Saturday, April 28, 2018

ဆိပ်ဖြူမြို့နယ်တွင် လူရည်ချွန်ဆုရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြု



ဆိပ်ဖြူ   ဧပြီ   ၂၄
               မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် လူရည်ချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပညာရေးမှူးရုံးခန်းမ၌ ဧပြီ လ ၊ ၂၄ ရက်နေ့ နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ် သည်။
               ဂုဏ်ပြုပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်သောင်းသောင်းဌေးက အမှာစကားပြောကြားရာတွင် လူရည်ချွန် ကျောင်းသား/သူများအား မြို့နယ်အတွက် ရွေးချယ်မှုများနှင့် အမှတ်ပေးစည်းမျဉ်းများအား ကြွရောက်လာကြသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ၊ မိဘများအား နားလည်သဘောပေါက်အောင်ရှင်းလင်း ပြောကြားပြီး နှစ်စဉ်မိမိတို့မြို့၏ဂုဏ်ကိုမြှင့်တင်ကြစေလိုကြောင်း၊ ယခုရပ်တည်နေမှုထက်လည်းမကျစေလိုကြောင်း၊ မိမိတို့မြို့နယ်၏ဂုဏ်ကိုမြှင့်တင်ရာတွင် ဆရာ/မများနှင့် မိဘပြည်သူများက တွန်းအားပေးပြီး ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း၊ ကျောင်းသား၊ကျောင်းသူမျာကလည်း မိမိတို့ကိုယ်တိုင်ကြိုးစားရယူကြရမှာဖြစ်ကြောင်း ပြောကြား သည်။
               ဆက်လက်ပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ပညာရေးဌာနမှ မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးတို့က လူရည်ချွန်ဆုရကျောင်းသူ (၃) ဦး ဖြစ်သည့် မစောစန္ဒီလင်း (ဒသမတန်း)၊ မချမ်းမြေ့ကြည်သာ (နဝမတန်း)၊ မဖူးပြည့်ပြည့်သော် (အဋ္ဌမတန်း) တို့အား ဂုဏ်ပြုဆု များ အသီးသီးပေးအပ်ကြကြောင်း သိရှိရသည်။


                                                                                                           ကိုမျိုး (ယောဧရာ)

0 comments:

Post a Comment