Wednesday, April 18, 2018

ယခုနှစ်​သင်္ကြန်​ဒုလ္လဘ၀တ်​သူပို မိုများပြား



နတ်​​မောက်​                ဧပြီ၁၇


၁၃၈၀ခုနှစ်​အတာသင်္ကြန်​ကာလသင်္ကြန်​အကြို​နေ့မတိုင်​မီကတည်းကနတ်​​မောက်​မြို့ရှိဘုန်း​တော်​ကြီး​ကျောင်းများနှင့်​မဟာစည်​သာသနာ့ရိပ်​သာတို့တွင်​လူငယ်​လူရွယ်​အများအပြားဒုလ္လဘရဟန်းဝတ်​သူများပြား​ကြောင်းသိရသည်​။နှစ်​ဆန်း(၁)ရက်​​နေ့နံနက်​ပိုင်းတွင်​နတ်​​မောက်​မြို့ဒီပင်္ကရာ​ကျောင်းတိုက်​မှ​နေ၍မြို့​ပေါ်ရှိဘုန်း​တော်​ကြီး​ကျောင်းများမှဆရာ​တော်​ကြီးများနှင့်​ဒုလ္လဘ၀တ်​ရဟန်းအပါးစုစု​ပေါင်း(၅၈၇)ပါးအားနတ်​​မောက်​မြို့လယ်​​ခေါင်​လမ်းမကြီးသို့ဆွမ်းဆန်​စိမ်းခံကြွ​တော်​မှုရာမြို့​နေလူထုများကသဒ္ဓါ တရားပြည့်​ဖြိုးစွာဆွမ်းဆန်​စိမ်း​လောင်းလှူခဲ့ကြ​ကြောင်းသိရသည်​။
လှဝင်း(နတ်​​မောက်​)

0 comments:

Post a Comment