Wednesday, April 18, 2018

နတ်​​မောက်​မြို့နယ်​လွှတ်​​တော် ​ရန်​ပုံ​ငွေ၊​ကျေးရွာပြည်​သူလူထုစု​ပေါင်း​ငွေဖြင့်​​ကျောက်​ခင်းလမ်းဖွင့်​လှစ်




နတ်​​မောက်​              ဧပြီ ၁၅


မ​ကွေးတိုင်း​ဒေသကြီးနတ်​​မောက်​မြို့နယ်​၌လွှတ်​​တော်​ရန်​ပုံ​ငွေ၊​ကျေးရွာပြည်​သူလူထုစု​ပေါင်း​ငွေဖြင့်​​ကျောက်​ခင်းလမ်းပြုလုပ်​မှုဖွင့်​ပွဲကိုဧပြီ၁၃ရက်​နံနက်​၉နာရီကနတ်​​မောက်​မြို့နယ်​စည်​သာ​ကျေးရွာအ၀င်​လမ်းဖွင့်​ပွဲကျင်းပခဲ့သည်​။
အခမ်းအနားတွင်​​ကျေးရွာရှိဆရာ​တော်​ကြီးများ၊ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​၊တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​၊မြို့နယ်​အုပ်​ချုပ်​​ရေးမှူး၊​ကျေးရွာလမ်း​ကော်​မတီဝင်​များနှင့်​​ကျေးရွာပြည်​သူများလမ်းဖွင့်​ပွဲအားတက်​​ရောက်​ခဲ့ကြသည်​။
နတ်​​မောက်​မြို့နယ်​စည်​သာ​ကျေးရွာလမ်းအရှည်​(၂၅၀၀)​ပေဖြစ်​ပြီးလွှတ်​​တော်​ရန်​ပုံ​ငွေသိန်း(၅၀)နှင့်​​ကျေးရွာပြည်​သူလူထုထည့်​ဝင်​​ငွေ(၁၅၈)သိန်းစုစု​ပေါင်း(၂၀၈)သိန်းကုန်​ကျခံခင်းကျင်း၍ဖွင့်​ပွဲပြုလုပ်​ခဲ့​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment