Thursday, April 5, 2018

ချောက်မြို့မှာ လွန်ခဲ့သော တစ်နှစ်ခွဲခန့်က အသတ်ခံရ၍ သေဆုံးသူ မိသု ဆိုသူ၏ (သူရဲ)ဝိညာဉ်က အိမ်ရှင်အမျိုးသမီးထံ ဝင်ရောက်ပူးပြီး ပြောပြရာမှ ရွှေထည်ပစ္စည်းများ ရှာဖွေတွေ့ရှိ၊ (ဖြစ်ရပ်မှန် မူခင်း သဲထိပ်ရင်ဖို ဇာတ်လမ်း အစ…….)


(ဖြစ်ရပ်မှန်  မူခင်း သဲထိပ်ရင်ဖို ဇာတ်လမ်း အစ…….)
 

ဧပြီ လ (၄) ရက်

မကွေးတိုင်းဒေသကြီး ချောက်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ နက (၁၅) အိမ်တွင် ဝိညာဉ် မှ ၄င်းနေအိမ်တွင် နေထိုင်သူ အမျိုးသမီးအား ဝင်ရောက်ပူးပြီး ပြောဆိုချက်များအတိုင်းရှာဖွေ ရာမှ ရွှေထည်ပစ္စည်းများအား ရှာဖွေတွေ့ရှိသည်ဟု ဒေသခံများ ပြောစကားအရသိရှိရသည်


ဖြစ်စဉ်မှာ

ဖေဖော်ဝါရီလ (၂၈) ရက်နေ့တွင် အဆိုပါ နက /၁၅ ရေနံတိုက်အိမ်လုံး သို့ စတင် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး  နေအိမ်သန့်ရှင်းရေးများနှင့် ခြံဝန်းသန်းရှင်းရေးများ ပြုလုပ်သည်။ ထိုသို့စတင်ပြောင်းရွေ့သော ရက်များတွင် တစုံတစ်ရာထူးခြားခြင်းများ မရှိခဲ့ခြင်း၊ ၄င်းအိမ်တွင် နေထိုင်သော ဗိုလ်ကြီး မိသားစုသည် ဘာသာရေးအလွန်းလိုက်စားသူများဖြစ်သည့်အတွက် နေအိမ်တွင်းရှိ ညောင် မှုတ်ဆိတ်ပင်အား အမွှေတိုင်းပူဇော်ခြင်းများကို ၄င်း၏ ဇနီးဖြစ်သူမှ အမွေးတိုင်ပူဇော်ခြင်းများ ပြုလုပ်လျှက်ရှိသည်ကို  မြင်တွေ့ရသည်ဟု ဒေသခံများမှ ပြောကြားသည်


'' ကျွန်တော်က အလုပ်ပင်ပန်းတော့ ညဘက်တွေအိပ်တယ်။ ကျွန်တော့်ဇနီးက ကလေးက ငယ်တော့ ညဘက်တွေမအိပ့်ဖြစ်ဘူး။ တစ်ခါတယံမှာ အသံတွေကြားတယ်။ ညောင်ရွက်ကြွေတာလား လေတိုက်လို့ဘဲ မှတ်ချက်ချ နေထိုင်လာခဲ့တာ၊ ဗုဒ္ဓဘာသာ သဘောအရ အိမ်တတ်ပြုလုပ်မယ် ဆုံးဖြတ်ပြီး ဧပြီလ (၂) ရက်ည (၇)နာရီမှာ ဦးမိုး (ခ) ဦးအောင်ကြည်မိုး ဦးဆောင်တဲ့ ဝတ်အသင်းကို အိမ် မှာ ဖိတ်ပြီး ပဋ္ဌာန်းရွက်ဖတ်တယ် '' လို့ ဗိုလ်ကြီး နေလင်းဦး (ငြိမ်း) အမှတ် (၂) ရေနံချက်စက်ရုံ လုံခြုံရေးနှင့် မီးသတ်ဌါန လုံခြုံရေး တာဝန်ခံမှ ပြောသည် ။


ဝတ်အသင်းဦးဆောင်သူ ဦးမိုး(ခ) ဦးအောင်ကြည်မိုး မှ ပြောကြားခဲ့သည်မှာ ၄င်းတို့ဝတ်သင်း ပဌာန်းရွက်ဖတ်ချိန် (၉း၃၀) နာရီခန့်တွင် ပန်းကန်တစ်ချပ်စကွဲခဲ့ကြောင်း ထို့နောက် ပဋ္ဌာန်းရွက်ဖတ်ပြီးသည့်အတွက် ၄င်း၏ ဝတ်သင်း အဖွဲ့သားများသည် ပြန်သွားခဲ့ပြီး ၄င်းမှ ယင်း နက/၁၅ တွင် ဆက်လက်ရှိနေချိန်တွင် နောက်ထပ် ပန်းကန် တစ်ချပ် ထပ်ကွဲခဲ့သည်။ ထိုနောက် ပန်ကန်အထပ်လိုက်ထားသော ပန်းကန်ချပ်များ ထပ်ကွဲသည့်အတွက် အဆိုပါ နက/၁၅ ဗိုလ်အိမ် တွင် ဆက်လက်နေထိုင်ခြင်း မပြုဘဲ ၄င်းနှင့်အတူ ဗိုလ်ကြီး မိသားစု လေး ဦးသည် အမှတ်(၂) ရေနံချက် စက်ရုံ ဧည့်ရိပ်သာ သို့ ပြောင်းရွှေ့ နေထိုင်သည် ဟု ဦးမိုး က ပြောသည် ။


နောက်နေ့ နံနက် ဧပြီလ (၃) ရက် ဗိုလ်ကြီးတို့ မိသားစုမှာ ဘာမှ ပါမလာသည့်အတွက် ဝတ်ဖို့ အဝတ်အစား မရှိတော့ ကျွန်တော်နဲ့ သွားယူဖြစ်သည်။ မနေ့က စားသောက်ခဲ့တဲ့ အိုခွက် ပန်းကန်တွေကို ဗိုလ်ကြီး ဇနီးက ဆေးသင့်တာဆေး လွှတ်ပြစ်သင့်တာ လွှတ်ပြစ်ကြောင်း ထိုနောက်တွင် ဗိုလ်ကြီး၏ ဇနီးသည်ကို (သူရဲ)ဝိညာဉ်က ဝင်ပူးသည်ဟု ၄င်းမှ ဆက်လက်ပြောကြားသည်။


ဗိုလ်ကြီး၏ ဇနီးဖြစ်သူ ဒေါ်လေပြေသွေးကို (သူရဲ) ဝိညာဉ် ဝင်ပူးပြောခဲ့သည် မှာ
'' ဒီအိမ်မှာ အသတ်ခံရတယ် ဆိုတဲ့အကြောင်း၊ သူမွန်းကြပ်နေသည့်အတွက် ဖော်ထုတ်ပေးပါ ဆိုတဲ့အကြောင်း၊ သူကို အိမ်သာတွင်းထဲမှာ မြှပ်ထားကြောင်း အမြန်ဆုံးတူးဖော် ပေးပါ '' လို့ ဝိညာဉ် ပြောခဲ့သည်ကို ဦးမိုးမှ ပြန်ပြောပြသည်။

၎င်း နက/၁၅ နေအိမ်တွင် နေထိုင်သူ ဗိုလ်ကြီး နေလင်းအောင်သည် ဝန်ထမ်းဖြစ်သည့်အတွက် ၄င်းတာဝန်ကျသော အမှတ်(၂) ရေနံချက် စက်ရုံမှူး အမှတ်(၁၄) အုပ်ချုပ်ရေးမှူး ဦးသန်းထိုက် ချောက်မြို့နယ် ရဲတပ်ဖွဲ့ထံသို့ ၄င်းနေခဲ့သော နက/၁၅ အိမ်၏ ဖြစ်စဉ်များကို ပြောပြပြီး နေအိမ်အား မသင်္ကာသဖြင့် ရှာဖွေမှုပြုလုပ်ပေးရန်ဧပြီလ (၄) ရက်နေ့ နံနက် (၁၀) နာရီချိန်ဆိုထားခဲ့ပြီး အကြောင်းကြားခဲ့ကြောင်း ဗိုလ်ကြီး နေလင်းဦး က ပြောသည် ။

ဦးမင်းသူဝဏ် (ဗိုလ်အိမ် အရာထမ်းအိမ်ယာကြီးကြပ်ရေး) မှ ပြောခဲ့သည်မှာ
 စက်ရုံမှ တာဝန်ရှိသူများ အမှတ်(၁၄) အုပ်ချုပ်ရေးမှူး နှင့် ရာအိမ်မှူးများ ရပ်ကွက်နေ ပြည်သူများ ပူပေါင်းပြီး ယင်းအိမ်ရှိ မိလ္လာကန်နှစ်လုံးအား စတင် တူးဖော်ရှာဖွေခဲ့သည်။ ထိုသို့ မိလ္လာကန် နှစ်လုံးအား တူးဖော်ရှာဖွေရာတွင် ဘာမျှတွေ့ရှိခဲ့ရခြင်း မရှိဘဲ မိန်းမစီး ဖိနပ်တစ်ရံသာ တွေ့ရှိခဲ့သည်။

ထိုအချိန်တွင် ဗိုလ်ကြီး၏ ဇနီးဖြစ်သူထံသို့ ထပ်မံ ဝိညာဉ်ဝင်ရောက်ပူးပြီး ပြောခဲ့သည်မှာ

'' သူ၏ လက်ဝတ်လက်စားများ ရှိသေးကြောင်း ပြောပါတယ်။ အသေးစိတ်သိရှိရန် မေးမြန်းခဲ့တယ်။ သူ၏ အမည်က မိသု ဖြစ်ပြီး ရန်ကုန် လှည်းတန်းတွင် နေထိုင်သူဖြစ်ကြောင်း၊ ပြည့်တန်ဆာ လုပ်သူဖြစ်ကြောင်း၊ သူအား အတင်းအဓမ္မ ခေါ်ဆောင်လာတယ်။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲ လောက်က အုပ်စုဖွဲ့ မဒိန်းကျင့်ပြီး ဓါးနဲ့ခုတ်ဖြတ် ခေါင်းအားထုပြီးသတ်ခဲ့ကြောင်း၊ မိသုရုပ်အလောင်းအား အိမ်သာကျင်းတွင် ထဲထားပြီး နောက် (၁၅) ရက် အကြာတွင် ဘောက်ဆာကားများဖြင့် သယ်ဆောင်သွားတယ်။ သူမ၏ ရုပ်အလောင်းအား အထုပ်လေးများစွာဖြင့် ထုတ်ယူသွားပြီး ရှမ်းပြည်နယ်ဘက်သို့ သယ်ဆောင်သွားကာ နေရာများစွာတွင် စွန်ပြစ်ခဲ့ကြောင်း၊ သူကို မဒိန်းကျင့်သွားသော အုပ်စုမှာ လူနှစ်ယောက်ကိုလည်း  သူတို့ကိုယ်တိုင် ကားနှင့် သတ်ခဲ့ကြောင်း၊ နောက်ထပ် ငါးယောက် ကျန်ရှိနေကြောင်း၊ ကားနှင့် တိုက်သတ်ပြစ်သည့်အထဲတွင် တစ်ယောက်မှာ ရန်ကုန် အင်းစိန် ပေါက်တောဝတွင် နေထိုင်သူဖြစ်ကြောင်းတို့ကို  '' ဝိညာဉ် ဝင်ပူးစဉ် ပြောပြခဲ့သည်ဟု ဦးမိုးမှ ပြောသည်။

ထိုနောက် ဝိညာဉ်ဝင်ပူးစဉ် သူမ၏ လက်ဝတ်လက်စားများအား လိုက်လံပြသပေးသော ဗိုလ်ထိုင်အိမ်သာ ဂေါက်ချက်ထဲမှ ရွှေဆွဲကြိုး တစ်ကုံး၊ သူမအား ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် မီးဖို အခန်းအတွင်းရှိ ဘွိုင်လာ ရှည်ရှည်အတွင်း မှ ဆွဲသီးတစ်ခ၊ု ရွှေနားကပ်တဖက်၊ လက်စွပ်တစ်ကွင်းတို့ တွေ့ရှိကြောင်း ဦးမိုးမှ ဆက်လက်ပြောသည်။

ထိုနောက် ၄င်းမှ ပန်းကန်များခွဲခဲ့သည့်အတွက် တောင်းပန်ခြင်း၊ မိသားစုမှာ ဘာသာရေး လုပ်ဆောင်သော မိသားစုဖြစ်သည့်အတွက် ဝင်ရောက်ပူးရာတွင် မလွယ်ကူကြောင်း၊ ဗိုလ်ကြီးမိသားစုအား ချစ်ခင်ကြောင်း မိသုတွင် ကလေးတစ်ယောက်ရှိခဲ့ပြီး ထိုကလေးသေဆုံးသွားမှ ပြစ်တန်ဆာအလုပ် လုပ်ခဲ့သည့်အတွက် အိမ်ရှင်မိသားစုမှ ကလေးငယ်များ ပါလာသည့်အတွက် ကလေးများကို ချစ်ခင်ကြောင်း မိသု အသတ်ခံရသည့် အမှုမှန် ပေါ်ပေါက် စေချင်သည့်အတွက် လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဝိညာဉ်ပူးချိန်တွင် ပြောပြခဲ့သည်ဟု ဦးမင်းသုဝဏ်မှ ဆက်လက်ပြောပြသည်။

'' ပိုင်ရှင်မဲ့ သိမ်းဆည်းထားတယ် ဆက်လက်စုံစမ်း သွားမယ်ပေါ့ '' ဟု ရဲမှူး အေးလွင် က ပြောသည်။ ၄င်းနေအိမ်မှ ရှာဖွေသိမ်းဆည်းနိုင်ခဲ့သည့် ရွှေထည်ပစ္စည်းများမှာ ကျောက် (အဖြူရောင်) ပါ ရွှေ ဆွဲသီးတစ်ခု ကျောက်အဖြူ (မြကျောက်) ပါ ရွှေ နားကပ် တစ်ဖက် ကျောက် (အဖြူ) ပါ လက်စွပ် တစ်ကွင်း၊ အလေးချိန် တစ်ကျပ်သား နှစ်ပဲ နှစ်ရွေး ရှိ ရွှေဆွဲကြိုး တစ်ကုံး တို့ကို သိမ်းဆည်းခဲ့ပြီး စုစုပေါင်း သက်သေပစ္စည်းများသည် (၁၂) ပဲရည် ဖြစ်ပြီး စုစုပေါင်းပစ္စည်း လေးမျိုး အလေးချိန် မှာ (၁) ကျပ်သား (၁၀) ပဲ (၉) ရွေးခန့်ရှိကြောင်းနှင့် ကတ္တီပါ မစီး အစိမ်းရောင် ဖိနပ် တစ်ဖက် တို့ကို သက်သေများရှေ့တွင် စစ်ဆေးတွေ့ရှိခဲ့သည်ဟု ချောက်မြို့မရဲစခန်း ထံမှ သိရှိရသည်။
 ဧပြီလ (၄) ရက် ညနေပိုင်းတွင် အဆိုပါ နက/ ၁၅ နေအိမ်သို့ သတ်သွားသောသူက ၄င်းအိမ်အား လာရောက် ကြည့်ရှုသည့်အတွက် အမှတ်(၂) ရေနံချက်စက်ရုံ ဧည်ရိပ်သာတွင် ခေတ္တပြောင်းရွေ့နေသည့် ဗိုလ်ကြီး နေလင်းဦး ၏ ဇနီးဖြစ်သူ ဒေါ်လေပြေသွေး ထံသို့ လာရောက် ပူးဝင်ပြီး '' ကျွန်မကို သတ်သွားတဲ့အထဲက လူတစ်ယောက် အိမ်ရှေ့ကို ရောက်နေတယ်။ ဒါကြောင့် လာပြီးပြောတာပါ ထိုလူ၏ မျက်နှာ မေ့စေ့တွင် မဲ့ပါတယ်။ မဲ့ပေါ်မှာ အမွေးတွေပါတယ်။ ဆိုင်ကယ် အနက်ရောင် စီးထားတယ်။ ခုချက်ခြင်းလိုက်ပေးပါ '' လို့ ဝိညာဉ် က ထပ်မံ ဝင်ပူးပြောဆိုသောကြောင့် ဗိုလ်ကြီး နှင့် ဇနီး ဝိညာဉ်ဝင်ပူးလျက် လိုက်သွားရာတွင် နက/၁၅ အိမ်ရှေ့တွင် မတွေ့တော့ဘဲ ၄င်းဝိညာဉ်က ဆက်လက်ပြောပြချက်ဖြင့် အနော်ရထာ တံတား မှတဆင့် ဆိပ်ဖြူမြို့ ဘောလုံးကွင်း လမ်းဆုံထောင့်အနီး ကောင်းချွန် အဆင့်မြင့် အထက်တန်းကျောင်းလမ်းကြားသို့ ဝင်ရောက်သွားကြောင်းနှင့် ထိုလမ်းကြား၏အဆုံးရှိ မှောင်ရိပ်သစ်ပင်အောက်တွင် '' သူတို့အဝတ်လဲနေတယ် သူတို့မှာ ဓါးတွေပါတယ် '' လို့ ဆက်လက်ပြောကြားသောကြောင့် ဆိပ်ဖြူမြို့မ ရဲတပ်ဖွဲ့မှူး ဘိုဘိုထွဋ်ထံသို့ ဖုန်းဖြင့် အကြောင်းကြား ဆက်သွယ်ခဲ့သည်။
 ထိုနောက် ဆိပ်ဖြူမြို့မရဲတပ်ဖွဲ့မှူး ဘိုဘိုထွဋ် စခန်းမှူး နှင့် အဖွဲ့ရောက်ရှိလာပြီး ထိုလမ်းကြားသို့သွားရောက်ရှာဖွေရာတွင် တွေ့ရှိခဲ့ခြင်း မရှိ ၄င်းအချိန်တွင် ဝိညာဉ်ပူးကပ်ခံနေရသူသည် ထိုလမ်းထိပ်တွင် ရှိနေပြီး ဆိုးရွာစွာ ဝိညာဉ်ပူးကပ်ခြင်းခံနေရသည့်အတွက် ဆိပ်ဖြူဒေသခံများမှ အထက်လမ်းဆရာ အဘကြီးတစ်ဦးကို ပင့်ဆောင်ပေးပြီး ထိုဆရာမှ ပူးကပ်နေသော ဝိညာဉ်ပူးကပ်နေခြင်းကို ထိုနေရာတွင် ထုတ်ပေးခဲ့သည်။ ထိုနောက် ဆိပ်ဖြူမြို့မ ရဲတပ်ဖွဲ့စခန်းမှူး ဗိုလ်ကြီးနှင့် အတူရဲတပ်ဖွဲ့ဝင်များ အထက်လမ်းဆရာ အဘကြီးတို့သည် ဗိုလ်ကြီး နေလင်းဦးတို့ မိသားစု ခေတ္တပြောင်းရွေ့နေထိုင်သော အမှတ်(၂) ရေနံချက် စက်ရုံ ဧည့်ရိပ်သာသို့ ည (၈) နာရီခန့်တွင် လိုက်လံပို့ဆောင်ပေးခဲ့ပြီး စခန်းမှူးတို့အဖွဲ့သည် ည(၉) နာရီခန့်တွင် ဆိပ်ဖြူမြို့သို့ပြန်လည်ထွက်ခွါ ခဲ့သည်။
 အဆိုပါ နက/၁၅ (ရေနံတိုက် အိမ်ခြံဝန်း) သည် ဆီဘောက်ဆာ ကားသမားများ ယခင်နှစ်များက နေထိုင်ခဲ့ကြောင်း ဒေသခံပြောများက ပြောဆိုကြသည်။
သတင်းထောက်- ရဲနောင်

0 comments:

Post a Comment