်​ထရိုင်​ကိုဒါးမားမှိုကာကွယ်​​ဆေးအ​ကြောင်းသိ​ကောင်းစရာများကိုရှင်းလင်း​ပြောကြားခဲ့​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment