Monday, May 7, 2018

မဒေးရေလှောင်တမံအေးမြရေကြည်မှသည် အောင်မြင်ဖြစ်ထွန်းနေသောနွေစပါးစိုက်ခင်းဆီသို့




မင်းဘူး                                                           မေ                                  
          နိုင်ငံတော်အစိုးရမှ နိုင်ငံတော်၏ အဓိကစီးပွားတိုးတက်ရန် ဒေသဖွံ့ဖြိုးရေးအတွက် စိုက်ပျိုးရေး ကဏ္ဍ တိုးတက်စေရန် စီမံကိန်းများချမှတ် အကောင်အထည်ဖော် ဆောင်ရွက်လျှက်ရှိရာ မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင် ၊ကံမ မြို့နယ် ၊ ပုသိမ်-မုံရွာ ကားလမ်းမကြီး အနောက်ဘက် (၃.၅) မိုင်အကွာ ၊ ကြို့ပင်ရွာ အနီး မဒေး ချောင်းအား ပိတ်၍ မဒေးရေလှောင်တမံကို တောင်သူလယ်သမားများ ဘဝမြင့်မားစေရန် ရည်ရွယ်၍ တည်ဆောက်ပေးခဲ့ပါသည်။ ၂၀၀၃-၀၄ ခုနှစ်တွင် စတင်တည် ဆောက်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ခုနှစ်တွင် ရေသောက် စနစ်တစ်ခုလုံး ပြီးစီးအောင်ခဲ့ပါသည်။ ယခုအခါ လက်ထောက်ညွှန်ကြားရေးမှူးရုံး ၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ မင်းဘူးမြို့မှ တာဝန်ယူ ထိန်းသိမ်းလျှက်ရှိပါသည်။
          မင်းဘူးမြို့၊ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးသန်းထွန်း မှ ရှင်းလင်းပြောကြားရာတွင် " မဒေးရေလှောင်တမံက မြေသားတမံအမျိုးအစားဖြစ်ပါတယ်။ ၂၀၁၃-၂၀၀၄  ခုနှစ်မှ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၄-၁၅ ခုနှစ်မှာ အလုံးစုံပြီးစီးခဲ့ပါတယ် ရေသောက်စနစ် တစ်ခုလုံးပေါ့။ တူမြောင်း မကြီးအလျား (၁၂.၁၂)မိုင်၊ လက်ဝဲမြောင်းအလျား (၈.၁၂)မိုင်၊ လက်ယာမြောင်းအလျား(၈.၁၂)မိုင်၊ မြောင်းခွဲ (၅၂)မြောင်းရှိပါတယ်၊ စီစစ်ပြီးရေသောက် ဧရိယာ (၂၆၅၄) ဧက ရှိပါတယ်၊ လက်ရှိ ကျွန်တော်တို့ ထိန်းသိမ်းချိန်မှာ ညွှန်ကြားရေးမှူးချုပ်နဲ့ ဌာနရဲ့ အဓိက ရည်မှန်းချက် တွေကို စေတနာအပြည့်နဲ့ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျှက်ရှိပါတယ် ။ ညွှန်ကြားရေးမှူးချုပ်ရဲ့ လမ်းညွှန်ချက်ဖြစ်တဲ့ " မိမိတာဝန်ယူဆောင်ရွက်နေသော လုပ်ငန်းအားလုံးသည် တောင်သူလယ်သမားများ၏ အကျိုးစီးပွားနှင့် အရေးကိစ္စအားလုံး အတွက် ဖြစ်သည်ကို အမြဲမှတ်ယူထားပါ" ဟူသော စေတနာစကားအတိုင်း လိုက်နာဆောင်ရွက်နေပါတယ် " ဟုပြောကြားသွားပါသည်။ တောင်သူလယ်သမားအကျိုးစီးပွား ၊ လူနေမှုဘဝမြင့်မားရေးအတွက် နိုင်ငံတော်ရဲ့ ဌာနရဲ့ စေတနာများကို အပြည့်အဝခံစားပြီး ပြည့်စုံသော ဘဝများ ဖြစ်လာစေရေး ဆည်မြောင်းနှင့် ရေအသုံးချမှုဦးစီးဌာန ဝန်ထမ်းများ မှလည်း တာဝန်ကို စေတနာမေတ္တာ များနှင့် ပေါင်းစပ်ကာ အစွမ်းကုန် ဖြည့်ဆည်းဆောင်ရွက်ပေးလျှက်ရှိပါသည်။ မဒေးတမံကို တာဝန်ယူထိန်းသိမ်းထားသော သရက်မြို့ ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီးမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးအရာရှိ ၊ ဦးဇော်လင်းမှ လည်း " အရင်မဒေးဆည်မရှိခင်က နွေရာသီမှာ ချောင်းရေကို သစ်ခက် ဆည်ပိတ် ရေသွင်းစိုက်ပျိုးရလို့ ခက်ခံပင်ပမ်းကြပါတယ်။ တောင်သူများအတွက် စေတနာထားပြီး မဒေးတမံ တည်ဆောင်ပြီး ရေသောက်စနစ်ဆောင်ရွက်နေသည့် ၂၀၀၆-၂၀၀၇ ခုနှစ် ကတည်းက နွေစပါဧက (၁၅၇) ဧက စိုက်ပျိုးခဲ့ပြီး လုပ်ငန်းအားလုံးဆောင်ရွက်ပြီးချိန်မှာ ပိုမိုတိုးတက် စိုက်ပျိုးလာနိုင်တာတွေ တွေ့ရှိရကြောင်း ယခုအခါ နွေစပါးကို (၂၀၂၅) ဧက ထိ တိုးတက်စိုက်ပျိုးလာနိုင်ကြောင်း " ရှင်းပြသွားပါသည်။
          ယခုနွေစပါးရာသီတွင် ၂၀၁၇-၂၀၁၈ ခုနှစ် မိုးရွာသွန်းမှု့အားကောင်းသောကြောင့် ရေပြည့်ဝ စွာသိုလှောင် နိုင်၍ မြောင်းဆုံးမြောင်းဖျားထိ ရေရရှိရေး ၊ စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်ရေးအတွက် အရှိန်အဟုန်ဖြင့် အချိန် မီ ပြီးစီးအောင် ပြုပြင်ဆောင်ရွက်ပေးနိုင်ခဲ့သောကြောင့် နွေစပါးလျာထား (၂၀၂၅) ဧက ကို ပြည်ဝစွာစိုက်ပျိုးနိုင် တော့မည်ဖြစ်ပါသည်။ မဒေးရေလှောင်တမံ အေးမြရေကြည်မှ သည် အောင်မြင်ဖြစ်ထွန်းနေသော နွေစပါး စိုက်ခင်းများ စိမ်းလန်းဝေဆာ တိုးတက်စိုက်ပျိုးနိုင်ပြီး တောင်သူများ၏ ပီတိအပြုံး၊ အပျော်ဖုံးလွမ်းသော မျက်နှာ၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အကြီးအကဲ ၊ ဝန်ထမ်းအဆင့်ဆင့် ၏ စေတနာတို့ဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလူနေမှုဘဝ မြင့်မားတိုးတက်ရေး မျှော်လင့်ချက်များအား စိမ်းလန်းသော နွေစပါးစိုက်ခင်း များဖြင့် အခိုင်အမာ ပေါ်လွင် ထင်ရှားနေပါကြောင်း သိရှိရပါသည်။
သန်းဌေး(မင်းဘူး)

0 comments:

Post a Comment