Wednesday, April 18, 2018

တူပျော်ရွှင်နွှဲမုန်ကုန်းကျေးရွာေ ယာ ချောင်းသာသင်္ကြန်ပွဲ


  ပေါက် ဧပြီ ၁၆
  မကွေးတိုင်းဒေသကြီး|ပေါက်မြို့နယ်  မုန်ကုန်းကျေးရွာ၌၂၀၁၈ခုနှစ်(၅)ကြိမ်    မြောက်ယောချောင်းသာမဟာသင်္ကြန် ပွဲတော်ကိုအဆိုပါကျေးရွာမြောက် ဘက်ယောချောင်းဘေးသဲသောင်ပြင်၌ရေကစားမဏ္ဍပ်ဆောက်လုပ်၍ကျေးရွာယိမ်းအကအဖွဲ့များနှင့်အလှည့်ကျ ဖျော်ဖြေကာရေကစားရေပက်သူများသူများနှင့်နေ့စဉ်စည်ကားလျှက်ရှိကြောင်း သိရသည်။

  အဆိုပါကျေးရွာသည်ယောချောင်းနှင့်  ကျောချောင်းပေါင်းဆုံသည့်ချောင်းနံ ဘေးကကျေးရွာဖြစ်ပြီးသင်္ကြန်တွင်းကာလ၌ရေကစားသူများခေတ္တနားခိုရန်အတွက်ရေကစားမဏ္ဍပ်ရှေ့ချောင်းပြင် နှင့်သဲသောင်ပြင်ပေါ်များတွင်ယာယီ အုန်းလက်များ|ငှက်ပျောပင်များ|သစ် ကိုင်းများစိုက်ထူထားပြီးအဆိုပါအရိပ် များအောက်တွင်ကွပ်ပစ်စင်များ ဆောက်လုပ်ပေးထားသဖြင့်ပေါက်မြို့ နယ်တွင်အခြားကျေးရွာများထက်သဘာဝကျကျထူးခြားစွာဆောင်ရွက် ထားရှိမှုကိုရေကစားသူများစိတ်ဝင်စားကာအနီးအနားရှိကျေးရွာများ|ပေါက်မြို့ပေါ်ရှိရေကစားသူများနှင့်အနယ်နယ်အရပ်ရပ်မှရေကစားသူများကမော် တော်ယာဉ်များ|မော်တော်ဆိုင်ကယ် များနှင့်လာရောက်ပျော်ရွှင်ရေကစားကြပြီးအထူးစည်ကားလျှက်ရှိသည်။
  အနယ်နယ်အရပ်ရပ်ကလာရောက်    ပျော်ရွှင်ရေကစားကြသူများကိုကျေးရွာ နေပြည်သူများကသဲသောင်ပြင်ပေါ်၌စတုဒီသာမဏ္ဍပ်ထိုး၍ထမင်းကြော်|မုန့်လုံးရေပေါ်နှင့်ကြာဇံဟင်းခါးများဖြင့် ကျွေးမွေးဧည့်ခံလျှက်ရှိကြောင်းသိရ သည်။
ကလောင်အမည်-ဉာဏ်တိုး(ပေါက်)

0 comments:

Post a Comment