Tuesday, April 3, 2018

ချောက် ရေနံမြေ သခင်ဘိုးလှကြီး ကြေးရုပ် မေဒေး ကျောက်တိုင် ရင်ပြင် လွှဲပြောင်းပေးခြင်း နှင့် ရင်ပြင်ထိန်းသိမ်းရေးကော်မတီအသစ်ပြန်လည်ဖွဲ့စည်း




မတ်လ (၃၁) ရက် ချောက်မြို့

မကွေးတိုင်းဒေသကြီး ချောက်မြို့ ရေနံဆေးရုံရှေ့တွင် စိုက်ထူထားသော ရေနံမြေသခင်ဘိုးလှကြီးကြေးရုပ် မေဒေးကျောက်တိုင် ရင်ပြင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို မတ်လ(၃၁) ရက် နေလည် (၃) နာရီတွင် အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်းမတွင် ကျင်းပပြုလုပ်သည်


အဆိုပါ ပေးအပ်ပွဲအခမ်းအနားသည် ၁၃၀၀ ပြည့် ရေနံမြေ သခင်ဘိုလှကြီး (၇၅) နှစ်မြှောက် စိန်ရတု ဖြစ်မြောက်ရေးကော်မတီမှ ချောက်မြို့နယ် စည်ပင်သာယာရေး အဖွဲ့နှင့် ရေနံမြေ အလုပ်သမား သမ္မ္မဂ ထံသို့ လွဲပြောင်းပေးအပ်ခြင်းဖြစ်သည်ဟု အမှုဆောင်အရာရှိ ဦးနေမန်း (စည်ပင်) မှပြောသည်

ချောက်မြို့တွင်သခင်ဘိုးလှကြီးကြေးရုပ်ထုဖွင့်ပွဲလှစ်ပြီး (၅) နှစ်ခန့်ကြာပြီဖြစ်သော်လည်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့သိွုဲ့သို့ လွဲပြောင်းပေးအပ်ခြင်းမရှိသဖြင့် ကြေးရုပ်ရေရည် တည်တံ့ထိမ်းသိမ်းရေးအတွက် မြို့လူထု ဆန္ဒနှင့် တရားဝင်လွဲပြောင်းပေးရန် တင်ပြလာမှုအား မကွေးတိုင်းအစိုးရအဖွဲ့မှ  ချောက်မြို့ သခင်ဘိုးလှကြီးရုပ်အား စည်ပင်သာယာရေးအဖွဲ့သိွုဲ့သို့ လွဲပြောင်းပေးအပ်ရန် သဘောတူခွင့်ပြုသည်ဟု ယင်းရုံးထံမှသိရှိရသည်

''၂၀၁၃ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုအခမ်းအနား ကျင်းပနိုင်ရန် အတွက် မေဒေးကျောက်တိုင်ရင်ပြင် အား ပြန်လည်ပြုပြင် မွမ်းမံခဲ့တယ် ပြုပြင် မွန်းမံမှုတွင် ၁၃၀၀ ပြည့် ရေနံမြေ သခင်ဘိုးလှကြီး ကြေးရုပ်အား ယင်းရင်ပြင်တွင် စိုက်ထူပြီး ထိုအချိန်မှစတင် သခင်ဘိုးလှကြီးကြေးရုပ်ထု နှင့် မေဒေးကျောက်တိုင်ရင်ပြင်အား စိန်ရတုဖြစ်မြောက်ရေး ကော်မတီက ယနေ့အချိန်ထိ ထိမ်းသိမ်းစောင့်ရှောက်တယ် '' လို ဥက္ကဌ ဦးညိုသွေး (၁၃၀၀ပြည့်အရေးတော်ပုံ (၇၅) နှစ်ပြည့် စိန်ရတုဖြစ်မြောက်ရေးကော်တမတီ) က ပြောသည်


ယင်းအခမ်းအနားတွင် မေဒေးကျောက်တိုင်ရင်ပြင်ထိမ်းသိန်းရေးကော်မတီအသစ် ပြန်လည်ဖွဲ့စည်ရန် အမည်စာရင်းတင်သွင်သည်

အဆိုပါလွဲပြောင်းပေးအပ်ပွဲတွင် ပြည်သူလွှတ်တော် ကိုယ်စလှယ် ဦးဘိုးကြီး အမျိုးသားလွှတ်တော်ကိုယ်စလှယ် ဦးခင်ဝင်း ဥက္ကဌ ဦးညိုသွေး (စိန်ရတုဖြစ်မြောက်ရေးကော်မတီ) နှင့် အဖွဲ့ အထွေးထွေအုပ်ရေးမှူး ဦးကျော်ဆွေဝင်း အမှုဆောင်အရာရှိ ဦးနေမန်း ဥက္ကဌ ဦးကျော်ဝင်း (စည်ပင်သာယာရေးကော်မတီ) ရေနံမြေ အလုပ်သမား သမ္မဂ အဖွဲ့ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း မြိှု့ပေါ်ရှိ ပရဟိတ အဖွဲ့ ပေါင်းစုံ တတ်ရောက်ခဲ့သည်။
ရဲနောင်

0 comments:

Post a Comment