Monday, June 11, 2018

လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် နှစ်ပတ်လည် မြို့နယ်အဆင့် သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံ ပါဝင်သော သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားကျင်းပ



စေတုတ္တရာ             ဇွန်              ၁၁
          စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်သော လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ် စီမံကိန်းစက်ဝန်း အတွက် မြို့နယ်အဆင့်သက်ဆိုင်သူ အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် သုံးသပ်ဆွေးနွေးပွဲအခမ်းအနားကို ဇွန်လ (၁၀) ရက်နေ့ နံနက်(၈း၃၀) အချိန်တွင် အထက အစည်းအဝေးခန်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
          အခမ်းအနားတွင် မဲဆန္ဒနယ်အမှတ်(၁)  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးမှ အဖွင့်အမှာစကားပြောကြားပြီး မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းမှ စီမံကိန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဦးစီးအရာရှိဦးစီးအရာရှိ ဦးစိုးလင်းထွဋ်မှ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် စီမံကိန်းလုပ်ငန်းများကို Projector ဖြင့် ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် မြို့နယ်စီမံကိန်း ၀န်ထမ်းများမှ အဖွဲ့(၇) ဖွဲ့ခွဲ၍ ခေါင်းစဉ်တစ်ခုချင်းအလိုက် အားသာချက်၊ အားနည်းချက်များကို ဆွေးနွေးခဲ့ကြသည်။
          ထို့နောက် ကျေးရွာဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု အကောင်းဆုံးကျေးရွာအုပ်စုနှင့် ကျေးရွာများကို ဆုချီးမြှင့်ပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းနိုင်က နိဂုံးချုပ်အမှာစကားပြောကြားပေးခဲ့သည်။ အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ သက်ဆိုင်ရာကျေးရွာအုပ်စုနှင့် ကျေးရွာများမှ စီမံကိန်းဝန်ထမ်းများ၊ တာဝန်ရှိသူများ အသီးသီးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
                                                                                               မျိုးမြတ်(မင်းဘူး)

0 comments:

Post a Comment