Monday, May 7, 2018

နတ်​​မောက်​မြို့၌သာသနာ​တော်​ဆို င်​ရာဘွဲ့တံဆိပ်​​တော်​ရဆရာ​တော်​(၃)ပါးအားဂုဏ၀ိသိဋ္ဌပူဇာမင်္ဂလာနှင့်​အဘိဓဇအဂ္ဂမဟာဆွမ်းစား​ကျောင်း​တော်​ကြီး​ကျောင်းလွှတ်​ပူဇာမင်္ဂလာအခမ်းအနားကျင်းပ

နတ်​​မောက်​                ​မေ ၇
မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့၌သာသနာ​တော်​ဆိုင်​ရာဘွဲ့တံဆိပ်​​တော်​ရဆရာ​တော်​(၃)ပါးအားဂုဏ၀ိသိဋ္ဌပူဇာမင်္ဂလာနှင့်​အဘိဓဇအဂ္ဂမဟာဆွမ်းစား​ကျောင်း​တော်​ကြီး​ကျောင်းလွှတ်​ပူဇာမင်္ဂလာအခမ်းအနားကို​မေ၇ရက်​နံနက်​၈နာရီးကနတ်​​မောက်​မြို့​အောင်​ဆန်းရပ်​ကွက်​ဒီပင်္ကရာပရိယတ္တိစာသင်​တိုက်​တွင်​ကျင်းပခဲ့သည်​။

အခမ်းအနားတွင်​သံဃာနာယကဆရာ​တော်​ကြီးများကတက်​​ရောက်​လာကြသည့်​သာသနာ​ရေးနှင့်​ယဉ်​​ကျေးမှုဝန်​ကြီးဌာနပြည်​​ထောင်​စုဝန်​ကြီးနှင့်​အတူဒါယကာဒါယိကာမများအားန​မောတဿသုံးကြိမ်​ရွတ်​ဆိုဘုရားကန်​​တော့၍အခမ်းအနားအားဖွင့်​လှစ်​ခဲ့ပြီး​ရေနံ​ချောင်းမြို့​ရွှေ​တောင်​ပါဠိတက္ကသိုလ်​​ကျောင်းဆရာ​တော်​အဂ္ဂမဟာပဏ္ဍိတအဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒ န္တ​သောဘနထံမှသီလခံယူ​ဆောက်​တည်​ခဲ့သည်​။ထို့​နောက်​သာသနာ​ရေးနှင့်​ယဉ်​​ကျေးမှုဝန်​ကြီးဌာနပြည်​​ထောင်​စုဝန်​ကြီးသူရဦး​အောင်​ကိုကဒီပင်္ကရာ​ကျောင်းတိုက်​ဆွမ်းပ​ဒေသာပင်​အလှူ​တော်​​ငွေသိန်း(၃၀)အားဆက်​ကပ်​လှူဒါန်းခဲ့ပြီးသာသနာ​ရေးနှင့်​ယဉ်​​ကျေးမှုဝန်​ကြီးဌာနပြည်​​ထောင်​စုဝန်​ကြီးမှသာသနာ​ရေးဆိုင်​ရာများအား​လျှောက်​ထား​ပြောကြားခဲ့သည်​။
နတ်​​မောက်​မြို့၌သာသနာ​တော်​ဆိုင်​ရာဘွဲ့တံဆိပ်​​တော်​ရဆရာ​တော်​(၃)ပါးအားဘွဲ့တံဆိပ်​​တော်​နှင့်​ဘွဲ့တံဆိပ်​ပုံ​တော်​များဆက်​ကပ်​ခဲ့ရာဆရာ​တော်​ကြီးဘဒ္ဒ န္တစန္ဒ၀ံသအားမြို့နယ်​အုပ်​ချုပ်​​ရေးမှူးဦး​ကျော်​ခိုင်​ထွန်းကဆက်​ကပ်​ခြင်း၊ဆရာ​တော်​ဘဒ္ဒ န္တယုဇနအားဒီပင်္ကရာပရိယတ္တိစာသင်​တိုက်​​ကျောင်း​ကော်​မတီဒုဥက္ကဌဆရာကြီးဦးမြင့်​​ဖေကဆက်​ကပ်​ခြင်းနှင့်​ဆရာ​တော်​ဘဒ္ဒ န္တနိမ္မလအား​ဂေါပကဥက္ကဌဦးအုံးသာကဆက်​ကပ်​ပူ​ဇော်​ခဲ့၍အပူ​ဇော်​ခံဆရာ​တော်​(၃)ပါးအားလှူဘွယ်​၀တ္ထုများဖြစ်​သည့်​ဂုဏ၀ိသိဋ္ဌပူဇာအလှူ​တော်​​ငွေစုစု​ပေါင်း(၃၅)သိန်းနှင့်​ဒီပင်္ကရာနွယ်​၀င်​သံဃာ​တော်​များ၏ဂုဏ၀ိသိဋ္ဌပူဇာအလှူ​တော်​​ငွေစုစု​ပေါင်းသိန်း(၃၀)တို့အားဆရာ​တော်​ကြီးများကိုအသီးသီးဆက်​ကပ်​လှူဒါန်း​ပေးခဲ့သည်​။ထို့​နောက်​ဓမ္မဒီပဆရာ​တော်​ဘဒ္ဒ န္တစန္ဒာသီရိမှဆရာ​တော်​ဘဒ္ဒ န္တစန္ဒ၀ံသမဟာ​ထေရ်​၏ဘ၀ဖြစ်​စဉ်​ကိုလည်း​ကောင်း၊ဘဒ္ဒ န္တသုမန(သုသုခ၊မ​ကွေး)ဆရာ​တော်​မှဆရာ​တော်​ဘဒ္ဒ န္တယုဇန​ထေရ်​၏ဘ၀ဖြစ်​စဉ်​ကိုလည်း​ကောင်း၊သဲ​ကော​တောင်​တွင်းဆရာ​တော်​ဘဒ္ဒ န္တရာဇိန္ဒမှဆရာ​တော်​ဘဒ္ဒ န္တနိမ္မလ​ထေရ်​၏ဘ၀ဖြစ်​စဉ်​ကိုလည်း​ကောင်းအသီးသီးဖတ်​ကြားခဲ့ပြီးတပည့်​သံဃာဒါယကာဒါယိကာမများကအပူ​ဇော်​ခံဆရာ​တော်​များအားသြကာသကန်​​တော့ကျိုးဖြင့်​ကန်​​တော်​ပူ​ဇော်​၍နာမ်​ချွန်​၊နာမ်​ထူး၊နာမ်​မြင့်​သစ္စာ​မေတ္တာပါရမီရှင်​ဆရာ​လေး​ဒေါ်သုနန္ဒာနှင့်​ညီမဆရာ​လေး​ဒေါ်​ဟေမာနန္ဒာတို့မှဆရာ​တော်​(၃)ပါးအားပရိက္ခရာရှစ်​ပါးအစုံလှူဒါန်းခဲ့ပြီး​ဂေါပကဥက္ကဌဦးအုံးသာက​ကျေးဇူးတင်​စကား​ပြောကြားခဲ့၍​ရေနံ​ချောင်းမြို့​ရွှေ​တောင်​ပါဠိတက္ကသိုလ်​​ကျောင်းတိုက်​ဆရာ​တော်​အဂ္ဂမဟာပဏ္ဍိတ၊အဘိဓဇမဟာရဋ္ဌဂုရုဘဒ္ဒ န္တ​သောဘနဆရာ​တော်​မှအဘိဓဇအဂ္ဂမဟာဆွမ်းစား​ကျောင်း​ဆောင်​သစ်​ကြီးလှူဒါန်းမှုများနှင့်​ပူ​ဇော်​ပွဲဆိုင်​ရာလှူဒါန်းမှုအစုစုတို့အား​ရေစက်​သွန်းချအမျှ​ပေး​ဝေကြ​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment